၂ဝ၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်လောကသား တို့ရဲ့ မိခင်ဌာနက ဘယ်အရာတွေကို ဖော်ဆောင်သွားဖွယ် ရှိမလဲ

၂ဝ၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်လောကသား တို့ရဲ့ မိခင်ဌာနက ဘယ်အရာတွေကို ဖော်ဆောင်သွားဖွယ် ရှိမလဲ
January 9, 2017 Asian Fame
၂ဝ၁၇ ခုနှစ်ထဲမှာ ရုပ်ရှင်လောကသား တို့ရဲ့ မိခင်ဌာနက ဘယ်အရာတွေကို ဖော်ဆောင်သွားဖွယ် ရှိမလဲ

mmpo

၂ဝ၁၇ ခုနှစ်ဟာ ရုပ်ရှင် အစည်းအရုံးအတွက်အလုပ်များတဲ့ နှစ်ဖြစ်ဖို့တာဆူနေပါတယ်။ မပြီး ပြတ်သေးတဲ့ကိစ္စတွေကို ၂ဝ၁၇ ခုနှစ်အတွင်းမှာ ဆက်လက် ဖော် ဆောင်ရမှာဖြစ်ပါတယ်။ ပထမဦး ဆုံး ကြုံတွေ့ရမှာကတော့ ၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီရုပ်ရှင် ထူးချွန်ဆုပေးပွဲပါ။ အကယ်ဒမီ ပေးပွဲအတွက် အခုနှစ်အစပိုင်း မှာကတည်းက ကျင်းပပြုလုပ်မယ့် နေရာတွေ ရှာဖွေနေပါတယ်။ အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့ တွေကလည်း အခုနှစ်မှာ အရင်နှစ် တွေတုန်းကလို ဝေဖန်မှုလျော့ကျ ရန်အတွက် အကောင်းဆုံးသော စည်းမျဉ်းတွေနဲ့ ကြပ်မတ် အကဲဖြတ် ပြီး အကယ်ဒမီ ဆုအတွက် ရွေးချယ် နေကြပါတယ်။ အကယ်ဒမီ ဘုတ်အ ဖွဲ့တွေကလည်း အခုနှစ်ဟာ ဇာတ်ကားကောင်းများစွာ ပါဝင်နေတာမို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နှစ်တစ်နှစ် ဖြစ်လာလိမ့်မယ်လို့ တညီတညွတ်တည်း ဆိုထားကြပါတယ်။

” အကယ်ဒမီကတော့ လက်ရှိမှာ အရေးအကြီးဆုံး ကိစ္စရပ်ဖြစ်နေတာပေါ့။ အကယ်ဒမီအတွက်တော့ သေချာလေး စီစဉ်နေကြပါတယ်။ အခုနှစ်ကတော့ အကဲဖြတ် စည်းမျဉ်းစည်းကမ်းတွေကိုလည်း သေချာလေး လုပ်ဆောင်ထားကြပါတယ်။ ဒီမတိုင်ခင်ကလည်း အကယ်ဒမီစည်းမျဉ်းစည်းကမ်းတွေ နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို တရားဝင် ကြေညာထားပေးခဲ့ပါတယ်” လို့ အကယ်ဒမီ အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌဦးနှင်းမိုး ကပြောပြပေးပါတယ်။

နောက်တစ်ခုကတော့ လှည်းကူးမြို့နယ်က ရုပ်ရှင်ခြံတည် ဆောက်ဖို့ဆိုပြီး အစိုးရကနေ ထောက်ပံ့ပေးထားတဲ့ မြေဧက ၂ဝဝ ပါ။ အဲဒီမြေအတွင်းမှာ မနှစ် တုန်းကတော့ သစ်ပင်စိုက်ပွဲတော် ပြုလုပ်ခြင်းနဲ့ နယ်နိမိတ်သတ်မှတ် ခြံစည်းရိုးခတ်ခြင်းမှလွဲလို့ တခြား ရုပ်ရှင်ခြံ တည်ဆောက်ဖို့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး အကောင်အထည် ဖော်နိုင်တာတော့ မရှိသေးပါ။ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းကတော့ ရုပ်ရှင်ခြံ တည်ဆောက်ဖို့ရာက Master Plan နဲ့အသေးစိတ် စီစဉ်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတစ်ခု ဖြစ်တယ်လို့ ပြောထားခဲ့ဖူးတာ ရှိပါတယ်။

” ရုပ်ရှင်ခြံထဲမှာ ရုပ်ရှင်စတူဒီယိုတွေ အကောင်အထည်ဖော်နိုင်ဖို့ကိုတော့ ဒီနှစ်အတွင်းမှာ လုပ်နိုင်မလုပ်နိုင်ဆိုတာမသေချာသေးဘူး။ စတူဒီယို လုပ်ဖို့ဆိုတာ အကူအညီ တွေရဖို့လည်းလိုအပ်တယ်။ ဘယ်နေရာမှာ ဘာတည်ဆောက်မယ်ဆိုတဲ့ Plan တွေလည်း ဆွဲရမယ်။ သေချာအချိန်ပေးလုပ်ရမယ့်ကိစ္စ တစ်ခုဖြစ်တယ်” လို့ ရုပ်ရှင် နာယကကြီး ဒါရိုက်တာ ဦးနှင်းမိုး ကတော့ ပြောပြပေးပါတယ်။

နောက်တစ်ခုကတော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဖော်ဆောင်ပေးခဲ့တဲ့ ရုပ်ရှင်ဖောင်ဒေးရှင်းကို အသက်သွင်းဖို့လည်း လိုလာပါတယ်။ လက်ရှိအခြေအနေ အပေါ်ကိုတော့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းက “ရုပ်ရှင်ဖောင်ဒေးရှင်းအတွက် မတည်ငွေတွေကတော့ ကျွန်တော်တို့ အစည်းအရုံး အကောင့်ထဲကို ငွေတွေ ဝင်ပြီးပါပြီ။ ရုပ်ရှင်ဖောင်ဒေးရှင်းဆိုပြီးတော့ မတည်ငွေတွေသာ အကောင့်ထဲကို ဝင်သွားတာပဲ ရှိပါသေးတယ်။ ဖောင်ဒေးရှင်းအနေနဲ့ ဘယ်လို နေရာတွေအတွက် ငွေသုံးမယ်၊ ဘယ်လိုအရာတွေ အတွက် ငွေရှာမယ်ဆိုတဲ့ ကိစ္စတွေကိုတော့ သီးသန့်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး” လို့ ပေါ်ပြူလာ ဂျာနယ်ကို ဖြေထားပေးခဲ့ဖူးတာ ရှိတာမို့ အခုနှစ် ၂ဝ၁၇ ခုနှစ်မှာတော့ ရုပ်ရှင်ဖောင်ဒေးရှင်း ရုပ်လုံး ပြန်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်မှာပဲ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်အနီးမှာ တည်ဆောက်ဖို့နေရာချ ထားပေးခဲ့တဲ့ Myanmar Art Center ရဲ့ အခြေအနေမှန်ကိုလည်း ၂ဝ၁၆ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကိုယ်တိုင် မသိရှိရသေးပါ။ နောက်တစ်ခုကတော့ ရုပ်ရှင် ဥပဒေပါ။ ရုပ်ရှင်ဥပဒေ ဟာ ၂ဝ၁၇ ခုနှစ် အတွင်းမှာ လွှတ်တော်မှာ တင်ပြဆွေးနွေးခွင့်ရတဲ့အထိ ခရီးပေါက်အောင် လုပ်ဆောင်လာမယ့် အခြေအနေတွေ ရှိလာနေပါပြီ။ လတ်တလောမှာတော့ ဥပဒေ မူကြမ်းကို ပြည့်စုံအောင် ရေးဆွဲ မွမ်းမံနေပြီး မကြာခင်ကာလအ တွင်းမှာ ရုပ်ရှင်လောကသားတွေ အားလုံးကိုလည်း ချပြသွားဖို့ အစီ အစဉ်တွေ ရှိလာနိုင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင် ဥပဒေအသစ်ကို ရေးဆွဲ ပြင်နိုင်မှသာ လက်ရှိဖြစ်ပွားနေကြတဲ့ ဆင်ဆာရှိသင့်၊ မရှိသင့် အငြင်းပွား နေရမှု ကိစ္စ ရပ်တွေကို ဥပဒေအ တည်ပြုနိုင်မှာသာ ငြှိမ်းသတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

” ရုပ်ရှင်ဥပဒေကတော့ ပြီးနေ ပြီလေ။ လွှတ်တော်တင်ဖို့ အတွက်ကိုပဲ အပြီးသတ် ဆွေးနွေးပြီးတော့ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်” လို့ ရုပ်ရှင်နာယကကြီး ဒါရိုက်တာ ဦးနှင်းမိုးက ဆိုပါတယ်။၂ဝ၁၇ ခုနှစ် အတွင်းမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေနဲ့ လုပ် ဆောင်ရ မယ့် ကိစ္စရပ်တွေ အများ အပြားရှိနေသလို ရုပ်ရှင်သမိုင်း ပြတိုက်ကိုလည်း အဆင့်မြှင့်တင် မွမ်းမံနေပြီး ၂ဝ၁၇ ခုနှစ်အတွင်းမှာပဲ ခေတ်မီ ပြတိုက်တစ်ခုအသွင်အဖြစ် အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာဖို့ရှိ နေပါ ပြီဖြစ်ပါကြောင်းရည်ညွှန်းတင် ပြရေးသားလိုက်ရပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*