စာဖတ်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောပြသူ ဒေါင်း

စာဖတ်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောပြသူ ဒေါင်း
January 23, 2017 Asian Fame
စာဖတ်ခြင်းကနေ ရရှိတဲ့ အကျိုးကျေးဇူးတွေကို ပြောပြသူ ဒေါင်း

doung

လူ့ဘဝ ဖြတ်သန်းကြရာမှာ အကောင်းအဆိုး၊ အကြောင်းအကျိုး ဒွန်တွဲဖြစ်တည်နေတာက လောက သဘာဝနိယာမ တရားတစ်ခုပါ။ လူတိုင်း ဖြတ်သန်းကျင်လည်ရာ ဘဝမှာ ပန်းခင်း လမ်းပဲ မဖြစ်နိုင်သလို ဆူးခင်းလမ်း တွေပဲ ပြည့်နှက်မနေတာက လူ့သဘာဝပါ။ အဲဒီလိုဖြစ်တည်နေတဲ့ဘဝမှာ အမှားအမှန် ဆုံးဖြတ်ဖို့ ဝေဖန်ပိုင်းခြား ရွေးချယ်လျှောက် လှမ်းနိုင်ဖို့အတွက် စာအုပ် စာပေ ဖတ်ခြင်းက အကောင်းဆုံးလမ်းပြပေးတဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုပါလို့ ဆိုလာသူကတော့ သရုပ်ဆောင် မင်းသား ဒေါင်းပဲ ဖြစ်ပါတယ်။

” အဓိကကတော့ဗျာ စာဖတ်တဲ့အခါ ကျွန်တော် အပြင်မှာ မတွေ့ကြုံဖူးသေးတာကို စာအုပ်ထဲမှာ အရင်တွေ့ကြုံပြီးသွားပြီ။ စာအုပ်ထဲမှာ အရင် ထိ တွေ့ပြီးသွားပြီ။ အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလာပြီဆိုရင် ဒါက ကိုယ်ဖတ်ထားတဲ့စာအုပ် တစ်အုပ် ရဲ့ ဇာတ်လမ်းတွေထဲက မလွတ်ပါဘူး။ အဲဒီလို မလွတ်ဘူးဆို ကတည်းက ကိုယ်ဘယ်လို ဖြတ်သန်း ရမလဲ။ ကိုယ်ဘယ်လို ရပ်တည်ရမလဲ။ အမှားအမှန်ကို ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ အလိုလိုကို သဘော ပေါက်သွားပြီ။ အဲဒါ ကျွန်တော်တို့အတွက် တအား တန်ဖိုးရှိတဲ့ အရာတစ်ခုပါ” လို့ ဒေါင်းက သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။ ဒေါင်းကငယ်စဉ် ကလေး ဘဝ ၅တန်းကျောင်းသား ဘဝကတည်းက စာဖတ်ခြင်းကို ဝါသနာပါခဲ့ပြီး ယနေ့အထိ ဖတ်ဖြစ်နေတဲ့ စာပေအကြောင်းကိုတော့ ” ကျွန်တော်ကလေးဘဝမှာ ရွှေသွေး စဖတ်တယ်။ အဲဒီကနေတစ်ဆင့် တက်လာတော့ ကလေးဝတ္ထုတွေ ဖတ် တယ်။ နောက်တော့ ရသစာပေတွေ ဖတ်တယ်။ အခုနောက်ပိုင်းတော့ ကျွန်တော်ဘာသာပြန်တွေ ဖတ်ဖြစ်တယ်။ ကျွန်တော်စိတ်ဝင်စားတဲ့ သမိုင်းတွေနဲ့ အဲဒီသမိုင်းတွေကို ရသမြောက်အောင် ရေးထားတဲ့ စာအုပ်တွေဖတ်ဖြစ်တယ်” လို့ သူ့ရဲ့ စာဖတ်ရှုခဲ့ရာ စာပေတွေအကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင် ဒေါင်းက ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဇာတ်ကားများရိုက်ကူးလျက်ရှိ ပြီး “ဒုတိယမြောက် နှလုံးသား” ဇာတ်ကားထွက်ရှိလာပြီ ဖြစ်သလို လက်ရှိမှာတော့ “ဘယ်သူခြယ်တဲ့ ကောင်းကင်ပြာ” အမည်ရှိ ဗီဒီယိုဇာတ်ကားကို စတင်ရိုက်ကူးလျက်ရှိပါတယ်။

မျိုးကျော် (ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*