ပညာသည်အဆင့်လောက်နဲ့ အကယ်ဒမီကို အကဲဖြတ်လို့မရဘူးလို့ မှတ်ချက်ပြုလိုက်တဲ့ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်

ပညာသည်အဆင့်လောက်နဲ့ အကယ်ဒမီကို အကဲဖြတ်လို့မရဘူးလို့ မှတ်ချက်ပြုလိုက်တဲ့ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်
January 31, 2017 Asian Fame
ပညာသည်အဆင့်လောက်နဲ့ အကယ်ဒမီကို အကဲဖြတ်လို့မရဘူးလို့ မှတ်ချက်ပြုလိုက်တဲ့ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးမောင်မောင်မြင့်

U Mg Mg Myint copy

အကယ်ဒမီဆုပေးပွဲတွေ ပြုလုပ်ခါနီးတိုင်း အကယ်ဒမီအကဲ ဖြတ် ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကူညီပေးနေကျ ဒါရိုက်တာ၊ သရုပ်ေ ဆာင် ဦးမောင်မောင်မြင့်ဟာ အကယ်ဒမီ ဘုတ်အဖွဲ့ ထဲမှာ မပါဝင်ဖြစ်ခဲ့တာဆိုရင် ၃နှစ်တိတိရှိခဲ့ ပြီဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးဒါရိုက် တာ၊သရုပ်ဆောင်ဦးမောင်မောင်မြင့်က

“ဒီအကယ်ဒမီရဲ့ အရှုပ်အထွေး တွေကြောင့် မို့လို့ဆရာကအကယ်ဒမီရွေးချယ်ရေးဘုတ်    နောက်ဆုံးနှစ်တွေမှာ မပါတော့ဘူးဖြစ် သွားတယ်။ မပါတော့ဘူးဖြစ်သွားတာက ကိုယ့်စိတ်နဲ့ကိုယ် မပါချင်လို့ နောက် ဆုတ်ပြီး ထွက်နေလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ တကယ် အကယ်ဒမီပေး လောက်တဲ့ ဇာတ်ကားကို တကယ်စံချိန်တင် ရွေး ချယ်ရတော့မယ်ဆိုရင် သိချင်တဲ့ကိုယ့်စိတ်ဆန္ဒ အရပေးချင် တဲ့ ဇာတ်ကားတစ်ကားကို ၄ကြိမ် ထက်မနည်း ၅ ကြိမ်၊ ၆ ကြိမ်ကြည့်ရတယ်။ အလွန်ပင်ပန်းပါတယ်။ ဒါပေမဲ့ အကယ်ဒမီပေး ပွဲကြီးလည်းကျရော အဲဒီပင်ပင်ပန်းပန်းနဲ့ စိစစ်ပြီးလုပ်ပေးခဲ့ရသမျှ အကယ်ဒမီစိစစ်ရေး လူကြီးတွေ၊ အကဲဖြတ်လူကြီးတွေ ဘယ်နေရာ   ရောက်နေမှန်းတောင် မသိကြဘူး။ အဲဒီလို အဆင်မပြေတာတွေလည်းရှိတော့ တော်တော် စိတ်ညစ်သွားတယ်။

တကယ်က အကယ်ဒမီပေးရမယ်ဆိုပြီးတော့ ဇာတ်ကား တွေကိုကြည့်ပြီး ဆုံးဖြတ်တဲ့သူဟာ ရုပ်ရှင်ပညာရှင်များပဲ ဖြစ်ရမယ်။ ပညာသည် အဆင့်လောက်နဲ့ အကယ်ဒမီကို ဆုံးဖြတ်လို့မရဘူး။ ပညာရှင်ဆိုရင် ဘယ်လောက်မြင့်ရမလဲ ပြောတော့ လက်ရှိနာ မည်ကြီးနေတဲ့ မင်းသားကြီး၊ မင်းသမီး ကြီးကိုတောင် ကိုယ်က ဦးဆောင်ပြီး လုပ်ပြနိုင်၊   ပြောပြနိုင်တဲ့အဆင့်ရှိတဲ့သူဖြစ်ရမယ်။ ဆရာက တော့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ အကဲဖြတ်ရ တာ တော်တော်မလွယ် ပါလားဆိုတာကို သိတယ်။ ဒါကြောင့် ဆရာအကဲဖြတ်တဲ့အခါမှာ တာဝန်တစ်ခု ပဲယူတယ်။ ဓာတ်ပုံဆု တစ်ခုပဲယူတယ်။ ဒါတောင် အခုနောက်ဆုံး ၃နှစ်ကတော့ ဆရာမပါတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ပျက်သွားတယ်။ ကျန်တဲ့ အပေါင်းပါများကိုပါ ကိုယ်ချင်း စာပြီး စိတ်ပျက်သွား တယ်။

နောက်တစ်ချက်က ဒီအကယ်ဒမီ ရွေးချယ်တဲ့ လူကြီးတွေထဲမှာ အင်မတန်နုနယ်သေးတဲ့ ပညာ သည်ကလေးတွေ ပါလာတယ်။ တချို့လည်း ရွေး ချယ်တင်မြှောက်လိုက်လို့သာလာပြီးတော့ ထိုင်ရ တယ်။ မပြည့်တဲ့သူတွေလည်း အများကြီးပါလာ တယ်။ အဲဒီလို မဖြစ်စေချင်ဘူးပေါ့နော်။

အကယ်ဒမီရွေးချယ်ရေးအဖွဲ့ဟာ ပညာရှင် ကြီးတွေ၊ ပြီးတော့ ဆရာတို့လိုအသက် အရွယ်ကြီးတဲ့ လူတွေဖြစ်စေချင်တယ်။ အနည်း ဆုံးအကြံပေး ကြီးတွေအဖြစ်နဲ့ တိုင်ပင်ဆွေးနွေးသင့်တယ်။ အခုဖွဲ့စည်းတည်းဖြတ်မယ့် အကယ်ဒမီဘုတ် အဖွဲ့ ကိုလည်း ပညာရှင် ကြီးများ ဖြစ်စေချင်ပါတယ်” လို့ မှတ်ချက်ပြုပြောခဲ့ပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*