ယခုနှစ်တွင် မန္တလေးနန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်များကို ယခင်နှစ်များထက် လျှော့ချသွားမည်

ယခုနှစ်တွင် မန္တလေးနန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်များကို ယခင်နှစ်များထက် လျှော့ချသွားမည်
January 24, 2017 Asian Fame
ယခုနှစ်တွင် မန္တလေးနန်းမြို့ ကျုံးပတ်လည်၌ မဏ္ဍပ်များကို ယခင်နှစ်များထက် လျှော့ချသွားမည်

m

၂ဝ၁၇ခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတွင် မန္တလေးနန်းမြို့  ကျုံးပတ်လည်၌ မဏ္ဍပ်များကို ယခင်နှစ်များထက် လျှော့ချသွားမည်ပြီး မြန်မာ့ရိုးရာ အတာသင်္ကြန် ကို ရေဖြုန်း၊ ငွေဖြုန်း မဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှသိရှိရသည်။

မန္တလေးမြို့တော်မဟာသင်္ကြန်ကို ငွေကြေးသုံးစွဲမှုနှင့် ရေဖြုန်းတီးမှု လျှော့ချပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန်၊ ပြည်သူ့သင်္ကြန် ဖြစ်အောင် ပြန်လည်ကျင်းပသွားရန် တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ တင်ပြပြီး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ မဏ္ဍပ်များ ကို မန္တလေးမြို့ တွင်း၊ မြို့နယ်များတွင် ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ကျုံး မျက်နှာ စာတစ်ဖက်လျှင် မဏ္ဍပ် နှစ် ခု၊ သုံးခုသာ ခွင့်ပြုသွားရန် စီစဉ်ထား ကြောင်း ၊၂၆ဘီလမ်း ကျုံးတောင် ဘက်တွင် မန္တလေးမြို့တော် မဟာ သင်္ကြန်မဏ္ဍပ်နှင့် နန်းမြို့သူ မဏ္ဍပ် နှစ်ခုသာဆောက်လုပ်ရန် ရည်ရွယ် ထားကြောင်း၊ ယခုနှစ်တွင် မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ရန်ပုံငွေများကို သုံးစွဲပြီး နာမည် ကြီးအဆိုတော်များကို ငှားရမ်း ဖျော် ဖြေခြင်း လုပ်မည်မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန်၊ စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာရဲလွင်က ဇန်နဝါရီလ ၁၇ ရက်နေ့က မန္တလေး မြို့  စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂ဝ၁၇ခုနှစ် မန္တလေးမြို့တော် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်၂ဝ၁၆ခုနှစ် မန္တလေး မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးကျုံးပတ်လည်တွင် သင်္ကြန် မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက် ထားသူ ၄ဝဝကျော်ရှိပြီး ကျုံး တစ်ဖက်လျှင် ရေကစားမဏ္ဍပ် ၁ဝခု စီဖြင့် ကျုံးပတ်လည်တွင် ရေကစား မဏ္ဍပ် ၄ဝ ခန့်သာခွင့်ပြုခဲ့ကြောင်း သိရှိသည်။

မန္တလေးတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များနှင့် မန္တလေး မြို့ခံစာပေ၊ ဂီတ၊ သဘင်ပညာရှင် များ၊ သမိုင်းပညာရှင်များ က၂ဝ၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြု လုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ၌ မန္တလေးသင်္ကြန်ပွဲကျင်းပခြင်း ကိစ္စ နှင့်ပတ်သက်၍ မန္တလေး သင်္ကြန်ပွဲ တော်ကို ရိုးရာယဉ်ကျေးမှု သင်္ကြန် ပွဲစစ်စစ်ပြန်ဖြစ်စေလိုကြောင်း၊ မလိုအပ်ဘဲကုန်ကျစရိတ်အများအပြား မသုံးစွဲစေလိုကြောင်း၊ စာပေအနု ပညာရှင်များက တိုက် တွန်းပြောဆို ထားကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*