မိဘနဲ့ သားသမီးကြား က သံယောဇဉ်၊ မေတ္တာတရားတွေ ကို ပြောပြလာတဲ့ မေဆွိ

မိဘနဲ့ သားသမီးကြား က သံယောဇဉ်၊ မေတ္တာတရားတွေ ကို ပြောပြလာတဲ့ မေဆွိ
February 17, 2017 Asian Fame
မိဘနဲ့ သားသမီးကြား က သံယောဇဉ်၊ မေတ္တာတရားတွေ ကို ပြောပြလာတဲ့ မေဆွိ

_AKL0009မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင်က လက်ရှိအချိန်မှာ ကလေးလေး တစ်ယောက် လိုဖြစ်နေပြီး ညီအစ်မတွေ အားလုံးက အရိပ် တကြည့်ကြည့်နဲ့ ကြည့်ရှုနေ ရကြောင်း တေးသံရှင် မေဆွိ ကပြောပါတယ်။ ဘဝရဲ့ အသက်အရွယ် အစိတ်အပိုင်း တော်တော်များများမှာ မိဘနဲ့နေထိုင်ပြီး ပြုစုစောင့်ရှောက်ခွင့် ရတာလည်း မင်္ဂလာ တစ်ပါးပါပဲ။ အန်တီ ဒေါ်မြင့်မြင့်ခင် နဲ့ ပတ်သက်ပြီး မေဆွိက…

အမေက အသက်၈၂နှစ် ဖြစ်သွားပါပြီ။ ၈၂နှစ်ဖြစ် တဲ့အတွက်ကြောင့် မို့လို့ အမေက တစ်ခါတစ်ခါ ကျလို့ရှိ ရင်ကလေးဆန်တယ်။ သူက စိတ်မြန်တယ်။ သူဖြစ်ချင်တာ၊ သူလုပ်ချင်တာ ရှိရင်သူလုပ်တယ်ပေါ့။ အန်တီဆွေ တို့က အခုချိန်မှာ သူ့ကိုအလို လိုက်ပေးရတယ်။ ဘာပဲဖြစ်ဖြစ် သူ လုပ်ချင်တာ ရှိရင် ဘေးနားကနေ ဝိုင်းဝိုင်းဝန်းဝန်း နဲ့ လုပ်စရာ ရှိတာကို ပေးလုပ်လိုက်ကြတယ်။ အန်တီဆွေ တင်မဟုတ်ပါ ဘူး။ ကျန်တဲ့ ညီအစ်မတွေ အကုန်လုံးကပါ သူ့ရဲ့လိုအပ် ချက်တွေကို အကုန်လုံး ဝိုင်းဝန်းကြည့်ရှုပြီးတော့ သူ့ကို က လေးလေး တစ်ယောက်လို ကြည့်ပေးနေရတာပေါ့” လို့ မိခင် ဖြစ်သူအကြောင်းကို ပြောပြပါတယ်။

မိမိကိုယ်တိုင် လည်း အသက် အရွယ် တစ်ခုရလာသလို မိခင်ကို လည်း အနီးကပ် စောင့်ရှောက်နေရတဲ့ မေဆွိက သူမ ရဲ့ပရိသတ်တွေကို လည်း စကားလက်ဆောင် တစ်ခုပါးလိုက် ပါသေးတယ်။ အဲဒါက “အမေ နဲ့ကတော့ အရင်တုန်းက သူက ကိုယ့်ကို ကြည့်ရှုပေးခဲ့တာပေါ့။ အခုကျတော့ ကိုယ်က သူ့ကို ကြည့်ရှုပေးရမယ့် အချိန် ပြန်ရောက်လာပါပြီ။ ဘယ်မိဘ ကိုမဆို ဒီအသက်အရွယ် ရောက်လာတဲ့အခါကျ လို့ရှိရင် သား သမီးတွေက ကြည့်ရှုနိုင်လိမ့်မယ် လို့ အန်တီဆွေ လည်း အား လုံးကို မျှော်လင့်ပါတယ်။ မိဘကို ကြည့်ရှုနိုင်တဲ့ သားသမီးဟာ ဘယ်တော့မှ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ မဖြစ်ဘူးဆိုတာ အန်တီ ဆွေ ယုံပါတယ်။ ဒါကြောင့်မို့လို့ အားလုံးကိုလည်း အန်တီဆွေ မှာချင်ပါတယ်။ အသက်ကြီးလာတဲ့ မိဘတွေကို အချိန်ပေးပြီး တော့ သူတို့စကားတွေကို နားထောင်ပါ။ သူ တို့လုပ်ချင်တာ တွေကို ဖြည့်ဆည်းပေးပါ။ ဒါဟာသူတို့ကို ချစ်ရာ ရောက်ပါ တယ်” လို့မေဆွိက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*