လူပြောများနေတဲ့ Non Stop DVD ပြကွက်များအကြောင်း ရှင်းပြတဲ့ နန်းခင်ဇေယျာ

လူပြောများနေတဲ့ Non Stop DVD ပြကွက်များအကြောင်း ရှင်းပြတဲ့ နန်းခင်ဇေယျာ
January 20, 2017 Asian Fame
လူပြောများနေတဲ့ Non Stop DVD ပြကွက်များအကြောင်း ရှင်းပြတဲ့ နန်းခင်ဇေယျာ

Nan-Khin-Zay-Yarနန်းခင်ဇေယျာရဲ့ တစ်ကိုယ်တော် စီးရီး “Non stop” MTV ခွေ က ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ သီချင်း အပုဒ်တိုင်းကို အကောင်းဆုံး ပုံဖော် ရိုက်ကူးထားပါတယ် ဆိုတဲ့ သူမရဲ့ MTV ထဲမှာတော့ ပရိသတ် တွေကြား စိတ်ဝင်စား လူပြော များ နေတဲ့ ရိုက်ချက်ပြကွက် တွေလည်း ပါဝင်နေပါတယ်။ ဒီလို ရိုက်ချက်တွေ နဲ့ ပတ်သက်ပြီး ပရိသတ် ဝေဖန်သံ တချို့ထွက်ရှိခဲ့ပြီး အဲဒီ ဝေဖန်သံနဲ့ ပတ်သက်ပြီး နန်းခင်ဇေယျာက

“ဒါကတော့ ဇာတ်လမ်း ဇာတ်ကွက် အရ ရိုက်ရ တာပဲ။ နိုင်ငံခြားမှာလည်း ဇာတ်လမ်း ဇာတ်ကွက် ကောင်းအောင် ပရိသတ် စိတ်ဝင် စားအောင် ရိုက်ရတာပဲ။ ပရိသတ် စိတ်ဝင်စားတဲ့ အတွက် တအား ဝမ်းသာပါ တယ်။ ဒါကိုပရိသတ် စိတ်ဝင်စား ကြတယ် လို့ပဲ ပြောရ မှာပေါ့။ ဘယ်အရာမဆို ကောင်းတာ ရော၊ မကောင်းတာရော ဒွန်တွဲနေပါတယ်” လို့ ပြောပါတယ်။

နောက်ပိုင်းမှာလည်း အဆိုပိုင်း နဲ့ သရုပ်ဆောင်ဘက်ကို မျှပြီး လုပ်ဖြစ်သွား မယ် ဆိုတဲ့ နန်းခင်ဇေယျာက လိုအပ် မှုတွေလည်း အများကြီး ရှိသေးကြောင်း ဆိုပါတယ်။

“နန်းခင် အဆိုပိုင်းမှာ အခုမှ လေ့လာ နေတဲ့သူတစ်ယောက် ဖြစ်တဲ့အတွက် ကြောင့် အများကြီး ကြိုးစားရဦးမယ်။ နန်းခင် အကောင်း ဆုံး ဖြစ်အောင် ကြိုးစား နေပါတယ်။ လိုအပ်မှု တွေအများကြီး ရှိပါသေးတယ်။ နှစ်ခုစလုံး  ကို မျှပြီး လုပ်ဖြစ်သွား မှာပါ”လို့ ပြောပါတယ်။ လတ် တလော မှာတော့ နန်းခင် ဇေယျာက ဒါရိုက်တာ ရာဇဝင်ကို ပုံဖော် ရိုက်ကူးထားတဲ့ “သမက်တော် … ကွက်ကျော်” ရုပ်ရှင် ဇာတ်ကားကြီးကို ရဲအောင်၊ ခန့်စည်သူ၊ သူရိယ၊ ဝေလျံ၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ သွန်းဆက်၊ စိုးနန္ဒာကျော် တို့နဲ့အတူ နေကြောင်း သိရပါတယ်။

တွယ်တာ၊
ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*