မိန်းမလျာ ဇာတ်ရုပ်က ကျွန်တော်နဲ့လည်း မလိုက်ဘူးလို့ ထင်တယ် ဟိန်းဝေယံ

မိန်းမလျာ ဇာတ်ရုပ်က ကျွန်တော်နဲ့လည်း မလိုက်ဘူးလို့ ထင်တယ် ဟိန်းဝေယံ
January 30, 2017 Asian Fame
မိန်းမလျာ ဇာတ်ရုပ်က ကျွန်တော်နဲ့လည်း မလိုက်ဘူးလို့ ထင်တယ် ဟိန်းဝေယံ

Heain-Wai-Yanဟိန်းဝေယံ ရိုက်ကူးထားတဲ့ “ကြီးကြီး ကျယ်ကျယ်” ရုပ်ရှင် ဇာတ်ကားကြီးလည်း မကြာခင် ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကား နဲ့ပတ်သက်ပြီး ဟိန်းဝေယံက “အဓိကက ဇာတ်လမ်းကို သဘောကျလို့ပါ။ ကိုပြည်ဟိန်းကိုလည်း ယုံတယ်။ ဒီဇာတ်ကား က ပျော်စရာလေးလည်း ကောင်းတယ်။ ကျွန်တော် လုပ်ရတဲ့ ကာရိုက်တာက  heavy ကြီးမဟုတ်ဘူး။ ပေါ့ပေါ့ ပါးပါးလေးပဲ။ ဇာတ်လမ်း ကို သဘောကျ လို့ ရိုက်ကူးဖြစ်တာပါ။ ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ် သိတယ်။ မြင့်မြတ် လုပ်ရတဲ့ မိန်းမလျာ ဇာတ်ရုပ် က ကျွန်တော်နဲ့ လည်း မလိုက်ဘူးလို့ ထင်တယ်။ အဲဒီ ကာရိုက်တာက မြင့်မြတ်နဲ့ တော်တော် လေး လိုက်တယ်” လို့ ပြောပါတယ်။

မိန်းမလျာ ဇာတ်ရုပ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဟိန်းဝေယံက အားပေးတဲ့ ပရိသတ် တော်တော် များများက သူနဲ့ လုံးဝမလိုက်ဖက် ကြောင်း အကြံဥာဏ် ပေးကြတဲ့ အတွက် မရိုက်ကူးဖြစ်ကြောင်း ပြောပါတယ်။

“ဒီကာရိုက်တာနဲ့ မလိုက်ဖက်ဘူးလို့ ပရိသတ် တော်တော် များများ အကြံဥာဏ် ပေးကြတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပွင့်ပွင့် လင်း လင်း ပြောရင် မလိုက်ဘူး လို့ထင်တယ်။ အဲဒါကြောင့် ကျွန်တော် မရိုက်ဖြစ်တာ ပါ။ ရိုက်ကူးမယ် ဆိုလို့ ရှိရင်လည်း တကယ်ကို အံဝင်ခွင် ကျဖြစ်မှ၊ အ ဆင်ပြေမှ၊ ကကြိုးက ကြောင်လုပ်လို့ ရှိရင် ပရိသတ်ကို နောက်သလို ဖြစ်မယ်” လို့ ပြောပါ တယ်။

အနုပညာနဲ့ ပတ် သက်ပြီး ရိုးရိုး သားသား နဲ့ အကောင်းဆုံး ဖြစ်အောင် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိ သလောက် အတတ်နိုင်ဆုံး ကြိုးစား ပြီး လျှောက်လှမ်း သွားမှာဖြစ်ကြောင်း ဟိန်းဝေ ယံ ကပြောပါတယ်။

“ကိုယ့်ရဲ့ အောင်မြင် မှုက ဒီထက်ပိုပြီး များတယ်၊ မများ ဘူး ဆိုတာက ပရိသတ်တွေပဲ သတ်မှတ် ပေးမှာပါ။ ကျွန်တော့် အနေနဲ့က အဲဒီ အပေါ် မှာ ပိုပြီး ဖြစ်ချင်တာလည်း မရှိဘူး။ လျော့ပြီး ဖြစ်ချင်တာ မျိုးလည်း မရှိဘူး။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်တယ်။ လူငယ် တစ်ယောက်ဖြစ်တဲ့ အတွက် ရှိသင့် ရှိထိုက်တဲ့ လောဘတော့ ရှိပါတယ်။ လောဘ အများကြီး ရှိတဲ့အထဲ မှာတော့ ကျွန်တော် မပါပါဘူး။ အဲဒီလို မပါအောင်လည်း ကိုယ့်စိတ်ကို သတိထား ရပါတယ်” လို့ ပြောပါတယ်။

တွယ်တာ
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*