ရုပ်ရှင်ချစ်ပရိသတ်ရဲ့အပြောမခံရအောင် လွှမ်းပိုင် ဘယ်လိုကြိုးစားမလဲ

ရုပ်ရှင်ချစ်ပရိသတ်ရဲ့အပြောမခံရအောင် လွှမ်းပိုင် ဘယ်လိုကြိုးစားမလဲ
February 6, 2017 Asian Fame
ရုပ်ရှင်ချစ်ပရိသတ်ရဲ့အပြောမခံရအောင် လွှမ်းပိုင် ဘယ်လိုကြိုးစားမလဲ

MIN_2858 copy

ရိုက်ကူးနေတာ ၁ဝ ရက်လောက် ရှိပြီဖြစ်တဲ့ ‘ကိုယ်စောင့်နတ်’ ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းတစ်နေရာကို လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အိမ်ရာမှာ တည်နေပြီး အဲဒီနေ့က သွားရောက် သတင်းယူဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းက အဆိုတော် လွှမ်းပိုင်ဖြစ်ပြီး အဓိက သရုပ်ဆောင် နေရာမှာလည်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပါ။

လွှမ်းပိုင်သရုပ်ဆောင်တဲ့ ဇာတ်ကားလေးတွေက သမားရိုးကျ ဇာတ် ကွက်တွေကိုမှ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေတာတွေ့ရပါတယ်။ အခုခေတ်မှာ ကလည်း မြန်မာဇာတ်ကားတွေဆို ပရိသတ်တွေက ဝေဖန်မှုဂယက် တွေရှိနေပြန်တော့ ကိုယ့်ရဲ့ဇာတ်ကားတွေကိုလည်း အဲဒီ လို ဝေဖန်မှုလေးတွေ အပြောမခံရအောင် လွှမ်းပိုင်ဘယ်လို ကြိုးစားနေလဲလို့ မေးဖြစ်တဲ့အခါ..

“အပြောမခံရအောင် ဘယ်လိုမျိုးကြိုးစားလဲဆို တော့ အမ်တီဗီ ရိုက်ကူးတာထက်တော့ ဒါကပိုများတယ် ပေါ့နော်။ ဒါပေမဲ့ အမ်တီဗီ ရိုက်ကူးတဲ့ဟာမျိုးပါပဲ။ အမ်တီဗီရိုက်ကူးတဲ့အခါကျရင်လည်း လျှော်ရိုက်လိုက် လို့ရတာမျိုးတွေရှိတယ်။ အတည်ရိုက်ကူးရင်လည်း   ဖြစ် တယ်။ ကျွန်တော်တို့က ဒီဇာတ်ကားကို အဲဒီ အတိုင်းပဲ။ အမ်တီဗီရိုက်ကူးသလိုပဲ မလျှော်ထား ဘူး၊ မခိုထားဘူး။ တကယ်ကို ဇာတ်ဝင်ခန်း တစ်ခု အသက်ဝင်အောင် ဘာတွေလိုအပ်သလဲ၊ လို အပ်တဲ့အရာတွေမှန်သမျှ ကျွန်တော်တို့အားလုံး ဖြစ်အောင်လို့ ဖြည့်ဆည်းပြီးတော့ လုပ်တယ်။ အဲဒီလိုမျိုးကျမှ ကြည့်ရတဲ့သူတွေလည်းFeel  လာ မှာလေ။ အရင်တုန်းက ကျွန်တော်တို့ မြန်မာရုပ်ရှင် တွေလည်း အဲဒီအတိုင်း ပဲ ရိုက်ကူးခဲ့ကြတာ။ တကယ့်ကိုReality နဲ့ အနီးစပ် ဆုံးဖြစ်အောင်လို့ အတတ် နိုင်ဆုံးဖန်တီးထားတယ်။ တကယ် လည်း အတတ်နိုင် ဆုံးပါ။ ဒီ့ထက်လည်း ကျွန်တော်တို့လုပ်လို့ မရတော့ဘူး။ အဲဒီလောက်အထိ လုပ်ထားပါတယ်” လို့ လွှမ်းပိုင် ကပြောပါတယ်။ သူက ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးမှုကို ပိုမိုနှစ်သက်နေပြီး သူ့ဇာတ်ကားတွေ ထွက်လာတဲ့အခါ ပုံစံ တစ်မျိုး တစ်ဘာသာ ကွဲထွက်နေဖို့ လည်း မျှော်လင့်နေပါတယ်။

“မျှော်လင့်တာကတော့ ဒီဇာတ်ကားပေါ့နော်။ ဒီဇာတ်ကားကို ဘာလို့ မျှော်လင့်လဲဆိုတော့ ဒီဇာတ်ကားပြီးသွားရင် ကျွန်တော် နောက် ထပ်လုပ်မယ့်ဟာတွေ စဉ်းစားထားတာ ရှိသေးတယ်။ ဒီဇာတ်ကားရဲ့ တင်ဆက်မှုမျိုးကို ပရိသတ်က လက်ခံတယ်။ ကြိုက်တယ်ဆို လို့ရှိရင် နောက်ထပ် စဉ်းစားထားတာလေး တစ်ခု ကို ထပ်ပြီးလုပ်လို့ရမှာပေါ့နော်။ အဲဒါကြောင့် ဒီဇာတ်ကားကို ကြိုးစားပြီးလုပ်နေတယ်။ ဒါပေမဲ့ ၂ဝ၁၇ ခုနှစ်ထဲမှာ ကျွန်တော် ရိုက်ကူးထားတဲ့ ရှေ့ကဇာတ်ကားတွေလည်း ရှိသေးတယ်လေ။ ‘ကြွေ’ တို့၊ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’ တို့၊ ‘ရပ်ကျော်ရွာကျော်’ တို့ အဲဒီ ဇာတ်ကားတွေလည်း တက်ဖို့ရှိသေးတယ်ဆိုတော့ ၂ဝ၁၇ ခုနှစ် ထဲမှာ ပိုပြီးတော့များပါလိမ့်မယ်” လို့ လွှမ်းပိုင် က ပြောပါတယ်။ လွှမ်းပိုင်ရဲ့ ဒုတိယတစ်ကိုယ်တော် ‘ဂီတ ဗေဒ’ ကကော ထွက်ဖို့နီးပြီလားလို့ ဆိုတဲ့အခါ..

    “ဒီဇာတ်ကားအပြီး ၃ လပိုင်း လောက် ကျွန်တော်မှန်း ထားတယ်။ ဆယ်တန်းလည်း စာမေးပွဲအပြီး၊ တက္ကသိုလ်တွေ လည်း စာမေးပွဲ မဖြေခင် ကြားလေးထဲကို ကျွန်တော် က အခွေထွက်ဖို့မှန်း ထားပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*