လတ်တလော မြန်မာစာဌာနနှင့် အပြောင်းအလဲများ

လတ်တလော မြန်မာစာဌာနနှင့် အပြောင်းအလဲများ
January 26, 2017 Asian Fame
လတ်တလော မြန်မာစာဌာနနှင့် အပြောင်းအလဲများ

mkm26

၁၉၆၁-၆၂ ခု နှစ် ပညာသင်နှစ်တွင် မြန်မာစာဌာနကို မြန်မာဘာသာဌာန(Department of Burmese Language) နှင့် မြန်မာစာဌာန(Department of Burmese Liturature) ဟူ၍ ဌာန၂ခု ခွဲခြား ဖွဲ့စည်းသည်။ ထိုသို့ ခွဲခြားဖွဲ့စည်းရသည့် အကြောင်းခံ ရှိသည်။

ထိုနှစ်တွင် ပါမောက္ခဆရာကြီး ဦးဧမောင်သက်ပြည့်အငြိမ်းစားယူသည်။ ဆရာကြီးဦးဝန် (မင်းသု ဝဏ်)သည် တက္ကသိုလ် ဘာသာပြန် နှင့် စာအုပ်ထုတ်ဝေရေး ဌာနမှူး အဖြစ် ဆောင်ရွက်နေရာမှ မြန်မာစာပါမောက္ခအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည်။ တက္ကသိုလ် တာဝန်ရှိပုဂ္ဂိုလ်များက ထိုသို့စီစဉ် ခြင်းဖြစ်သည်။ ဆရာကြီးဦးဝန်မှာ မြန်မာစာဌာနတွင် နည်းပြဆရာ အဆင့်မှ ကထိကအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ် ဖြစ်သည်။ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန လုပ်ဆောင် သောအခါ ဆရာကြီးဦးဝန်ကို ဌာနမှူးအဖြစ် ခန့်အပ်သည့်အတွက် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ရခြင်းဖြစ်သည်။ ဆရာကြီး ဦးဝန်ကို ပါမောက္ခအဖြစ်တာဝန်ပေးသည့် အပြင် ဆရာကြီးဦးဖေမောင်တင်နှင့် ဆရာကြီး ဦးသိန်းဟန် (ဇော်ဂျီ)တို့ ကို ဂုဏ်ထူးဆောင် ပါမောက္ခများ အဖြစ် ခန့်အပ်သည်။ မြန်မာစာဌာနတွင် ဘာသာဗေဒ (Linguistic)နှင့် စာပေဝေဖန်ရေး (Literary Criticism) ဘာသာရပ်များ သင်ကြားရန်ဟူသော ရည်ရွယ်ချက်
များရှိသည်။

ဆရာကြီးဦးဝန်သည် မြန်မာစာ ဌာနတွင် မြန်မာစာသင်ကြားရန် စတင်လမ်းခင်းသည်။ ဂုဏ်ထူးတန်းတွင် ဆရာကြီးဦးဖေမောင်တင်၏ “ဘာသာလောကကျမ်း” ကို ပြဋ္ဌာန်းသည်။ လန်ဒန်တက္ကသိုလ် သဒ္ဒဗေဒ ဝါရင့်ကထိက မစ္စဟမ်းစထရောင်း ((Ms. L.E. Armstrong) နှင့် ဦးဖေ မောင်တင်တို့ ၁၉၂၅ခုနှစ်က ပြုစုခဲ့သော A Burmese Phonetic Reader (မြန်မာသဒ္ဒါဗေဒဖတ်စာ) ကို ပြန်လည် ရိုက်နှိပ်သည်။ ဂုဏ်ထူးတန်းတွင် ဆရာကြီးဦးဝန်ကိုယ်တိုင် ဘာသာဗေဒအခြေခံများ စတင် သင်ကြားသည်။ ဆရာကြီး ဦးဖေမောင်တင်က ဌာနသားများကို မြန်မာသဒ္ဒါပို့ချပေးသည်။ မြန်မာစာဌာနတွင် အထူးနည်းပြ (Adhoc Tutor) များအဖြစ် လူငယ်အများ အပြားကို ခန့်ထားသည်။

ထိုနှစ်အတွင်းတွင် တက္ကသိုလ် ဥပဒေကို ပြင်ဆင်၍ အငြိမ်းစားယူရမည့် အသက်ကို ၅၅နှစ်မှ ၆ဝနှစ်သို့ တိုးမြှင့်လိုက်ရာ အငြိမ်းစားပင်စင် ခွင့်ယူထားသော ဆရာကြီး ဦး ဧမောင်သည် ထိုဥပဒေနှင့် အကျုံး ဝင်သွားသည့်အတွက် ပြန်လည် တာဝန်ထမ်းဆောင်သည်။ နိုင်ငံ တော်ဝန်ကြီးချုပ် ဦးနု၏ အကြံပေးချက်ဖြင့် မြန်မာစာဌာနကို ၂ဌာန ခွဲပြီး မြန်မာစာပေဌာနကို ဆရာကြီး ဦးဧမောင်က ကြီးကြပ်၍ မြန်မာစာဌာနကို ဆရာကြီးဦးဝန်က ကြီးကြပ် ရသည်။ မြန်မာစာဌာနအတွက် အမှတ်တရဖြစ်ရသောနှစ်ဖြစ်သည်။ ဆရာကြီးဦးဝန်သည် ဂုဏ်ထူးတန်းအတွက် “လောကထိပ်ပန် မင်စာများ” ကို စတင်ပြဋ္ဌာန်းပေးသည်။ တက္ကသိုလ်ဝင်တန်း မြန်မာ စာအတွက် သိပ္ပံမောင်ဝ ဝတ္ထု ဆောင်းပါးများ၊ ဦးပုညဝတ္ထု ၄ပုဒ်၊ ဦးဖေမောင်တင်၏ မြန်မာသဒ္ဒါနှင့် ရှင်ဥက္ကံသမာလာ၏ ဝဏ္ဏဗောဓန သတ်အင်းတို့ကို ပြဋ္ဌာန်းသည်။ မြန်မာစာ အခြေခံခိုင်မာစေရန် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်သည်။ ၁၉၂၆ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက် ရောက်သော အခါ မြန်မာစာဌာန ၂ခုကို ပြန်လည် ပေါင်းစည်းလိုက်ပြီး ဆရာကြီး ဦးမောင်မောင်ကြီးကို မြန်မာစာ ပါမောက္ခအဖြစ် တာဝန်ပေးသည်။

၁၉၆၄ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်ကို အစိုးရ လက်အောက် သို့ ထည့်သွင်းသည်။ တက္ကသိုလ် များသည် အစိုးရလက်ထက် အဖွဲ့ အစည်းများ ဖြစ်လာသည်။ သင်ကြား ရေးစနစ်ကို ဘာသာတွဲစနစ်မှ အဓိကဘာသာစနစ်သို့ ပြောင်းလိုက် သည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနသည် ထိုနှစ်တွင် တောင်ငူ ဆောင်သို့ ပြောင်းရွှေ့ရသည်။ ဆရာကြီးဦးမောင်မောင်ကြီး လက်ထက်တွင် ဘာသာဗေဒနှင့် သဒ္ဒဗေဒ (Linguistics and Pho- netics) ပညာရပ်ကို စတင်သင်ကြား ပို့ချသည်။ လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိကပညာရပ်ဌာန (School of Oriental and African Studies) တွင် မြန်မာအစိုးရ ပညာတော်သင်အဖြစ် ဘာသာဗေဒ သဒ္ဒ ဗေဒပညာရပ်များသင်ကြားပြီး မဟာဝိဇ္ဇာဘွဲ့ရယူခဲ့သော ဆရာကြီး ဦးရွှေသွင် (ပါမောက္ခငြိမ်း၊ မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှိအဖွဲ့၊ အမှုဆောင်အဖွဲ့၊ ကွယ်လွန်)နှင့် ဇနီးဖြစ်သူ ဆရာမကြီး ဒေါ်ခင်ခင်အေး (ရန်ကုန်စက်မှု တက္ကသိုလ် မြန်မာစာဌာနမှူး ငြိမ်း)တို့က သဒ္ဒ ဗေဒနှင့် ဘာသာဗေဒပညာရပ်များ ကို စတုတ္ထနှစ် မြန်မာစာ အဓိက တန်းနှင့် မဟာဝိဇ္ဇာတန်းတို့တွင် အသီးသီး ပို့ချသည်။ စနစ်သစ်နှင့် အညီ သင်ရိုးသစ်များ ရေးဆွဲ၍ သင် ကြားသည့် ဘာသာစကားပိုင်းတွင် ရှေးဟောင်းမြန်မာကျောက်စာ၊ မွန် ကျောက်စာ၊ ပျူစာ၊ မြန်မာမင်စာ တို့ကို သင်ကြားသည်။ စာပေပိုင်း တွင် ကာလပေါ်ဝတ္ထု (ခေတ် ဝတ္ထု)ကို ဆရာဇော်ဂျီက စတင် ပို့ချပေးပြီး ဝတ္ထု သင်ကြားရေးကို လမ်းညွှန် ဝေဖန်ရေးဆိုင်ရာ စာပေများ ကိုလည်း ပို့ချသည်။ ယခင် ရှေး ဟောင်းစာပေများကို အလေးပေး ပို့ချရာမှ ခေတ်သစ်စာပေများကိုပါ ထည့်သွင်းပို့ချသည်။ မဟာဝိဇ္ဇာ ဘွဲ့အတွက် ဘာသာစကားဆိုင်ရာ စာပေဆိုင်ရာကျမ်းများ ပြုစုတင် သွင်းကြသည်။

စနစ်သစ်နှင့်အညီ စာပေဆိုင် ရာ လှုပ်ရှားမှုများ ဆောင်ရွက်သည်။ မြန်မာစာအသင်းကို ဘာသာရပ် အသင်းတစ်ခုအဖြစ် ဖွဲ့စည်းပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပူးတွဲဆောင်ရွက်ကြ သည်။ မြန်စာဂုဏ် မဂ္ဂဇင်းနှင့် မြန်စာဂုဏ်ဂျာနယ် (နောင် မြန်မာ စာ မဂ္ဂဇင်းနှင့် မြန်မာစာဂျာနယ်) တို့ကို ပုံမှန်ထုတ်ဝေသည့်အတွက် စာရေးလိုသူများပါဝင် ကလောင် သွေးခွင့်ရကြသည်။ လေ့လာရေး ခရီးများထွက်ပြီး ကျောက်စာတူး ခြင်း၊ ရှေးဟောင်းစာပေများ ရှာဖွေ လေ့လာခြင်းတို့ ဆောင်ရွက်ကြ သည်။ ဘာသာဗေဒ သဒ္ဒဗေဒဆိုင် ရာ ကျမ်းပြုသူများက ဘာသာ စကားကွင်းဆင်း သုတေသနများ ဆောင်ရွက်ကြသည်။

“တက္ကသိုလ်ပညာ မြန်မာလိုသင်မည်” ဟူသောြေ<ွကးကြော်သံနှင့် အညီ တက္ကသိုလ်ဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားရာတွင် မြန်မာစကားပြေ နိုင်နင်းရန် လိုအပ် သည့်အတွက် ပထမနှစ် သင်တန်းများတွင် စကားပြေကို အားပြုသင် ကြားရန် စီမံဆောင်ရွက်ကြသည်။ ‘တက္ကသိုလ် မြန်မာစကားပြေ ကောက်နုတ်ချက်” ပြုစုပြဋ္ဌာန်းပြီး စကားပြေသင်ကြားရေးအတွက် ဆရာ၊ ဆရာမများကို ထပ်မံသင်တန်း ပေးခြင်း၊ ပို့ချခြင်းများ ဆောင်ရွက် ကြသည်။

၁၉၇ဝ-၇၁ခုနှစ် ပညာသင်နှစ်တွင် မဟာဝိဇ္ဇာတန်းကို ဘာသာအထူးပြုနှင့် စာပေ အထူးပြု စတင်ခွဲခြားသည်။ အထူးပြုအလိုက် အတန်းခွဲကို သင်ကြားပို့ချသည်။ မဟာဝိဇ္ဇာဘွဲ့အတွက် ကျမ်းပြုရာ တွင် နယ်ပယ် ကျယ်ပြန့်လာသည်။ ခေတ်သစ်စာပေများနှင့် ပို၍အထိ အတွေ့ရှိလာသည်။ ပြင်ပမှ စာရေး ဆရာများကို ဖိတ်ကြား၍ စာပေ ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပ သည်။ မြန်မာနိုင်ငံသည် သုတေသန ဆွေးနွေးပွဲ (Burma Res- earch Congress) ကို အစိုးရက ကြီးမှူး၍ နှစ်စဉ်ကျင်းပသည်။ ပညာရပ်များ ခွဲခြား၍ စာတမ်းများ ဖတ်ကြား ကြသည်။ ဘာသာစာပေ နှင့် ယဉ်ကျေးမှု ပညာရပ်အဖွဲ့တွင် မြန်မာစာဘာသာရပ် ပါဝင်သည့် အတွက် ရန်ကုန်တက္ကသိုလ် မြန်မာ စာ ပါမောက္ခ ဦးမောင်မောင်ကြီး၊ မန္တလေးတက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဦးချမ်းမြတို့ အမှူးပြုသော မြန်မာစာ ဆရာ၊ ဆရာမများက သုတေသန စာတမ်းများတင်သွင်း ဖတ်ကြားကြသည်။ အသိအမြင်တိုးပွားစရာ ဆောင်ရွက်ချက်များ ဖြစ်သည်။ ပါမောက္ခဆရာကြီး ဦးမောင် မောင်ကြီးသည် အခြေခံပညာ မြန်မာစာသင်ရိုးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည့်အတွက် အခြေခံပညာအတန်းများအတွက် မြန်မာ ဖတ်စာများကို ဦးဆောင် ပြုစုသည့် “ပင်ရင်းမြန်မာစကားပြေ လက်ရွေးစင်” ၊ “မြန်မာကဗျာလက်ရွေးစင်” စာအုပ်များတွင် ခေတ်သစ်စကား ပြေ ကဗျာများ ထည့်သွင်းခဲ့သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*