ချစ်သူများနေ့ အိချောပို ဘယ်မှာရှိနေမလဲ

ချစ်သူများနေ့ အိချောပို ဘယ်မှာရှိနေမလဲ
January 30, 2017 Asian Fame
ချစ်သူများနေ့ အိချောပို ဘယ်မှာရှိနေမလဲ

ZAW_7519အိချောပိုက ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ဟန်းနီးမွန်း ဟာသရုပ်ရှင် ဇာတ်ကားကြီး မှာ ကျော်ရဲအောင်၊ မြင့်မြတ် ၊ ကျော်ကျော်ဗို၊ ရွှေမှုန်ရတီ တို့နဲ့အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ အိမ်မွေးကြောင်လေး “ဂျိုလီ” ကို တအားချစ် တဲ့ ကြောင်မေမေ “ရူပါခင်” အဖြစ် အိချောပိုကို တွေ့မြင်ရ မှာဖြစ်ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရတွေ နဲ့ ပတ်သက်လို့ အိချောပိုက..

“ဒီဇာတ်ကားက အိချောအတွက် အမှတ်တရ တွေရော၊ ပျော်စရာတွေရော အများကြီးပါ။ တစ်ကားလုံး အသွားရော၊ အပြန်ရော ကားပေါ် မှာပဲ ရိုက်ကူးသွား တယ်။ အိချောတို့ မနက်စောစော ကြီးတွေ ထပြီး မိတ်ကပ် တွေပြင်၊ ကားပေါ် တက်၊ ဇာတ်ကား ရိုက်ရင်း သွားကြ တယ်။ ခရီးသွား ဇာတ်ကားလေးလည်း ဖြစ်တယ်။ ကြောင်လေးလည်း ချီပြီး ရိုက်ကူးရတဲ့ အတွက် ဂါဝန်လေးတွေ၊ ပန်းလေးတွေ စီစဉ်ပြီး ဝတ်ခဲ့တယ်။  ဇာတ်ကား မရိုက်ကူးခင်လည်း ကြောင် လေးနဲ့ တည့်အောင် ပေါင်းထားရတာပေါ့” လို့ ပြောပါတယ်။ အိချောပိုက “ဖွေးစိန်မ ရဲ့ ဘော်ဒီဂတ်” ရုပ်ရှင်မှာ ပါဝင်ရတဲ့ ကာရိုက်တာနဲ့ လိုက်ဖက် အောင် ဆံပင်ညှပ် လိုက်တယ်လို့ သိရပါတယ်။ တစ်ကားလုံးကို အဝတ် အစားတစ်စုံနဲ့ပဲ ရိုက်ကူးခဲ့ရတယ်လို့ဆိုတဲ့ အိချောပိုက..

“အိချောက ဒီဇာတ်ကားမှာ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကောင်မလေး တစ်ယောက် နေရာကပါ။ အိမ်ဖော် အလုပ်လုပ် တဲ့ ကောင် မလေး ၊ ပြေးရလွှားရတဲ့ အက်ရှင် ပုံစံလေးတွေလည်း ပါတော့ အိချောလည်း ကာရိုက်တာက ဆံပင်တို နဲ့ ပိုလိုက်ဖက်မယ် ထင်တယ်။ ဒါကြောင့် ဆံပင်ညှပ် လိုက်တာပါ။ ဒီဇာတ်ကား အတွက်လည်း မြဝတီမှာ ရိုက်ကူးဖို့ လက်ကျန်လေးတွေ ရှိပါသေးတယ်” လို့ အိချောပို က ပြောပြပါတယ်။ အိချောပိုက ဘားအံမှာလည်း “ကံကြမ္မာ” ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးကို သွားရောက် ရိုက်ကူး မှာဖြစ်ပါ တယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများ နေ့မှာလည်း ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးရင်းနဲ့ပဲ ဖြတ်သန်း သွားမယ် လို့ အိချောပိုက ပြောပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ – အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*