ရဲရင့်အောင်ရဲ့ သီချင်းသစ် အပေါ် ပရိသတ် စိတ်ဝင်စားမှု များပြား

ရဲရင့်အောင်ရဲ့ သီချင်းသစ် အပေါ် ပရိသတ် စိတ်ဝင်စားမှု များပြား
February 7, 2017 Asian Fame
ရဲရင့်အောင်ရဲ့ သီချင်းသစ် အပေါ် ပရိသတ် စိတ်ဝင်စားမှု များပြား

YE-YINT-AUNG-(2)အဆိုတော် ရဲရင့်အောင်ရဲ့ “ဒီလောက်နဲ့ပဲကျေနပ်ပါတယ်” ဆိုတဲ့ သီချင်းအသစ် တစ်ပုဒ်ကို V7 Entertainment ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့က အွန်လိုင်းပေါ် တင်ပေးခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု နဲ့ အတူ အားပေးမှုတွေလည်း အတော်များခဲ့တာ တွေ့ရပါတယ်။ Ve Ve 20th Anniversary အခွေထွက်ပြီး ကတည်းက သီချင်းသစ် မထွက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရဲရင့်အောင် အနေနဲ့ သီချင်းသစ် တစ်ပုဒ် ထွက်တိုင်း တစ်ပုဒ်ဆို ဆိုသလောက် ခံစားမှုရသ များစွာပေးစွမ်း နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်ရဲ့ facebookစာမျက်နှာတွေ ထက်မှာလည်း ရဲရင့်အောင်ရဲ့ “ဒီလောက်နဲ့ပဲကျေနပ်ပါတယ်” သီချင်းစာသားတွေနဲ့ နှစ်နှစ် ခြိုက်ခြိုက် နားဆင်နေကြတှဲ့Status တွေကလည်း ဒုနဲ့ဒေး ပါ။ V7 Entertainment ရဲ့ Page မှာလည်း ရဲရင့်အောင်ရဲ့သီချင်းကို ဝင်ရောက် ကြည့်ရှုသူ ၁ဝသိန်းကျော်သွား ခဲ့ပြီဖြစ်ပါတယ်။ ၂ဝ၁၇မှာ သီချင်း သစ်တွေ ထွက်လာဖို့ရှိတယ်လို့ Ve Ve အခွေ စာနယ်ဇင်းပွဲမှာ အင်တာဗျူး ခဲ့စဉ်က ရဲရင့်အောင် ကပြောပြခဲ့ဖူး ပါတယ်။

“ကျွန်တော့်ဆီမှာ သီချင်းနဲ့ ပတ်သက်တဲ့ အရာတွေပဲ ရှိပါတယ်။ ကျွန်တော် တစ်ခုခု ပြောင်းပစ်ချင်တယ်။ ကျွန်တော့်သီချင်း နားထောင် တဲ့ ပရိသတ်တွေရဲ့ ခံစားချက် တွေကိုလည်း ပြောင်းပစ် လိုက်ချင်တယ်။ အဲဒီ အတွက် ကျွန်တော် အလုပ်များများ လုပ်မှရမယ်။ အဲဒါကြောင့် ကျွန်တော် သီချင်းတွေ အသားကုန်ရေး ဖြစ်နေတယ်”လို့ သူကပြောပြခဲ့ပါတယ်။ “ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်” သီချင်း ကို တေးရေး/တေးဆို – ရဲရင့်အောင်၊ ဒါရိုက်တာ – အောင်မြတ်၊ ဧည့်သည် သရုပ်ဆောင် – နန်းချစ်ခွန်းချို တို့နဲ့ V7 Entertainment  က ထုတ်လုပ်ခြင်းဖြစ်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*