တစ်ကိုယ်တော်ရှိုးပြုလုပ်ဖို့ အစီအစဉ်ရှိတဲ့ စာရေးဆရာ၊ အဆိုတော် ကောင်းဆက်

တစ်ကိုယ်တော်ရှိုးပြုလုပ်ဖို့ အစီအစဉ်ရှိတဲ့ စာရေးဆရာ၊ အဆိုတော် ကောင်းဆက်
January 10, 2017 Asian Fame
တစ်ကိုယ်တော်ရှိုးပြုလုပ်ဖို့ အစီအစဉ်ရှိတဲ့ စာရေးဆရာ၊ အဆိုတော် ကောင်းဆက်

kset

“ကချေသည်” တေးစီးရီးက ကောင်းဆက်ရဲ့ တစ်ကိုယ်တော်စီးရီး ၇ခွေ မြောက်ဖြစ်ပြီး ဒီစီးရီးခွေမှာ ပရိသတ်တွေအတွက်ကို တူရိယာဆန်းတွေနဲ့တွဲ ထားကြောင်းကို…

” ဒီစီးရီးခွေကို ကျွန်တော် စီစဉ်တာ ၅ နှစ်ကြာပြီ။ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်စီးရီးခွေ ၇ ခွေမြောက်လည်းဖြစ်တယ်။ သီချင်းတွေ အကုန်လုံးကို ကိုယ် တိုင်ရေးထားပါတယ်။ သီချင်းတွေက Rock အမျိုးအစားတွေပါ။ ဒီစီးရီးခွေမှာ ပရိသတ်တွေအတွက် Music ကို စောင်း၊ ပတ္တလား တူရိယာအဆန်းတွေနဲ့ တီးမှုတ် ထားပါတယ်” လို့ ပြောပါတယ်။ ကောင်းဆက်ရဲ့ “ကချေသည်” တေးစီးရီး စီဒီခွေကို ဒီဇင်ဘာလ၂၉ ရက်နေ့မှာ The Sun Music မှ ဖြန့်ချိခဲ့တာဖြစ်ပြီး တစ်ကိုယ် တော်ရှိုးကိုလည်း မတ်လလောက်မှာ ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။ တေးသံရှင် ကောင်းဆက်က သီချင်းတွေမဆိုခင် စာရေးတဲ့ဘဝကစခဲ့တာဖြစ်ပြီး တကယ် တမ်းလုပ်ချင်တဲ့အလုပ်ကလည်း စာရေးတဲ့အလုပ်ပါလို့ ပြောပါတယ်။

” ကျွန်တော် လုံးချင်းဝတ္ထု ၄အုပ် လောက်ထွက်ပြီးပါပြီ။ နောက်ပိုင်းသီချင်းတွေဆို၊ သီချင်းရေးရင်းနဲ့ စာမရေးဖြစ်တော့ဘူး။ အခု ကျွန်တော် ဝတ္ထု တွေပြန်ရေးတော့မှာပါ။ တကယ်တမ်း ကျွန်တော်ဖြစ်ချင်တဲ့အရာက စာရေးတာပါ”လို့ ကောင်းဆက်က ပြောပါတယ်။ ကောင်းဆက်က သီချင်းဆို၊ စာရေးတဲ့အလုပ်အပြင် The Ugly Band မှာ မန်နေဂျာလည်းလုပ်ဖြစ်နေကြောင်းနဲ့တစ်ကိုယ်တော် ရှိုးလုပ်ဖို့ရှိကြောင်းကို..

” ကျွန်တော် သီချင်းမဆိုဖြစ်တာကြာပြီ။ အခုတော့ သီချင်းပြန်ဆိုရင်း တစ်ကိုယ်တော်ရှိုးလုပ်ဖို့ ပြင်ဆင်နေတယ်။ အခုကျွန်တော့်ရဲ့”ကချေသည်” စီးရီး ခွေပြီးရင် သီချင်းရေးထားတာရှိတဲ့အတွက် နောက်တစ်ခွေကိုလည်း လုပ်ဖို့ရှိတယ်။ နောက်တစ်ခွေကို ဝတ္ထုစာအုပ်နဲ့အတူ တွဲထွက်ဖို့ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။

ချယ်ရီ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*