အဘိုးနဲ့ အဖေတို့ထက် နှစ်ဆ ပိုကြိုးစားနေပါတယ် မင်းမော်ကွန်းရဲ့ သား မင်းမြတ်

အဘိုးနဲ့ အဖေတို့ထက် နှစ်ဆ ပိုကြိုးစားနေပါတယ် မင်းမော်ကွန်းရဲ့ သား မင်းမြတ်
January 6, 2017 Asian Fame
အဘိုးနဲ့ အဖေတို့ထက် နှစ်ဆ ပိုကြိုးစားနေပါတယ် မင်းမော်ကွန်းရဲ့ သား မင်းမြတ်

min-maw-kun-4

သရုပ်ဆောင်မင်းမော်ကွန်းရဲ့သားဖြစ်သူ မင်းမြတ်က cele ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းမြတ်က ငယ်စဉ်တုန်းက ဖခင်ဖြစ်သူနဲ့အတူ ကလေးကုလား ကလောသား ဗီဒီယိုဇာတ်ကားမှာ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး အခု အသက်အရွယ်မှာတော့ cele ရုပ်ရှင်ဇာတ်ကားက ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့အတွက်တော့ နည်းနည်းတော့ ကြောက်တယ်။ စိတ်ထဲမှာတစ်မျိုးကြီး ဖြစ်နေတယ်။ ဒီဇာတ်ကားမှာ ကျွန်တော်က ကျောင်းသားတစ်ယောက်အနေ နဲ့ သရုပ်ဆောင်ထားတယ်။ ကျောင်းသားပေမယ့် repeater ကျောင်းသားဖြစ်တဲ့အတွက် ကျောင်းပျော်ကြီးပေါ့၊ ကောင် လေးတွေကောင်မလေးတွေကို လိုက်စောင့်ရှောက်တဲ့ အစ်ကိုကြီးပေါ့” လို့သူ့ရဲ့သရုပ်ဆောင်ထားမှုတွေကို ပြောပြပါတယ်။ မင်းမြတ်က အသက် ၁၇ နှစ်ရှိပြီဖြစ်ပြီး လတ်တလောမှာတော့ ပန်းချီသင်တန်းတက်နေကြောင်း သိရပါတယ်။ ဒါရိုက်တာပညာ သင်ကြားဖို့လည်း အစီအစဉ်ရှိပြီး ဒါရိုက်တာပညာ သင်ကြားပြီးသွားရင်တော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ဇာတ်ကားတွေ ရိုက်ကူးသွားမှာဖြစ်ပြီး သူများနဲ့မတူတဲ့ ပုံစံတွေကို ရိုက်ကူးချင်မိကြောင်း ပြောပါတယ်။ အဘိုးရော ဖခင်ကပါ အနုပညာသမားတွေဖြစ်တဲ့အတွက် သူ့အနေနဲ့လည်း အနုပညာကို ချစ်မြတ်နိုးကာ ဝါသနာလည်းပါသူတစ်ဦးပါလို့ ပြောပါတယ်။ ” ကျွန်တော်ကတော့ ကျွန်တော့်အဘိုးနဲ့ အဖေရဲ့ခြေရာကို လိုက်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်နှစ်ဆပို ကြိုးစားနေပါတယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*