လူဆိုး တစ်ယောက်နေရာ က သရုပ်ဆောင်မယ့် ထားထက်ထက်

လူဆိုး တစ်ယောက်နေရာ က သရုပ်ဆောင်မယ့် ထားထက်ထက်
January 17, 2017 Asian Fame
လူဆိုး တစ်ယောက်နေရာ က သရုပ်ဆောင်မယ့် ထားထက်ထက်

Htar-Htet-Htet-(1)ဒါရိုက်တာ စတီး(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ “စိန်ပွင့်မရဲ့ ဘော်ဒီဂတ်” အက်ရှင်ရုပ်ရှင် ဇာတ်ကားကြီးမှာ အလှမယ် ထားထက်ထက် က မြင့်မြတ်၊ အိချောပို တို့နဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ထားထက်ထက်က လူဆိုးမလေး တစ်ယောက် နေရာ ကနေ သရုပ်ဆောင် ထားရတာ ဖြစ်ပါတယ်။ လူဆိုး ကာရိုက်တာကို လက်ခံ ရိုက်ကူးဖြစ်ပုံနဲ့ပတ် သက်ပြီး အလှမယ် ထားထက်ထက် က..

“ဒီနေရာမှာ သရုပ်ဆောင်ရတာကို အစက စဉ်းစားမိ တာက ဒီမြန်မာ နိုင်ငံမှာ ကျတော့ တချို့တွေက ဒီနေရာမြင်ရင် ဒီနေရာကိုပဲ သတ် မှတ် တတ်တဲ့ အမြင်လေးတွေက ရှိတယ်။ ထားထက် အနေနဲ့ စဉ်းစားတာက နိုင်ငံခြားမှာ ဆိုရင် ဘယ်မင်းသား၊ မင်းသမီးမဆို သူတို့ရဲ့ ကျရာ ဇာတ်ရုပ်မှာ သူတို့အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်ကြတယ်။ ဇာတ်ရုပ်ကို တအားမရွေးကြဘူး။ ထား ထက်ရွေးတာ က လည်း ဇာတ်လမ်းပေါ် မူတည်ပြီးတော့ပဲ ရွေးတယ်။ ကျန်တဲ့ ဟာ သိပ်မရွေးဘူး။ အခု လူဆိုးနေရာက ရိုက်ကူးဖို့ကို ဒါရိုက်တာနဲ့ စပြော တုန်း ကတော့ စိုးရိမ်စိတ်တော့ ရှိတယ်။ ဒါပေမဲ့ ဇာတ်လမ်းကလည်း တအား ကောင်းတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့် လူဆိုးဆို လည်း လူဆိုးနေရာ ကနေ ပီပြင်အောင် သရုပ်ဆောင် သွားမယ်။ ပြီးတော့ ထား ထက်ရဲ့ ပရိသတ်တွေ ကိုလည်း ကာရိုက်တာ အသစ်အဆန်းလေး ရိုက်ပြ ချင်တာကြောင့် လက်ခံ ရိုက်ကူးတာပါ” လို့ ပြောပါတယ်။ ထားထက်ထက် ပထမ ဦးဆုံး ရိုက်ကူးထားတဲ့ “လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ” ရုပ်ရှင် ဇာတ်ကားကြီး ကလည်း ၃လ ပိုင်းလောက်မှာ ရုံတင်ပြ သတော့ မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ရိုက်ကူးရတဲ့ ဇာတ်ကားဖြစ်လို့ လိုအပ်ချက် အားနည်းချက်တွေ ရှိပါလိမ့်မယ် ဆိုတဲ့ ထားထက်ထက် က…

“မရိုက်ကူးခင် ကလည်း အခက်အခဲဖြစ်တယ်။ ရိုက်ကူးပြီးတဲ့ အချိန်လည်း အခက်အခဲတွေက တအား များတယ်။ အဲဒီလို အခက်အခဲ တအားများတဲ့ အထဲကမှ ရုံတင်လာလို့ ရှိရင် အများကြီး မမျှော်လင့်ထားပေမယ့် ထားထက်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဖြစ်လို့ လိုအပ်ချက်တွေ အများ ကြီးရှိမယ်။ ပြီး တော့ ဒီဇာတ်ကား ရှေ့မှာ ဗီဒီယိုတစ်ကားပဲ ရိုက်ကူးထားရ သေးတာဆိုတော့ အတွေ့အကြုံ လည်းနည်းပါ လိမ့်မယ်။ ဒါကြောင့် ထားထက် အများကြီး မမျှော်လင့်ပါဘူး။ ဒီဇာတ်ကား မှာ ထား ထက် တကယ်ကြိုးစား ထားတယ်ဆိုတဲ့ ဟာလေး ကိုပဲ ပရိသတ်က ကြည့်ပြီးတော့ လက်ခံပေးရင်ပဲ ကျေနပ်ပါတယ်”လို့ ပထမဦးဆုံး ထွက်ရှိလာတော့မယ် ဇာတ်ကား အပေါ် မျှော်လင့် ချက်ကို ပြောပြပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*