ချစ်သူကို ပေးခဲ့တဲ့ သိန်း၆ဝ ကျော် တန်ဖိုးရှိ မွေးနေ့ လက်ဆောင် အပေါ် ရွှေမှုန်ရတီ ရှင်းလင်း

ချစ်သူကို ပေးခဲ့တဲ့ သိန်း၆ဝ ကျော် တန်ဖိုးရှိ မွေးနေ့ လက်ဆောင် အပေါ် ရွှေမှုန်ရတီ ရှင်းလင်း
January 30, 2017 Asian Fame
ချစ်သူကို ပေးခဲ့တဲ့ သိန်း၆ဝ ကျော် တန်ဖိုးရှိ မွေးနေ့ လက်ဆောင် အပေါ် ရွှေမှုန်ရတီ ရှင်းလင်း

MIN_3569ရွှေမှုန်ရတီ ပါဝင် သရုပ်ဆောင်ထားတဲ့ “ကြီးကြီးကျယ်ကျယ်” ရုပ်ရှင် ဇာတ်ကားကြီးက မကြာမီ ရုံတင်ပြသတော့ မှာဖြစ်ကြောင်း သိရပါ တယ်။ ဒီဇာတ်ကားကြီးမှာ ယောက်ျားလျာအဖြစ် သရုပ်ဆောင်ထားတဲ့ ရွှေမှုန်ရတီက ဇာတ်ရုပ် ပီပြင်အောင် ထန်းပင်ပေါ်ကိုလည်း ကိုယ် တိုင် တက်ခဲ့တာကို တွေ့ ရပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ရွှေမှုန်ရတီက “ထန်းပင်ပေါ် တက်တာ ခက်ခဲမှု တော့ရှိတယ်။ ဒါပေမဲ့ အနုပညာ သမားတွေက ကိုယ့်အနုပညာ ဘာပဲ လုပ်ရလုပ်ရ မငြိုငြင်ကြဘူး။ ညီမလည်း အဲဒီ အတိုင်းပါပဲ။ ဟာသ ဇာတ်ကား ရိုက်ကူးတဲ့ အပေါ်မှာ ကျေနပ် အားရမှု ရှိတာက ပရိသတ်တွေက အမော ပြေတယ်။ ရယ်ရတယ် ဆိုရင်ပဲ တော်တော် ကျေနပ်ပါပြီ။ ကာရိုက် တာတွေ က ချိန်းတော့ ချိန်းထားတယ်။ အခုလိုမျိုး ကာရိုက်တာ ကွဲပြီး ထွက်လာတဲ့ အတွက် တအားကို ဝမ်းသာပါ တယ်” လို့ ပြောပါတယ်။

မကြာခင် ကလည်း ရွှေမှုန်ရတီက ချစ်သူကို မွေးနေ့ လက်ဆောင် အဖြစ် ကျပ်သိန်းခြောက်ဆယ်ကျော် တန်ဖိုးရှိတဲ့ Ultimatum Gold 24kt Gold Limited Edition  ဖုန်း အမှတ်တရ ပေးခဲ့တာနဲ့ ပတ်သက်ပြီး အွန်လိုင်း စာမျက်နှာ အထက်မှာ ပျံ့နှံ့လာတာ ကို တွေ့ရ ပါ တယ်။ ဒီလို ပျံ့နှံ့လာတဲ့ အပေါ်မှာလည်း ပရိသတ် တချို့ရဲ့  အမြင် လွဲမှားခြင်းများ ဖြစ်ပေါ်ခဲ့ ကြောင်း ရွှေမှုန်ရတီက ခုလို ရှင်းပြခဲ့ ပါတယ်။

“Birthday Present ပေးတဲ့ အပေါ်မှာ တစ်ခုပြောချင်တာက ညီမ အင်တာဗျူး ဖြေထားတာနဲ့ ပတ်သက်ပြီးတော ရေးသားထားတဲ့ တစ်ယောက် က ဒီဟာတန်ကြေး ဘယ်လောက် ရှိလဲလို့မေးတယ်။ မေးတဲ့အခါမှာ ညီမ ကဒါကတော့ မပြောပါ ရစေနဲ့လို့ပဲ ပြောခဲ့တာ။ အခု ရေးထားတာက အနောက်မှာ စကားတွေ အများကြီး ကွန့်ထားတယ်။ ညီမ တကယ် မကြိုက် ပါဘူး။ ညီမမပြောတဲ့ စကားတစ်ခွန်းကို အဲဒီလိုတွေ ရေးသားတဲ့ အတွက် ညီမ တော်တော် စိတ်ဆိုးပါတယ်။ အဲဒီ တစ်ခုတော့ ပြောချင်ပါတယ်။ ဒါက ညီမ ပရိသတ်ကို တစ်ချက် အသိပေးချင်တာပါ။ အဲဒီလို ထပ်ကွန့်ပြီး ရေးသား ထားတော့ ညီမကို ပရိသတ်တွေ တစ်မျိုးမြင်စေပါတယ်။ ညီမပေးတဲ့ မွေးနေ့ လက်ဆောင်လေး ကို ပရိသတ်ကိုလည်း သိစေချင်လို့ ညီမ တင်ပေးလိုက်တာ” လို့ ပြောပါတယ်။ အစာအိမ် ဝေဒနာ ကြောင့် ဘန်ကောက် မှာ မကြာ ခဏ ဆေးကုသမှု ခံယူနေရတဲ့ ရွှေမှုန်ရတီက အခု ဇွန်လ ၂၄ ရက်နေ့ ကလည်း နှလုံး ရောဂါကြောင့် ဘန်ကောက် မှာ ဆေးရုံတက်ပြီး ဆေးကု သမှု ခံယူခဲ့တယ် လို့လည်း သိရပါတယ်။

တွယ်တာ
ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*