သဘင်သီချင်း ပြိုင်ပွဲတွင် Top (5) အဖြစ် ရွေးချယ်ထားသော တေးသီချင်းများထဲမှ သဘင်သီချင်းအဖြစ် တစ်ပုဒ်ပြန်လည်ရွေးချယ်မည်

သဘင်သီချင်း ပြိုင်ပွဲတွင် Top (5) အဖြစ် ရွေးချယ်ထားသော တေးသီချင်းများထဲမှ သဘင်သီချင်းအဖြစ် တစ်ပုဒ်ပြန်လည်ရွေးချယ်မည်
January 26, 2017 Asian Fame
သဘင်သီချင်း ပြိုင်ပွဲတွင် Top (5) အဖြစ် ရွေးချယ်ထားသော တေးသီချင်းများထဲမှ သဘင်သီချင်းအဖြစ် တစ်ပုဒ်ပြန်လည်ရွေးချယ်မည်

Tabin 2

သဘင်သီချင်းပြိုင်ပွဲအတွက် အနယ်နယ်အရပ်ရပ်မှ ပေးပို့လာသမျှ ပြိုင်ပွဲဝင် သီချင်းများကို ဒိုင်လူကြီးများဖြစ်ကြတဲ့ သဘင်နာယကကြီး စည်သူဦးရွှေနန်း တင်ဦးဆောင်ပြီး စည်သူဦးစိန်ဘမော်၊ ဦးစိန်မြအောင်၊ စန္ဒရား ဦးစိန်သောင်း၊ မလိုင် ဦးသန်းထွန်း၊ ဦးအောင်တင်ဝင်း၊ ဦးနိုင်မြန်မာ၊ ဦးစိန်မောင်း၊ ဦးသိန်းဇော်၊ ဦးနန်းဝင်း၊ ဦးမိုးဝင်းတို့က အကဲဖြတ်စိစစ်ရွေးချယ်ပေးခဲ့ကြပါတယ်။ ဒီလိုအကဲဖြတ်ရာမှာတော့ တေးသီချင်း ၅ ပုဒ်ကို Top 5 အဖြစ် ရွေးချယ်ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒီတေးသီချင်း ၅ ပုဒ်ကတော့ (၁) Code No.3 လောကအလှဆင် မြန်မာ့သဘင်၊ (၂) Code No.11 ထူးခြားတဲ့မြန်မာ့သဘင်၊ (၃) Code No.12 မြန်မာတို့ရဲ့သဘင်၊ (၄) Code No.13 မင်္ဂလာရှိသောသဘင်၊ (၅) Code No.14 အမျိုးသားရေးအတွက်သဘင် တေးသီချင်းတို့ပဲဖြစ်ပြီး အဆိုပါ တေးသီချင်းများကို ဖန်တီးသူ ၅ ဦးမှာ (၁) ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တား၊ (၂) ခင်ရွှေ (သီရိရာမ)၊ (၃)ရဲနိုင်လင်း (ကျိုက်လတ်)၊ (၄)နောင်နောင် B.A (Music) ၏ ယဉ်ကျေးမှုတက္ကသိုလ် (မန္တလေး) (၅) မြင့်မြတ်အောင်တို့ပဲ ဖြစ်ကြပါတယ်။ ဒီတေးသီချင်း ၅ ပုဒ်ကို ဆုချီးမြှင့်ပွဲအခမ်းအနားမှာ တီးမှုတ်သီဆိုကြမှာဖြစ်ပြီး သဘင်သီချင်းအဖြစ် ရွေးချယ်ခံရတဲ့ တေးသီချင်းကို အဆိုပါအခမ်းအနားမှာပင် ကြေညာကာ ဆုချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံသဘင် ပညာရှင်များအစည်းအရုံး (ဗဟို) ၊ သဘင်သီချင်း ဖြစ်မြောက်ရေး ကော်မတီမှ ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

” ဖိုင်နယ်ပွဲကိုတော့ ဒီလထဲမှာပဲလုပ်ဖို့ အစ်မတို့အနေနဲ့ ဇာတ်ရုံတွေ ရက်ချိတ်နေ တယ်။ အမျိုးသားဇာတ်ရုံမှာပဲလုပ်ဖို့ စီစဉ်နေပါတယ်။ ဖိုင်နယ်မှာက ၅ ပုဒ်ထဲကမှ တစ်ပုဒ်ရွေးချယ်မယ်” လို့ သဘင်သီချင်းပြိုင်ပွဲနဲ့ပတ်သက်ပြီး သဘင်အစည်းအရုံး (ဗဟို) ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*