ကျိုက်ခေါက်ဘုရားပွဲမှာ စံပြသဘင်ဘာတွေတင်ဆက်မလဲ

ကျိုက်ခေါက်ဘုရားပွဲမှာ စံပြသဘင်ဘာတွေတင်ဆက်မလဲ
January 30, 2017 Asian Fame
ကျိုက်ခေါက်ဘုရားပွဲမှာ စံပြသဘင်ဘာတွေတင်ဆက်မလဲ

HanZarMoeWin-1 copy

ဟန်ဇာမိုးဝင်းက လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ ဖေ့စ် ဘုတ်ကို ပရိသတ်တွေနဲ့ ထိတွေ့နိုင်စေဖို့ အသုံးပြုခဲ့ပေ မယ့်လည်း ၂ဝ၁၆ ခုနှစ် နိုဝင် ဘာလလောက်ကစပြီး ဖေ့စ်ဘုတ်အသုံးပြုမှုကို ရပ်နားခဲ့ပါတယ်။ အခုဆိုရင် ဒီလိုရပ်နားခဲ့တာ ၃ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ We Love    အဖွဲ့နဲ့တော့ ပွဲတွေ မှာ အမြဲတမ်းတွေ့ဖြစ်တယ် လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့ကလည်း ဖေ့စ် ဘုတ်မှာ သူတို့ချစ်ကြတဲ့ အနုပညာရှင်တစ်ဦးရဲ့ လှုပ်ရှားမှု ပုံရိပ်တွေကို မမြင်မတွေ့ရတော့တဲ့ အတွက်လည်း တွေ့ ချင်မြင်ချင် နေကြပြီ ဖြစ်ပါတယ်။ ဒီအတွက် လည်း ဖေ့စ် ဘုတ်ကို ပြန်သုံးဖြစ်၊ မသုံးဖြစ်ခြင်းနဲ့ ပတ်သက်လို့ ဟန်ဇာ မိုးဝင်းကို မေးတဲ့အခါမှာတော့..

“အလုပ်ရှုပ်နေတာနဲ့ပဲမသုံးဖြစ်သေးပါဘူး။ ပရိသတ် တွေကိုတော့ အမြဲသတိရနေပါတယ်” လို့ သူ့ရဲ့ပရိသတ်ကို မမေ့မလျော့ ရှိကြောင်း ပြောပြပါတယ်။ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့ စံပြသဘင်က ဖေဖော်ဝါရီ လထဲမှာ ပြုလုပ်မယ့် ကျိုက်ခေါက်စေ တီတော် မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီး မှာ ၆ ညတိုင် ကပြမှာဖြစ်ပါတယ်။ ဒီပွဲအတွက်လည်း ပြင်ဆင်နေကြပြီ ဖြစ်သလို ပွဲကြော်ငြာ   ဘေဘုတ်အတွက် ဓာတ်ပုံကိုလည်း  မြန်မာ့ ရိုးရာဝတ်စုံ ဒီဇိုင်းနဲ့ မောင်နှမ သုံးယောက်က စိတ်ကူးဆန်းဆန်းနဲ့ ရိုက်ကူးခဲ့ကြပါတယ်။

   “အခုဘေဘုတ်မှာ ဝတ်ဆင် ထားတဲ့ အဝတ်အစား တွေကလည်း ရှေးမြန်မာကြီးတွေဝတ်ထားတဲ့ အဝတ် အစားတွေပါ။ ကိုယ့်ရဲ့   မြန်မာဆိုတာကိုလည်း အလေး အနက်ထားလို့ ရိုက်ကူးလိုက်တာပါ။ တစ်မူထူးခြားတဲ့ ပုံစံ မျိုးလေးပေါ့။ အရိုးဆုံးလေးက အဆန်းဆုံးေ လး တွေပေါ့။ တင်ဆက်မှုတွေကိုလည်း အရိုးဆုံးနဲ့ အဆန်းဆုံးပုံစံတွေနဲ့ တင်ဆက်သွားမယ်။ ထူးခြားမှုတွေလည်း အများကြီးလုပ် ထား ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း လာရောက်ပြီး တော့ အားပေးကြပါ ဦးလို့ ပြောချင်ပါတယ်။ ဒီနှစ်အတွက် အများကြီးကြိုးစား ထားပါတယ်” လို့ ဟန်ဇာမိုးဝင်းကပြောပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အေးဇော်မိုး(စက်မှု)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*