မင်းသားလို့ မမြင်ဘဲ သရုပ်ဆောင် တစ်ယောက်လို့ပဲ မြင်စေချင်ကြောင်း ကျော်ကျော်ဗို ဖွင့်ဟ

မင်းသားလို့ မမြင်ဘဲ သရုပ်ဆောင် တစ်ယောက်လို့ပဲ မြင်စေချင်ကြောင်း ကျော်ကျော်ဗို ဖွင့်ဟ
February 17, 2017 Asian Fame
မင်းသားလို့ မမြင်ဘဲ သရုပ်ဆောင် တစ်ယောက်လို့ပဲ မြင်စေချင်ကြောင်း ကျော်ကျော်ဗို ဖွင့်ဟ

Kyaw-Kyaw-Boသရုပ်ဆောင် ကျော်ကျော်ဗိုက ဒါရိုက်တာ မီးပွား ရိုက် ကူးတဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားထဲမှာ ဆိုးသွမ်းတဲ့ သူဌေးသား နေရာက ပါဝင် သရုပ်ဆောင် ထားပြီး ကာရိုက် တာ ပီပြင်အောင် ဆံပင်အရှည် ဆက်ခဲ့တဲ့အပြင် Dread-locks ဆံပင်ပုံစံ ပြုလုပ်ခဲ့ပါတယ်။ ဆံပင်ရှည်ပုံစံနဲ့ ဇာတ် ကား ၃ကားခန့် ရိုက်ကူး ပြီးစီးခဲ့ပြီး ဒီလို ဆံပင်ရှည် ထားဖို့ အကြံရလာတာ နဲ့ ပတ်သက်လို့ ကျော်ကျော်ဗိုက..

“ဒီဆံပင်စတိုင်က ပထမဆုံး “ရွှေမင်းသမီး” ဇာတ်ကား အတွက် Dreadlocks ပုံစံလို လုပ်ထားတာပါ။ ဒီဇာတ် ကားမှာက ယောက္ခမနဲ့ အဆင်မပြေတဲ့ သမက်၊ တော်တော် ဆိုးတဲ့ သူဌေးသား နေရာက သရုပ်ဆောင်ရတယ်။ အဲဒါ ကြောင့်မို့ ဒီလို ဆံပင်ပုံစံမျိုး လုပ်ဖြစ်တာပါ။ ကျွန်တော် ဆယ်ကျော်သက် လောက်ကတည်းက ဆံပင်ရှည်ထားပြီး Rocker လိုနေရတာ ကြိုက်တယ်။ ဆံပင်တို ညှပ်ပြီးတော့ ဆံပင်ပြန်ရှည် ဖို့လည်း စိတ်မရှည်တာနဲ့ ဇာတ်ကား ရိုက်ကူး ရတာနဲ့ အရင်က ဆံပင်ရှည် နဲ့ဆိုရင် ဆင်ဆာမပေးတာတွေ ကြောင့် ထားချင်ရင်လည်း မထားခဲ့ တာပါ။ ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန် ကြည့်တော့ ဒီဆံပင် ပုံစံမျိုးကို ကြိုက်ပါတယ်။ Dreadlocks ကလည်း နှစ်ကားလောက် ရိုက်ကူးပြီးပြီဆို တော့ ခေါင်းလေးတာနဲ့ ပြန်ဖြည်ချ လိုက်တယ်။ အရှည်ဖြစ် သွားရော။ ဆံပင် ရှည်နဲ့ ဇာတ်ကား ၃ ကားလောက် တော့ ရိုက်ကူးထားတယ်။ တစ်ကား နဲ့တစ်ကား ဆံပင်အရှည် ပုံစံချင်းတော့ မတူပါဘူး” လို့ ပြောပါတယ်။

ကျော်ကျော်ဗိုက ဇာတ်ကား ရိုက်ကူး ပြီးရင်တော့ ဆံပင်တိုပြန်ထား သွားမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ လည်း ဇာတ်လမ်း ကာရိုက်တာနဲ့ညီအောင် လိုအပ်တဲ့ အပြင်အဆင်များ ကို ပြုလုပ် သွားမှာဖြစ်ပြီး မင်းသား ထက် သရုပ်ဆောင်လို့ပဲ မြင်စေချင်တယ် လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

“ကျွန်တော်က အပြင်မှာ ကျော်ကျော်ဗို ပါပဲ။ ရုပ်ရှင်ဇာတ်ကား ထဲမှာ ဇာတ်ကောင် တစ်ယောက်ပဲ ဖြစ်ရမယ်။ မင်းသားလို့ မမြင်ဘဲနဲ့ သရုပ်ဆောင် တစ်ယောက်လို့ပဲ မြင်စေချင်တယ်။ ဒါမှ အနု ပညာတွေလည်း အောင်မြင်မယ်၊ လောက အရလည်း ဖွံ့ဖြိုး တိုးတက်လာမယ် လို့ ယုံကြည် ထားပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။

မြတ်မိုးပွင့်၊
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*