မြန်မာစာဌာန၏ နှစ်(၂ဝ) ခရီး

မြန်မာစာဌာန၏ နှစ်(၂ဝ) ခရီး
January 10, 2017 Asian Fame
မြန်မာစာဌာန၏ နှစ်(၂ဝ) ခရီး

mg-khin-minတက္ကသိုလ်၊ မြန်မာစာ ဌာန သည် ပထမဆုံး ပါမောက္ခ ဆရာကြီးဦးဧမောင်၏ ကြီးကြပ် အုပ်ချုပ်မှုဖြင့် ၁၉၄၁ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ အနှစ်(၂ဝ)စွန်း စွန်းကာလကို ဖြတ်သန်းခဲ့ပါသည်။ ထိုကာလတွင် သင်ကြားရေး စနစ်မှာ ယခုလို အထူးပြုစနစ် မဟုတ်ပါ။ ဘာသာတွဲ စနစ်ဖြစ်သည်။ ဥပစာ တန်း (ယခုပထမနှစ်၊ ဒုတိယ နှစ်) ၂နှစ်တွင် အင်္ဂလိပ်စာနှင့် မြန်မာစာ သည် မယူမနေရ ဘာသာများဖြစ် သည်။ ထို့ပြင် နှစ်သက်ရာ ဘာသာ တွဲတစ်ခုကို ရွေးချယ် ယူခွင့်ရှိသည်။ ဘာသာ အတွဲတွင် ဘာသာ ၃ ဘာ သာယူရသည်။ စုစုပေါင်း ၅ဘာသာ ဖြစ်သည်။ ဥပစာတန်း အပိုင်း(က) နှင့် အပိုင်း(ခ)အောင် လျှင် ဝိဇ္ဇာ တန်း သို့မဟုတ် သိပ္ပံတန်း (ယခု တတိယနှစ်နှင့် စတုတ္ထနှစ်)သို့ တက် ရသည်။ ဝိဇ္ဇာ၊ သိပ္ပံတန်းများ တွင် အင်္ဂလိပ်စာမှာ မယူမနေရ ဘာသာ ဖြစ်ပြီး ဘာသာ(၃) ဘာသာတွဲ ထား သော နှစ်သက်ရာ ဘာသာတွဲကို ရွေးချယ်ယူရသည်။

ဥပစာဝိဇ္ဇာ (I.A)၊ ဥပစာသိပ္ပံ (I.SC)၊ ဝိဇ္ဇာ (B.A)၊ သိပ္ပံ (B.SC)ဟူ၍ အတန်း အသီးသီး အခေါ်အဝေါ်များကို လည်း သုံးသည်။ ထိုစဉ်က သင်ကြား ရေးကို အကျဉ်းမျှသာ ပြသခြင်း ဖြစ်သည်။

ဥပစာတန်း စာမေးပွဲတွင် အဆင့်မီလျှင် ဂုဏ်ထူးတန်း တက်ခွင့် ရသည်။ ဝိဇ္ဇာဂုဏ်ထူး B.A (Hons) နှင့် သိပ္ပံဂုဏ်ထူး B.Sc (Hons) ဟူ ၍ ရှိရာ ဘာသာ တစ်ခုကိုသာ အထူး ပြုလေ့လာရသည်။ ဂုဏ်ထူးတန်း ၃နှစ်တက်ပြီး ဝိဇ္ဇာ (ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ(ဂုဏ်ထူး) ဘွဲ့များ ရသည်။ ဂုဏ် ထူးဘွဲ့ရပြီးနောက် မဟာဝိဇ္ဇာ (M.A)၊ မဟာသိပ္ပံ (M.Sc) ဘွဲ့များ အတွက်  ဆက်လက် တက်ခွင့်ရှိသည်။ မြန်မာစာ ဘာသာရပ်မှာ ဥပစာ တန်းတွင် ကျောင်းသား အားလုံး မယူ မနေရ ဘာသာဖြစ်သည်။ ပင်ရင်း ဖြစ်သော  compulsory Burmese (C.B) ဟု ခေါ်သည်။ ထို့ပြင် မြန်မာ စာအထူးပြုပါ သူများအတွက် စိတ် ကြိုက်မြန်မာစာ Optional Burmese (O.B) ဘာသာရပ်လည်း ရှိသည်။ ဥပစာတန်း ဘာသာတွဲအဖြစ် ယူနိုင် သည်။ ထို့အတူ ဝိဇ္ဇာတန်းတွင် မြန်မာ ဝေါဟာရနှင့် အနုစာပေ Burmese Language and Literature (B.Litt) ဘာသာ ရပ်များလည်းရှိသည်။ ထိုဘာသာ ရပ်များတွင် ရှေးဟောင်း စာများဖြစ် သော မြန် မာကျောက် စာ ရှေးမွန် ကျောက်စာ၊ ပျူစာ စသည် တို့နှင့် ပျို့ ၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ရကန်၊ ဇာတ်နိပါတ်၊ ရာဇဝင်၊ အရေးတော် ပုံ၊ ဖြတ်ထုံး၊ လျှောက်ထုံးစသော ရှေး ခေတ် စာပေများကို အားပြုသင်  ကြားသည်။ မြန်မာစာ အခြေခံ ခိုင်မာ တောင့် တင်းအောင် ၊ မြန်မာစာ သင်ယူခြင်းဖြင့် အသိအမြင်၊ ဗဟု သုတနှင့် စိတ်ပိုင်း အရည်အသွေး များ တိုးပွားအောင် ၊ မြန်မာစာ ကို မြတ် နိုးလေး စား တန်ဖိုးထားစိတ် ခိုင်မာအောင် သင်ကြားပေးသည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် မြန်မာစာ ဌာနကို မြန် မာနှင့် မြန်မာ ရောင်းရင်း စာပေဌာန(Burmese and Allied Languages Department) ဟု ခေါ်သည်။

ထိုကာလက ဟံသာဝတီ ပုံနှိပ် တိုက်၊ ပညာအလင်းပြ ပုံနှိပ်တိုက် စသော ပုံနှိပ်တိုက် များက ရှေးမြန်မာ စာပေများကို စနစ်တကျ တည်းဖြတ် ၍ ထုတ်ဝေသည့် အတွက် ထိုစာအုပ် များ ပြဋ္ဌာန်းရန် အဆင်ပြေသည်။ စစ်ပြီးခေတ်တွင် ရှေးစာပေ ဆိုင်ရာ စာအုပ်များ ရှားပါးလာသည့် အတွက် ဆရာကြီး ဦးဧမောင်က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ အဖွဲ့ကို မေတ္တာရပ်ခံ၍ အင်းဝခေတ် ပျို့ကြီး(၆)စောင် ကို မြန်မာစာ ဌာနက ကထိက ဆရာကြီး၊ ဆရာမကြီးများ တည်းဖြတ်စေပြီး ဗုဒ္ဓသာသနာ အဖွဲ့ ပုံနှိပ်တိုက်က ထုတ်ဝေသည်။ စတုဓမ္မသာရ ကိုး ခန်းပျို့၊ ပါရမီတော်ခန်း ပျို့၊ ဆု တောင်းခန်းပျို့၊ ဘူရိဒတ် ဇာတ် ပေါင်းပျို့၊ နေမိဘုံခန်းပျို့၊ တေမိ ငရဲခန်းပျို့ တို့ဖြစ်သည်။ ထိုပျို့များ သည် ယခုတိုင်စဉ်ဆက် ပြဋ္ဌာန်း သင်ကြားလျက်ရှိသည်။ မြန်မာစာ ဌာနတွင် မင်ကူးကျောက် စာများ ၊ ကျောက်စာ ဓာတ်ပုံများကို စနစ် တကျ ထိန်းသိမ်းထားသည်။ ပုဂံ စသည့် ဒေသများမှ မူရင်းကျောက် စာတိုင်များသို့သွား၍ မိုင်းကိုင် စက္ကူ ဖြင့် ကူးယူသော ကျောက်စာ ကူးသည့် လုပ်ငန်းကို ရက်ရှည်ကျောင်းပိတ် ရက်များတွင် ဆောင်ရွက်ပြီး မင်ကူး ကျောက်စာ များကို သိမ်း ဆည်းထား ခြင်း ဖြစ်သည်။ ဆရာကြီး ဦးဖေ မောင်တင်နှင့် ဆရာကြီး ဂျီအိပ်လုစ် တို့ပြုစုသော မြန်မာတိုင်းရင်း ကျောက် စာများ (Inscriptions  Burma)  ခေါ် ကျောက်စာမူရင်း ဓာတ်ပုံ ကျောက်စာထုပ်ကြီး(၅)ထုပ်မှာ လည်း အသင့် ရှိနေပြီဖြစ်သည်။ ထို့ ပြင် ရှေးဟောင်း မွန် ကျောက်စာ၊ ပျူကျောက်စာ များကို ဆရာကြီးဦးဖေ မောင်တင်၊ ဆရာကြီး ဦးလူဖေဝင်း၊ ဆရာကြီး ဦးသာမြတ် တို့က အသီးသီး ဘာသာပြန်ခြင်း၊ ဖွင့်ဆိုခြင်းများ ပြုလုပ်ကြသည်။ ထို့ကြောင့် ရှေး ဟောင်းဘာသာ စကား လေ့လာမှုကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် သည်။ မြန်မာစာ ဌာနတွင် ဆရာကြီး ဦးပွား၊ ဆရာကြီးဦးလင်း စသည်ဖြင့် ပါဠိပိဋကတ် စာပေတတ် ကျွမ်းသော ပညာရှင်ကြီးများ ရှိသည့် အတွက် ပါဠိစာပေ ဆိုင်ရာများကို အားကိုး အားထားပြုရသည်။ လွတ်လပ်ရေး ရပြီးချိန်တွင် ဆရာကြီး ဦးအောင်မိုး (သကျသီဟ ဓမ္မာစရိယ၊ သီရိပဝရ ဓမ္မာစရိယ၊ ပါဠိပါရဂူ) သည် မြန်မာ စာဌာနတွင် တာဝန် ထမ်းဆောင်ပြီး ပါဠိပိဋကတ် စာပေဆိုင်ရာ များကို များစွာ အထောက်အကူပြုခဲ့သည်။ လွတ်လပ်ရေးခေတ်တွင် မြန်မာစာ ဌာန၌ နိုင်ငံခြား ကျောင်းသားများကို မြန်မာစာ သင်ကြားပေးသည့် အစီအစဉ် ရှိသည်။ ထိုအစီအစဉ် အတွက် ဆရာဦးအေးဖေနှင့် ဆရာမ ဒေါ်နုနုဆွေ တို့က တာဝန်ယူ သင် ကြားပေးရသည်။ မြန်မာစာဌာနသို့ လာရောက်ကြ၍ မြန်မာစာ သင်ယူ သူများတွင် ဂျပန်နိုင်ငံမှ မစ္စ ဒိုဘာရှီခေါ် ဒေါ်ယဉ်ယဉ်မြနှင့် ချက် ကိုစလိုဗားကီးယား နိုင်ငံမှ မစ္စဒက် ဂမာဗက်ကိုဗာခေါ် ဒေါ်မြသီတာ တို့ ထင်ရှားပါသည်။ (ထိုကာလက နိုင်ငံ ခြားဘာသာ တက္ကသိုလ်များ မပေါ် ပေါက်သေးပါ။) ဥပစာတန်း ပင် ရင်းမြန်မာစာ ဘာသာရပ်တွင် ဗုဒ္ဓ စာပေများ ပြဋ္ဌာန်းသောအခါ ဗုဒ္ဓ ဘာသာ မဟုတ်သူများ အတွက် သင့် လျော်ရာ စာအုပ်များ ကို ရွေး ချယ် ပြဋ္ဌာန်း ပေး သည်ကို တွေ့ရသည်။ ဥပစာ (က)တွင် ဇိနတ္ထပကာသနီ ကျမ်းကို ပြဋ္ဌာန်းသော အခါ ဗုဒ္ဓ ဘာသာ မဟုတ်သူများ အတွက်လည်း ကျည်း ကန်ရှင်ကြီး မေတ္တာစာကို ပြဋ္ဌာန်းပေးသည်။ သင်ရိုး မာတိကာ တွင် ထို စာအုပ်ဘေး၌ (ဗုဒ္ဓဘာသာ ဝင် မဟုတ်သူများအတွက်သာ)ဟု မှတ်ချက် ရေးသားထားသည်ကို တွေ့ ရသည်။

မြန်မာစာ ဌာနသည် မြန်မာစာ ဆိုင်ရာ ပြဿနာ များကို ရှင်းလင်း ပေးရသည့် အစဉ်အလာရှိသည်။ ဖဆပလ အစိုးရ လက်ထက်တွင် ၁၉၅၂ခုနှစ်၊ သြဂုတ်လ ၈ရက်နေ့က ကျင်းပသော လူမျိုးစု လွှတ်တော် ညီလာခံ၌ အမတ် တစ်ဦးက အစိုးရ ကိုမေးခွန်းများမေးသည်။ ထို့နောက် တွင် ရှေးပညာရှိ အဆက်ဆက် လက်ခံ အတည်ပြုခဲ့ သော မြန်မာစာ ရေးထုံး ရေးနည်း သတ်ပုံသတ်ညွှန်း အချို့ကို ယခုအခါ ရန်ကုန် တက္ကသိုလ် က ပြောင်းလဲ ပြင်ဆင် သုံးစွဲနေသည် ဟု စွပ်စွဲထားသည်။ ရှေးကသုံးခဲ့ သော “မိုဃ်း”၊ “ကြက်သရေ”၊ “ဋ္ဌာန” တို့ကို ရန်ကုန်တက္ကသိုလ်က “မိုး”၊ “ကျက်သရေ”၊ “ဌာန” ဟု ပြင်ဆင် သုံးနေကြောင်း စွပ်စွဲပြီး ပြင်ဆင်ခဲ့ သည်များကို အစိုးရ သိပါသလားဟု မေးထားခြင်း ဖြစ်သည်။ မေးခွန်းတွင် ကုထုံးများကို ရန်ကုန် တက္ကသိုလ်က ပြင်ဆင်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ပြင်ဆင်ခိုင်းသည့် ဌာနမှာ မြန်မာစာဌာန သာဖြစ်သည့် အတွက် မြန်မာစာ ဌာနကို စွပ်စွဲရာ ရောက်နေ သည်။

ထိုမေးခွန်းကို ရှင်းလင်းဖြေ ကြားပေးရန် ပညာရေး ဝန်ကြီးဌာနက ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်သို့ မေတ္တာရပ်ခံရာ ပါမောက္ခချုပ်၏ တာဝန်ပေးချက် အရ ဆရာကြီး ဦးဧမောင်က ရှင်းလင်းဖြေကြားချက် ရေးသား ပေးပို့ရသည်။ ဖြေကြားချက် တွင် “ကျွန်တော်များ ရန်ကုန်တက္က သိုလ်က “မိုဃ်း”ကို “မိုး” ဟူ၍ လည်း ကောင်း၊ “ကြက်သရေ” ကို “ကျက် သရေ”ဟူ၍လည်းကောင်း၊ “ဋ္ဌ” ကို “ဌ” ဟူ၍လည်းကောင်း ပြင်ဆင်ခဲ့ပါ သည်။ သို့ရာတွင် အတ္တနော မတိဖြင့် အကြောင်းမဲ့ သက်သက် ပြင်ဆင်ခြင်း မဟုတ်ပါ။ အကိုးအကား ခိုင်မာလုံ လောက်သောကြောင့် ပြင်ဆင်ခြင်း ဖြစ်ကြောင်း အောက်ပါ အတိုင်း ရှင်းလင်း တင်ပြလိုပါသည် ဟူ၍ အစ ချီပြီး ရှင်းလင်းပြသည်။

ရှင်းလင်းချက် အချုပ်မှာ “မိုဃ်း” ဟုရေးခြင်းသည် ပါဠိဘာသာ၊ “မေဃ” မှ ဆင်းသက် လာခြင်းဖြစ်သည်ဟု ယူဆပြီး “မိုဃ်း” ဟု ရေးခြင်းဖြစ် သည်။ “မေဃ”သည် “တိမ်”ဟုသာ အဓိပ္ပာယ်ရသည်။ “မိုး” အဓိပ္ပာယ် မရ။ “မေဃ”မှ ဆင်းသက်သည်ဆို လျှင်လည်း “မေဃ်”သာ ဖြစ်တန် ကောင်းသည်။ “မိုဃ်း” ကို အသံထွက် လျှင် “မိုက်”ဟုသာ ထွက်မည်။ “မိုး” သည် မြန်မာစကား စစ်စစ်ဖြစ် သည်။ ရှေးကျောက်စာများတွင် “မိုစ်” ဟုရေးပြီး မိုးဖြစ်လာသည်။ ထို့ ကြောင့် “မိုး”ကို “ဃ်” မထည့်ဘဲ ရေးမှ မှန်သည်ဟု ခြေခြေမြစ်မြစ် ရှင်းပြ သည်။

“ကြက်သရေ” ဟု ရေးခြင်းမှာ လည်း သရေ ခေတ္တရာပြည်မှ ကြက် ခေါင်းစားမင်းခေါ် ငတပါးမင်း အကြောင်းကို ကိုးကား၍ ကြက်ဦး ခေါင်း၌ ထူးခြားသော အသရေရှိ သည်ဟုဆိုကာ “ကြက်” ဟု စာလုံး ပေါင်းခြင်းဖြစ်သည်။ “ကျက်”မှာ မွန်ဘာသာ “ကျာက်”မှ ဆင်းသက်လာ ခြင်းဖြစ်၍ “ဘုရား၊ တင့်တယ်ခြင်း” ဟု အဓိပ္ပာယ် ရသည်။ ရွှေစည်းခုံ မွန် ကျောက်စာတွင် ထိုအရေးအသား ကို တွေ့ရသည်။ ပုဂံခေတ် ကျောက်စာ များတွင်လည်း “ကျက်” ဟုရေးသည်။ “ကြက်သရေ”မှာ နှောင်းခေတ်များ တွင်မှ တီထွင်သော အရေးအသား ဖြစ်သည်ဟု အထောက်အထားဖြင့် ရှင်းပြရင်း မြန်မာ့ထီးနန်း ပျက်သုဉ်း ရသည်မှစ၍ “တက်ယောင်ကား”၊ သမားတို့၏ လက်ချက်ကြောင့် ရှေးမူလ စာလုံးပေါင်း ရေးထုံး အမှန်တို့သည်  ရံဖန်ရံခါ အမှားဖြစ်ကြရရှာ သည်ကို ကျွန်တော်များ တက္ကသိုလ်က ရှေးမူလ ရေးထုံး အမှန်သို့ ရောက်အောင် သုတေသန လုပ်ငန်းဖြင့် ကြိုးစား ပို့ဆောင်လျက် ရှိပါကြောင်း လေးမြတ်စွာ အစီရင်ခံ လိုက်ပါသည် ဟူ၍ မြန်မာစာ ဌာန၏ ဆောင်ရွက်ချက် ကို ရှင်းပြ ထားသည်။

“ဋ္ဌ” နှင့် “ဌ” ကိစ္စနှင့်ပတ်သက်၍ ဆရာကြီး ဦးဧမောင်က ဤ်အချက် ကို ဖြေရသည်မှာ စိတ်ပင် ပျက်မိပါသည်။ အဘယ်ကြောင့် ဆိုသော် ၉တန်း၊ ၁ဝတန်း ကျောင်းသားများမှ အကြောင်းမှန်ကိုသိတန်ကောင်း၏ ထင်မိပါ သည်ဟု ညည်းတွားရင်း “ဋ္ဌ” သည် “ဋ”ကို “ဌ” အပေါ်  ဆင့်ထား သည့် နှစ်ထပ် အက္ခရာ ဖြစ်ကြောင်း၊ “ဆဋ္ဌ” ကို “ဆဋ်ဌ” ဟု အသံထွက်ရ ခြင်း၊ “ပဌမ”ကို “ဌ” ၌ လည်ရစ် မပါဘဲ ရေးပြီး ပဌမ ဟုပင် အသံထွက် ရကြောင်း ရှင်းပြထားသည်။

မြန်မာစာရေးထုံး နှင့် ပတ်သက်၍ လွှတ်တော်ထိပင် ရောက်သွားသည့် ပြဿနာကို မြန်မာစာ ဌာနက ရှင်းလင်းပေးရသော အမှတ်တရ ဖြစ်ရပ် တစ်ခု ဖြစ်သည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*