သိန်း ၂ဝဝ ကျော်တန် ရွှေထိုင်မသိမ်းကို ချုပ်လုပ်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

သိန်း ၂ဝဝ ကျော်တန် ရွှေထိုင်မသိမ်းကို ချုပ်လုပ်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး
February 17, 2017 Asian Fame
သိန်း ၂ဝဝ ကျော်တန် ရွှေထိုင်မသိမ်းကို ချုပ်လုပ်နေတဲ့ ဒီဇိုင်နာ မျိုးမင်းစိုး

Myo-Minn-Soeရွှေသားထည် မြန်မာဝတ်စုံများ ကို လှပစွာ ဖန်တီး ချုပ်လုပ်လေ့ရှိတဲ့ ဒီဇိုင်နာ မျိုးမင်းစိုးက အခုတစ်ခါမှာ လည်း မြန်မာ့ရိုးရာ အတိုင်း ရွှေ ထိုင်မသိမ်း တစ်ထည်ကို ချုပ်လုပ်နေ တယ်လို့ သိရပါတယ်။ ရွှေဝတ်စုံ တော်တော် များများကို ချုပ်ခဲ့ဖူးပေ မယ့် ရွှေထိုင်မသိမ်း ကတော့ ပထမ ဆုံး ချုပ်လုပ်ခြင်းပါလို့ မျိုးမင်းစိုး က ပြောပါတယ်။ ဖန်တီး ချုပ်လုပ်နေတဲ့ ဒီဝတ်စုံနဲ့ ပတ်သက်ပြီး..

“ကျွန်တော် ဒီထိုင်မသိမ်းလေး ကို နန်းဆန်ဆန်လေးပဲ ဖန်တီးသွား မှာပါ။ ရွှေဝတ်စုံ တော်တော်များများ ကို ကျွန်တော် ချုပ်ဖူးပါတယ်။ ရွှေ ထိုင်မသိမ်း ကတော့ ပထမဆုံးပါပဲ။ နှင်းဆီ အဝါနဲ့ပေါင်းပြီး တွဲဆက်သွား မှာပါ။ ဒီဝတ်စုံအတွက် ရွှေသုံးဆယ် သားလောက် အသုံးပြုသွားမှာပါ။ Accessories တွေကအစ ရွှေတွေ နဲ့ပဲ လုပ်ပစ်လိုက်ပါတယ်။ သိန်း ၂ဝဝ ကျော်ကျော်လောက် ရှိမယ် ထင်ပါတယ်။ ဒီဝတ်စုံလေး ကို ရှေးမူ မပျက်လေး ချုပ်သွားမှာပါ” လို့ မျိုးမင်းစိုးက ပြောပါတယ်။ တန်ဖိုး ငွေ သိန်းပေါင်းများစွာ ကျသင့်တဲ့ ရွှေဝတ်စုံ၊ စိန်ပုဝါများ ဖန်တီးတဲ့ အခါ အစပိုင်းမှာ အခက်အခဲများ ရှိခဲ့တယ်လို့ မျိုးမင်းစိုးက ဆိုပါတယ်။ လက်ရှိ အချိန်မှာ ရွှေဝတ်စုံ ၇ စုံ၊ ၈ စုံခန့် ချုပ်လုပ် ပြီးစီးခဲ့ပြီးဖြစ်ပါ တယ်။ ဒီဇိုင်နာ မျိုးမင်းစိုးက ဖေဖော်ဝါရီလ မှာ ကျင်းပပြုလုပ်မယ့် သရုပ်ဆောင် မြင့်မြတ်တို့ မင်္ဂလာပွဲ အတွက်လည်း လွန်းရာကျော်ချိတ် ကို အဝါဘက်နွှယ် တဲ့ ဒီဇိုင်း အရောင်များနဲ့ ချုပ်လုပ် သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*