ပရိသတ်ရင်ထဲ ကျန်ရစ်မယ့် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ပိုးအိအိခန့်

ပရိသတ်ရင်ထဲ ကျန်ရစ်မယ့် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ပိုးအိအိခန့်
January 20, 2017 Asian Fame
ပရိသတ်ရင်ထဲ ကျန်ရစ်မယ့် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ချင်တဲ့ ပိုးအိအိခန့်

Poe Ei Ei Khant (2)

ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်လာတဲ့ ပိုးအိအိခန့်က သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လမ်းပေါ်မှာပဲ ရှိသေးတယ်လို့ ဆိုလာပါတယ်။ အခု ရရှိထားတဲ့ နေရာ လေးကိုတော့ ကျေနပ်အားရမှု မရှိသေးကြောင်း မင်းသမီး ဖြစ်ချင်တယ်ဆိုတာထက် ပရိသတ်ရင်ထဲမှာရှိနေမယ့် သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ဖွင့်ဟလာပါတယ်။

” ဇာတ်ကားတွေ ရိုက်ကူးပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လမ်းပေါ်မှာပဲ ရှိသေးတယ်။ ဇာတ်ကားထွက်လာရင်လည်း ပြန်ကြည့်လိုက်တိုင်း လိုအပ် ချက်လေးတွေတော့ရှိတယ်။ သရုပ်ဆောင်ပိုင်းလေးတွေလိုတာ၊ အပြင် အဆင်ပိုင်း တွေလိုတာတွေရှိတယ်။ အားရကျေနပ်မှုတော့ မရှိသေးဘူး။ မင်းသမီးဖြစ်ချင်တယ်ဆိုတာထက် ပရိသတ်ရင်ထဲမှာရှိနေမယ့် တကယ် ကျန်ရစ်မယ့် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တယ်” လို့ ပိုးအိအိခန့်က ပြောပါတယ်။

၂ဝ၁၆ခုနှစ်ထဲမှာ အယူတော်မင်္ဂလာ၊ အော်ရီဂျင်နယ် ဂိုဏ်းစတား-၃ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ ပိုးအိအိခန့်က ရုပ်ရှင်ကားကြီးရိုက်ကူးရတာနဲ့ ဗီဒီယိုဇာတ်ကားရိုက်ကူးရတာ ခွဲခြားမှုတော့ မရှိကြောင်းလည်း ပြောပါတယ်။

” ကွာတာက ပိတ်ကားပေါ်မှာ ကြည့်ရှုရတာနဲ့ အိမ်ကတီဗီမှာ ကြည့်ရှုရတာပဲကွာတယ်။ တကယ်တော့ သရုပ်ဆောင်တစ်ယောက်ရဲ့ တာဝန်က ဗီဒီယိုဇာတ်ကား ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ဖြစ် ကိုယ်ကျတဲ့ ကာရိုက်တာကို ကောင်းကောင်းမွန်မွန်လုပ်ဖို့ပဲ။ အဓိကက ကိုယ့်ကာရိုက်တာကို အကောင်းဆုံး လုပ်လို့ရှိရင် ဗီဒီယိုရိုက်ကူးထားတဲ့ ဇာတ်ကားကို ရုပ်ရှင်အဖြစ် ပြသရင်လည်းသတ္တိရှိတယ်” လို့ ပြောပါတယ်။ ပိုးအိအိခန့်က နောက်နှစ်ထဲမှာတော့ Tour & Travel နဲ့ ပတ်သက်တဲ့ စီးပွားရေး တစ်ခုလုပ်ဖို့ရှိကြောင်းလည်း ပြောပါတယ်။

တွယ်တာ ၊ ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*