ရန်ကုန် မှော်ဆရာ

ရန်ကုန် မှော်ဆရာ
February 6, 2017 Asian Fame
ရန်ကုန် မှော်ဆရာ

Kyunitမှော်ဆရာသည် “တတ်သည့်ပညာ မနေသာ” ဟု ဆိုသည့် အလားသူ တတ်မြောက်ထားသော ပညာ တန်ခိုးကို အမျိုးမျိုး အဖုံဖုံ ထောင့် စုံ အောင် အသုံးချလျက်ရှိသည်။ သူ့လက်ထဲ တွင် ရန်ကုန်မြို့မှာ အသွင်အမျိုးမျိုး ပြောင်း လျက်ရှိရာ လွတ်လပ်ရေးခေတ်က ရှင်း လင်း သော မြို့လယ်ကောင်သည် (မဆလ) ခေတ် တွင် လူသူအသွားအလာ ထူထပ်ြ>ွပတ်ညပ် လာသည်။ (နဝတ၊ နအဖ) ခေတ်တွင် ရန်ကုန်မှော်ဆရာက “မြို့လယ်မှာ လူရှုပ် တယ်။ ရှင်းသွားအောင် အကုန်ခွဲ ထုတ်ပစ် မယ်” ဟု ဆိုတာ ဒဂုံမြို့သစ်သုံးမြို့၊ လှိုင် သာယာမြို့သစ်၊ ရွှေပြည်သာမြို့သစ်တို့ကို ဖန်တီးခဲ့ရုံ မျှမက ပျဉ်းမနားနယ်မှာ တော ရှင်း၍ နေပြည်တော် မြို့သစ်ကြီး ကို ဖန်တီး သည်။

ထိုအခါ နတ်ကမ္ဘာမှ နတ်ချုပ်ကြီး ဖြစ် တော်မူသော သိကြားမင်း ဦးမာဃက ရန်ကုန် ကိုလှမ်းကြည့်ပြီး

“မှော်ဆရာလေး ကတော့ လက်စွမ်း ရော၊ ခြေစွမ်းပါ ပြန်နေပြန်ပြီ။ ရန်ကုန်ခမျာ တော့ ဒုက္ခပါပဲ။ ဒဂုန်နာမည်ကို ရန်ကုန်လို့ ပြောင်း ပစ်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သာ တမလွန်ကနေ သိရင် နောင်တရပြီး (မူလအမည် အတိုင်း ဒဂုံလို့ ထားပစ်ခဲ့ရင် အကောင်းသား) လို့ ညည်း ရှာမှာပဲ” ဟု သက်မ တစ်ချချနှင့် မြည်တမ်း လိုက်သည်။ ဦးမာဃ၏ စိတ်မသက် သာ သော အမူအရာကို ကြည့်ကာ နတ်ချုပ်ကြီး ကတော် ဒေါ်သုဇိတာက..

“တော့်မလည်း သက်ပြင်းကြီးတွေ တဟင်းဟင်းချပြီး ဘာများဖြစ်နေရတာတုံး” ဟု စိုးရိမ်ပူပန်စွာ မေးခွန်းထုတ်သည်။

“ရန်ကုန်မှော်ဆရာ ဆိုတဲ့ သတ္တဝါက သူ့ပညာ အစွမ်းနဲ့ ရန်ကုန်ကို မှောက်လို မှောက်၊ လှန်လို လှန်လုပ်နေလို့ကွ။ နောက် နှစ် ၂ဝ ကြာရင် စင်ကာပူကို ကျော်တက်ပြီး အရှေ့တောင်အာရှမှာ အလှပအခံ့ညားဆုံး နံပါတ်ဝမ်းတစ် ဂဏန်းတစ် မြို့တော်ကြီး ဖြစ်စေ ရမယ် လို့ ကြွေးကြော်နေသကွ။ ရန်ကုန် မှော်ဆရာတော့ မှော်ရူးရူးပြီး စိတ် ကူးယဉ် ဆေးရုံကိုတောင် ရောက်ခါနီးပြီ မှတ်ပါရဲ့”

ဦးမာဃက ကရုဏာဒေါသော အသံ ဖြင့် ပြောသည်။ နတ်ချုပ်ကြီး ကတော်က ချက်ဆို နားခွက်က မီးတောက်သည်။
“ရန်ကုန်မှော်ဆရာ ဘာတွေ လျှောက် လုပ်နေသလဲဆိုတာ အသေးစိတ် သိရအောင် တော့်ကိုယ်ရေး အရာရှိ မာတလိကို အမြန်ဆုံး စုံစမ်းခိုင်းလိုက်။ မြတ်စွာ ဘုရားရှင်ရဲ့ ဆံ တော် ကိန်းဝပ်ရာ ရွှေတိဂုံစေတီ တော်မြတ် ကြီးရှိတဲ့ ရန်ကုန်မြို့တော် ဂုဏ်သိက္ခာပွန်းပဲ့ တာမျိုးတော့ အဖြစ် မခံနိုင်ပါဘူးတော်” ဟု သုဇိတာက နှုတ်ခမ်း တစ်လန် ပန်းတစ်လန် ဖြင့် ပြောသဖြင့် ဦးမာဃသည် သူ၏ P.A  မာတလိကို ရန်ကုန်သို့ အမြန် စေလွှတ်လိုက် ရလေသည်။

မာတလိ ရန်ကုန်ရောက်သည်နှင့် ကြို တင်သိရှိနေသော ဆူးလေ ဘိုးဘိုးကြီးက အသင့်ကြိုဆိုနေသည်။

“မစ္စတာ မာတလိ၊ နတ်ပြည်မှာ အေး အေးမနေဘဲ ဘာဖြစ်လို့ လူ့ပြည်ဆင်းလာ တာလဲ။ အထူးသဖြင့် ဟောဒီ့ ငရို့ရန်ကုန် က ရှုပ်မှရှုပ် ငါ့လူ ရဲ့။ အပြောင်းအလဲ ဗလောင်းဗလဲတွေ အတော်များတာ။ ငါ့မှာ ထာဝရ သက်တော်ရှည် ရာထူး ရထားလို့သာ ဟောသည့် ရန်ကုန် မှာ မချစ်သော် လည်း အောင့်ကာနမ်းနေရတာ”

“ရန်ကုန် မှော်ဆရာ ဘာတွေ လျှောက် လုပ်နေသလဲ ဆိုတာ ဘိုးဘိုးကြီး သိသလောက် ကျွန်တော့်ကို အမိန့်ရှိပါ” ဟု မာတလိ က တောင်းပန်သော် ဆူးလေ ဘိုးဘိုးကြီးသည် ရှူးခနဲ မြည်အောင် သက်ပြင်း မှုတ်သည်။ ထို့နောက် မာတလိ အနီးသို့ကပ်ကာ လေသံ ဖြင့်

“မှော်ဆရာက မှော်ရူး ရူးနေသကွ။ အသေးစိတ်တော့ ငါမပြောဘူး။ မင်း သိချင်ရင် ကိုယ့်ဘာသာ ကိုယ်လေ့လာပေ တော့” ဟု မိန့်ကြားပြီးနောက် ဆူးလေဘိုးဘိုး ကြီးသည် ထမင်းစားဖိတ်ထားသည့် ဗိုလ် တထောင်ဘိုးဘိုးကြီးထံသို့ ကြွမြန်းသွား လေသည်။

မာတလိသည် ဘတ်စ်ကားများကို ကြည့်ရင်း အူတူတူအတတ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“ဘာလဲကွ၊ အတော် ဘိုဆန်ချင်တဲ့ လူတွေပါလား။ YBS ဝိုင်ဘီ အက်စ်တဲ့။ အဲသဟာက ဘာတုံး” ဟု မကျေမချမ်း အသံ ထွက်ပြီး မြည် တမ်းနေသည်။ သူ့အသံကို လမ်းဘေးမှာ အိုးကလေး ဘယာကြော် ရောင်းနေသော ကုလားကလေးကြားသော အခါ မာတလိအား..

“ဟရေး.. ဆရာကြီး ဒီခေတ် ရန်ကုန်မှာနေရင် YBS အကြောင်း သိထားမှနော။ YBS ဆိုတာ Yangon Bus Service ကို အ တို ကောက် ခေါ်တာဗျ။ အများပိုင် ဘတ်စ် ကား လုပ်ငန်းပေါ့ ဗျာ” ဟု ပညာ ပေးလေသည်။ မာတလိက ခါ တိုင်းထက်ခရီး သည်တွေ ပိုမို စုဝေးနေသော ဘတ်စ်မှတ်တိုင် ကိုလှမ်း ကြည့်ရင်း ..

“ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်” ဟု ရေ ရွတ်လိုက်၏။
ထိုအချိန်မှာပဲ ရန်ကုန် မှော်ဆရာသည် သူ၏ထူးကဲ သော မှော်တန်ခိုးဖြင့် မာတလီ အနီးသို့ ဖြုန်းခနဲ ရောက်လာသည်။

“ဟဲလို..မစ္စတာ မာတလိ၊ ရှေးခေတ် ဟောင်း အောက်မေ့ဖွယ်ဆိုပြီး အတိတ်ကို တမ်းနေသလား။ လွတ်လပ်ရေးရပြီးခါစ ပါလီမန် ဒီမိုကရေစီခေတ်ကို လွမ်းနေလို့ လားဗျ”

“လွမ်းရသပေါ့ မောင်ရယ်။ အဲသည် တုန်းက ရန်ကုန်မှာ ချက်ကြီး ဗိုက်ပူလို့ခေါ်တဲ့ ဘတ်စ်ကားတွေ ပေါမှပေါ။ ပြီးတော့ ခရီး သည်တွေ လည်း ချောင်မှချောင်။ စပယ်ယာ တွေကလည်း ယဉ်ကျေးမှ ယဉ်ကျေး။ မှတ်တိုင် မှာ ခရီးသည်ကို ဖက်လှဲတကင်း နဲ့ စောင့်ခေါ် တာ မောင်ရဲ့။ အခုခေတ်လို တွန်းတင်၊ တွန်းချ လုပ်ခဲ့ကြတာ မဟုတ်ဘူး”

“ခေတ်ပြောင်းသွားပြီ မစ္စတာ မာတလိ ရဲ့။ ခေတ်ဟောင်း ကို မေ့လိုက်တော့။ မစ္စတာ မာတလိ ပြောတဲ့ ခေတ်တုန်းက ရန်ကုန်မှာ လူဦးရေ ၈ သောင်းလောက် ပဲရှိတာ။ အခု လူဦးရေ ၈ သန်းလောက် ရှိနေတာ ကိုလည်း သတိပြုဦးမှပေါ့” ဟု ရန်ကုန်မှော်ဆရာက ပါးစပ် ထဲတွေ့ရာ ကိန်းဂဏန်း များကို အတည်ပေါက်ဖြင့် ရမ်းသမ်းပြောရာ နတ် ပြည်၌သာ နတ်ရည်လည်သော မာတလိမှာ လူ့ပြည်၌ လူရည် မလည်နိုင်ဘဲ ရန်ကုန် မှော်ဆရာ ပြောသမျှကို ခေါင်းညိတ်နေလိုက် ရလေသည်။

“ငရို့နတ်ပြည်က စူပါ ကွန်ပျူတာက ဖော်ပြချက် အတိုင်းဆိုရင် မင်းရို့ ဖန်တီး လိုက်တဲ့  YBS  က ဆင့်ပါးစပ် နှမ်းပက် သလို ဖြစ်နေတယ်။ ကားစီးရေ နည်း သွားတော့ ဝန်နဲ့အား မမျှတော့ဘူး။ ပြီးတော့ တက္ကစီ တွေကိုလည်း လျှော့ပစ်ဦးမယ်လို့ ငရို့ ထောက် လှမ်းရေး သတင်းတွေအရ သိရ တယ်။ ဒီပုံအတိုင်း ဆို ရန်ကုန် ဘတ်စ်ကား ခရီးသည်ထုကြီးက အုံကြွပြီး ဆန္ဒထုတ်ဖော် ကုန်ကြလိမ့် မနော..”

ရန်ကုန် မှော်ဆရာက လက်ကလေးကာ ၍ ခေါင်းကလေးခါသည်။

“နိုး..နိုး.. မပူပါနဲ့ မစ္စတာ မာတလိ။ နတ်ချုပ်မှူးကြီး ကိုလည်း စိတ်အေးအေးထား ပါ။ ရန်ကုန်မှာ ခရီးသည် အားလုံး စိတ်အေး ချမ်းသာ သွားလာနိုင်ဖို့ ကျွန်တော် စီစဉ်နေ ပါပြီလို့ အစီရင်ခံ လိုက်ပါခင်ဗျာ”

“မင်းက ဘာတွေစီစဉ်ထားလို့တုန်း”

“မှော်ဆရာပဲဗျာ။ ဒါလေးများ အလွယ် ကလေး။ ဂျပန်ကနေ City Bus လို့ခေါ်တဲ့ အဆင့်မြင့် ဘတ်စ်ကားကြီးတွေ စင်းရေတစ် သိန်း မှာလိုက်ပြီ။ အားလုံးဟာ မောင်းသူမဲ့၊ စပယ်ယာမဲ့၊ အထူးတကာ့ အထူးကားတွေ ချည်းပဲ”

“ဘုရား..ဘုရား”

“နောက်ပြီး လမ်းတွေချဲ့မယ်။ နှစ်ထပ်၊ သုံးထပ် မိုးပျံကားလမ်းကြီး တွေ အမြန်ဆုံး ဖောက်ဖို့လည်း စီစဉ်ပြီးပြီ”

“မင်းက မှော်ဆရာ ဆိုတော့ မှော်တန်ခိုး နဲ့ စီစဉ်လိုက်တာပေါ့လေ”

“နိုး..နိုး.. ဒီနေရာမှာ မှော်ပညာကို မသုံးဘူး မစ္စတာ မာတလိ။  ဒီမိုကရေစီ ခေတ် ဆိုတော့ ဒီမိုကရေစီ နည်းနဲ့ပဲ စီစဉ် မှာ။ ပြည်သူလူထုရဲ့ ဘဏ္ဍာတိုက်ထဲက ပြည်သူ လူထုရဲ့ ဘဏ္ဍာငွေကိုပဲ သုံးမှာခင်ဗျ”

“အကောင်းမှတ်လို့ နားထောင်နေ တာ။ မဖြစ်နိုင်တဲ့အရူးစကားတွေ လျှောက် ပြောနေသကိုး။ မင်းကို ထင်ရာလျှောက် လုပ်ခွင့် မပေးနိုင်တော့ ဘူး။ မင်းကို အဘ နတ်ချုပ်မှူး ကြီးဆီ ခေါ်သွားရမယ် လာ …”

မာတလိက ရန်ကုန်မှော်ဆရာကို ဖမ်းဆီးရန် လက်ကို ဖမ်းဆွဲ လိုက်သော်လည်း ရန်ကုန်မှော်ဆရာမှာ မှော်အတတ်ဖြင့် ကိုယ်ယောင်ဖျောက် သွားသဖြင့် နတ်ချုပ် မှူးကြီး၏  P.A အရာရှိ မာတလိခမျာ အူ တူတူ အတတ၊ ယောင်နန ကျန်ခဲ့လေ သတည်း။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*