Myanmar Idol Season 2 ရဲ့နောက်ဆုံး Top Ten Finalist ဆယ်ဦးထွက်ပေါ်

Myanmar Idol Season 2 ရဲ့နောက်ဆုံး Top Ten Finalist ဆယ်ဦးထွက်ပေါ်
January 23, 2017 Asian Fame
Myanmar Idol Season 2 ရဲ့နောက်ဆုံး Top Ten Finalist ဆယ်ဦးထွက်ပေါ်

Myanmar--IdolMyanmar Idol Season 2ရဲ့နောက်ဆုံး Top Ten Finalist ဆယ်ဦး ထွက်ပေါ်လာခဲ့ပြီဖြစ်ပါ တယ်။ ဒီဆယ်ဦးဟာ ဇန်နဝါရီလ ၂၆ ရက်နေ့ က စတင်ပြီး  Live performance ယှဉ်ပြိုင်မှု များနဲ့အတူ Myanmar Idol ခရီးရှည်ကြီးကို ဖြတ်သန်း ရတော့ မှာဖြစ်ပါတယ်။ ဒီဆယ်ဦး ကတော့ ရဲနောင်၊ သားငယ်၊ ဇင်ကြီး၊ ဖြူလေး၊ ချမ်းငြိမ်း၊ ပိုးမီ၊ မိုင်မိုင် အောင်၊ အေမီဈာန်၊ ယွန်း၊ Billy လမင်းအေး တို့ပဲဖြစ်ပြီး သူတို့ နဲ့စာနယ်ဇင်းများ တွေ့ဆုံမိတ်ဆက်ပွဲ ကိုတော့ ဇန်နဝါ ရီလ ၂၁ ရက် မနက် ၁၁ နာရီ က နိုဗိုတယ် ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

“ကျွန်မတို့ ခက်ခက်ခဲခဲနဲ့ ရွေးချယ်ခဲ့ရတဲ့ ပြိုင်ပွဲဝင် ၁ဝ ယောက် ကို ပရိသတ်ရဲ့ရင်ထဲ၊ နှလုံးသားထဲကို အရောက် ပို့ပေးလိုက်ပါပြီ။ သူတို့ ရဲ့ကံရော၊ ဥာဏ်ရော၊ ဝီရိယရော၊ ကြိုးစား အားထုတ်မှုရောပေါင်း ဆုံပြီး တော့မှ ပရိသတ်ရဲ့ ချစ်ခြင်း မေတ္တာ ကို ရရှိပါစေလို့ ဆုတောင်း လိုက်ပါ တယ်။ ကျွန်မကိုယ်တိုင်လည်း ရင်ခုန် စိတ်လှုပ်ရှားနေပါတယ်”လို့ အကဲဖြတ် ဒိုင်တစ်ယောက်ဖြစ်တဲ့ အဆိုတော် တင်ဇာမော် က ပြောပါ တယ်။

Myanmar Idol Season-2 ရဲ့ Winner ဖြစ်သွားမယ့် သူကတော့ ဆုကြေးငွေကျပ် သန်း ၂ဝ နဲ့အတူ  Ford ကားအသစ် တစ်စီး ကိုလည်း ရရှိမှာဖြစ်ပါတယ်။

ရဲရဲ၊ မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*