‘သူရ မချစ်ပို’ ရုပ်ရှင် ဇာတ်ကားကို စိုးမြတ်သူဇာနဲ့ ရိုက်ကူးမယ့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး)

‘သူရ မချစ်ပို’ ရုပ်ရှင် ဇာတ်ကားကို စိုးမြတ်သူဇာနဲ့ ရိုက်ကူးမယ့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး)
January 30, 2017 Asian Fame
‘သူရ မချစ်ပို’ ရုပ်ရှင် ဇာတ်ကားကို စိုးမြတ်သူဇာနဲ့ ရိုက်ကူးမယ့် ဒါရိုက်တာကိုဇော် (အရုဏ်ဦး)

MIN_3015ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က မြန်မာပြည်မှာ ပထမဆုံး သူရဘွဲ့ရရှိထားတဲ့ သူရမချစ်ပို အကြောင်းကို ရုပ်ရှင် ဇာတ်ကား အဖြစ် ရိုက်ကူး ပုံဖော် သွားမှာဖြစ်ပြီး သူရမချစ်ပို အဖြစ် အကယ်ဒမီ စိုးမြတ်သူဇာက သရုပ်ဆောင် သွား မှာ ဖြစ်ကြောင်း သိရပါတယ်။

“မြန်မာပြည်မှာ ပထမဆုံး မိန်းမ သူရဘွဲ့ ရတာ ဆိုလို့ သူပဲရှိတာ လေ။ ၁၉၅ဝ ပြည့်နှစ်က သူရ မချစ်ပို အကြောင်းပေါ့။ သမိုင်းကြောင်း ဖြစ် နေတဲ့ အတွက်ကြောင့် ဖိုက်တင် ချရတဲ့ ဇာတ်လမ်းတွေ လည်း ပါတာ ပေါ့။ ပရိသတ် ကြည့် လို့ကောင်း အောင် ပြန်ပြင်ပြီးတော့ လုပ်ရမှာ ပေါ့။ ဒီဇာတ်လမ်းကို စိုးမြတ်သူဇာ ကလည်း ရိုက်ချင်နေတယ်။ သူ့ အသက်အရွယ် နဲ့လည်း လိုက်တယ်။ မချစ်ပိုက ၄၂ နှစ်မှာ သေသွားတာ လေ။ ဒါကြောင့် သူဒီထက် အရွယ် မကြီးခင်မှာ မြန်မြန် ရိုက်ကူးလိုက် တာပါ” လို့ပြော ပါတယ်။ ဒီ ဇာတ်လမ်းကို ရိုက်ကူးဖို့ အတွက် သူရမချစ်ပို ရဲ့ ဘဝ သမိုင်းကြောင်း ကိုလည်း သေချာ လေ့လာပြီး ပြင်ဆင်ထားကြောင်းကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က..

“သမိုင်းကြောင်းဖြစ်တဲ့ အတွက် သမိုင်း အထောက်အထားတွေ အကုန် ဖတ်ရတယ်။ စစ်သမိုင်း ပြတိုက်ကလည်း ယူရတယ်။ စာအုပ် တွေ ထဲမှာလည်း ပြန်ရှာဖတ်ရတယ်။ နောက်ပြီး မေမြို့ချစ်ဆွေ ရေးထားတဲ့ သူရမချစ်ပို အကြောင်း ဆိုတာ ရှိ တယ်။ ထားဝယ် မဂ္ဂဇင်း မှာ ရေးထား တာတွေလည်း ရှိတယ်။ အဲဒါတွေကို ပြန်လိုက်ဖတ်ပြီး သူ့ရဲ့ဘဝ အမှန် ကိုတော့ ပြန်ယူရတာပေါ့။ သူ့ရဲ့ ဘဝကို အမှန်ယူ ထားပြီးတော့မှ ရုပ်ရှင် အနေနဲ့ ကြည့်ကောင်းအောင် ရိုက်ကူးရမှာပေါ့။ အဓိက ပေးချင်တဲ့ မက်ဆေ့ခ်ျက သူက မျိုးချစ်စိတ်ရှိ တယ်။ အဲဒီတုန်းက တိုင်းပြည် လွတ်လပ်ရေး မရသေးဘူး။ မျိုးချစ် စိတ်ရှိဖို့ရယ် ကိုယ့်တိုင်းပြည် သူတစ်ပါး လက်အောက် ရောက်ရင် ဘယ်လောက်ထိ ဒုက္ခရောက်တယ်။ ပြည်တွင်းစစ် ဖြစ်နေမယ် ဆိုရင် ကိုယ့် အချင်းချင်းတွေ ဘယ်လိုဒုက္ခ ရောက်တယ် ဆိုတာကို ပြ ချင်တာ ပါ”လို့ ပြောပါတယ်။

ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မှ စတင်ကာ ထားဝယ်၊ တောင်ငူနဲ့ ပြင်ဦးလွင်မြို့တွေမှာ ရိုက်ကူး သွားမှာဖြစ် ပြီး ကျော်ရဲ အောင်၊ ခန့်စည်သူ၊ နေမင်းနဲ့ စိုးမြတ် သူဇာတို့ ပါဝင် သရုပ်ဆောင် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*