၂ဝ၁၆ ခုနှစ်အတွင်း ဗီဒီယို ဇာတ်ကားထွက်ရှိခဲ့မှု ၂ဝ၁၅ ခုနှစ်ထက် ၂ဝဝ နီးပါးအထိ လျော့ကျခဲ့

၂ဝ၁၆ ခုနှစ်အတွင်း ဗီဒီယို ဇာတ်ကားထွက်ရှိခဲ့မှု ၂ဝ၁၅ ခုနှစ်ထက် ၂ဝဝ နီးပါးအထိ လျော့ကျခဲ့
January 17, 2017 Asian Fame
၂ဝ၁၆ ခုနှစ်အတွင်း ဗီဒီယို ဇာတ်ကားထွက်ရှိခဲ့မှု ၂ဝ၁၅ ခုနှစ်ထက် ၂ဝဝ နီးပါးအထိ လျော့ကျခဲ့

zyh

မြန်မာဗီဒီယိုဇာတ်ကားများ တစ်နှစ်ပတ်လုံး ရန်ကုန်ရက်ချိတ်ထွက်ရှိခဲ့မှု စာရင်းအရ ၂ဝ၁၆ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလ ၃၁ ရက်အထိ ထွက်ရှိခဲ့မှု စာရင်းအရ ဗီဒီယို ဇာတ်ကားပေါင်း ၇၉၃ ကား ထွက်ရှိခဲ့ပြီး မနှစ် ၂ဝ၁၅ ခုနှစ်ကထက် ဇာတ်ကားပေါင်း ၂ဝဝ နီးပါး အထိလျော့ကျခဲ့ကြောင်း မြန်မာ နိုင် ငံဗီဒီယိုအခြေခံအဖွဲ့(ဗဟို) ရဲ့ ရန်ကုန် ရက်ချိတ်စာရင်းဇယားအရ သိရပါတယ်။ ၂ဝ၁၅ ခုနှစ်က ရန်ကုန်ရက်ချိတ်စာရင်းအရ ဇာတ်ကားထွက်ရှိခဲ့မှုမှာ တစ်နှစ်ပတ်လုံး တွင် ဗီဒီယိုဇာတ်ကားပေါင်း ၉၄၂ ကားအထိ ထွက်ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် ဇာတ်ကားပေါင်း တစ်ထောင်ကျော်အထိ ထွက်ရှိခဲ့ဖူးတယ်လို့ ထပ်မံသိရပါတယ်။ ဒါရိုက်တာဇမ္ဗူ ထွန်းသက်လွင်ကတော့

” နောက်နှစ်တွေဆိုရင် ဒီထက်ပို ကျဆင်းသွားနိုင်ပါတယ်။ အခုဗီဒီယို ဇာတ်ကားတွေထွက်တဲ့အထဲမှာလည်း အောက်ဇာတ်ကားတွေထွက်ရှိတာများပါတယ်။ တချို့ထုတ်လုပ်ရေးတွေကလည်း ဗီဒီယိုဆိုရင် သိပ်မရိုက်ကြတော့ဘူး။ ထုတ်လုပ်ရေးတွေက လည်း ရုပ်ရှင်တွေပဲ ရိုက်ကြတော့တယ်” လို့ မှတ်ချက်ပြုဆိုပါတယ်။

တစ်နှစ်ပတ်လုံးရဲ့ ဗီဒီယို ဇာတ်ကားတွေမှာ အများဆုံးထွက်ရှိခဲ့တဲ့ မင်းသားတစ်ယောက်အဖြစ် သတ်မှတ်နိုင်တဲ့ ဇေရဲထက်ကတော့ ” ကျွန်တော် ဇာတ်ကားတွေအများကြီး ရိုက်ကူးခဲ့ တယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော့်အနေနဲ့ ရုပ်ရှင်ဇာတ်ကားကိုပဲ တစ်လနှစ်ကား နှုန်းနဲ့ ရိုက်ကူးသွားရင် ပုံမှန်အေးဆေးနေလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဗီဒီယို လောကကြီး ပျောက်သွားမှာလည်း စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ဗီဒီယိုလောကနဲ့ ပတ်သက်ပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့ လူတွေရှိတယ်။ အဲဒီလို လူတွေအတွက်ကလည်း ဒီလိုမျိုး အလုပ်တွေရှိနေမှ အဆင်ပြေတာ။ သူတို့တွေ အလုပ်မပြတ်ဖို့ဆိုတဲ့ စိတ်ရင်းအမှန်လည်း ရှိတယ်။ ကျွန်တော်လည်း အခုဆိုရင် တစ်လမှ ဗီဒီယိုနှစ်ကားလောက်ပဲ ထွက်တော့တယ်။ အရင်တုန်း ကဆိုရင် တစ်ပတ်မှာတစ်ကားနှုန်းနဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရုပ်ရှင်ဇာတ်ကား အရိုက်များလာတာလည်းပါပါတယ်” လို့ ထောက်ပြပြောပြပေးခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*