Facebook မှာ ဟာသတွေ တင်ဆက်နေတဲ့ ရဲထွေးအောင် ရုပ်ရှင်ရိုက်ပြီ

Facebook မှာ ဟာသတွေ တင်ဆက်နေတဲ့ ရဲထွေးအောင် ရုပ်ရှင်ရိုက်ပြီ
February 2, 2017 Asian Fame
Facebook မှာ ဟာသတွေ တင်ဆက်နေတဲ့ ရဲထွေးအောင် ရုပ်ရှင်ရိုက်ပြီ

Ye“ကျွန်တော် တစ်ခါမှတော့ ရုပ်ရှင် မရိုက်ကူးဖူးပါဘူး။ ကိုရွှေမန်း ကလည်း ဒီဇာတ် ကားလေးမှာ ပါမလားလို့ ကမ်းလှမ်းလာတယ်။ ဇာတ်လမ်း ပုံစံလေးကို မေးကြည့်တော့ ရိုက် နေကျ မြန်မာဇာတ်ကား ပုံစံမျိုး မဟုတ်ဘူး။ ဒရာမာ၊ ဟာသ၊ ပညာပေး အစုံပါပါတယ်။ ဇာတ်လမ်းလေးက လူငယ်တွေကို ကိုယ့် အားကိုယ်ကိုး အောင်ပြောတဲ့ ပုံစံလေးပါ။ ကျွန်တော်က ကိုလွှမ်းပိုင်ရဲ့ သူငယ်ချင်း နေရာကပါ။ ကျွန်တော် တို့ သူငယ်ချင်းသုံး ယောက်က ဘာမှ မပြည့်စုံဘူး။ အမြဲတမ်း လွဲနေကြတာပေါ့။ အဲဒီအထဲမှာ ကျွန်တော်က ဆရာကြီး ပုံစံနဲ့ တကယ်တမ်း ဖြစ်လာပြီ ဆိုရင် ထွက်ပြေးတတ်တဲ့ လူငယ် ပုံစံလေး သရုပ်ဆောင်မှာပါ” လို့ ရဲထွေးအောင်က ပြောပါတယ်။ ရဲထွေး အောင် က ဒါရိုက်တာ ဂျိုး ရိုက်ကူးတဲ့ “I don’t like” ဇာတ်လမ်းတိုမှာလည်း ရွှေထူး၊ x – box တို့နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ အရင်က ရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေရှိပေမယ့် လက်မခံခဲ့ဘဲ Facebook ပေါ်မှာ ဗီဒီယိုတွေ တင်ရတာနဲ့တင် ပျော်နေခဲ့တာပါလို့ ရဲထွေး အောင်က ပြောပါတယ်။ အခုလို သရုပ်ဆောင် လောကထဲ ဝင်ရောက် လာတဲ့အခါ နောက်ပိုင်း ဟာသဗီဒီယိုတွေ တင်တာ ရပ်လိုက်တော့မလား လို့ မေးမြန်းတော့

“ကျွန်တော်က ကိုယ့်ဘာသာကိုယ် Facebook ပေါ်မှာ video လေးတွေ တင်နေတာနဲ့ပဲ ပျော်နေတာပါ။ ရုပ်ရှင် ဇာတ်ကားကြီး ၂ကား ရိုက်ဖို့လည်း အရင်က ကမ်းလှမ်း ခဲ့ကြတယ်။ ကျွန်တော်က မရိုက်ကူးခဲ့တာပါ။ ကျွန်တော် နာမည်ကြီး လာတာလည်း Facebook ပေါ် ကပါ။ ကျွန်တော့် အတွက်က အခွင့်ရရင်ရသလို အနုပညာ လုပ်ငန်းတွေကို ထပ် လုပ်သွားမှာပါ။ “ကိုယ်စောင့်နတ်” က ကျွန်တော့်ရဲ့ ပထမဆုံး ခြေလှမ်းပါ။ ကျွန်တော် နောက်ပိုင်းမှာလည်း ဟာသ ဗီဒီယိုလေးတွေ ဆက်တင်သွားမယ်။ ဒီ အလုပ်ကိုတော့ လုံးဝဖြုတ်မှာ မဟုတ်ပါဘူး” လို့ ရဲထွေးအောင်က ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*