မင်းသမီးလေးရဲ့ အမိမြေ The Last Princess

မင်းသမီးလေးရဲ့ အမိမြေ The Last Princess
January 3, 2017 Asian Fame
မင်းသမီးလေးရဲ့ အမိမြေ The Last Princess

2016-princess-doekhye

ကိုရီးယားနိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ အထင်ကရ တကယ့်ကြေကွဲဝမ်းနည်း မဆုံးနိုင်အောင်ဖြစ်ရတဲ့ တကယ့်အဖြစ်အပျက်ကြီးတစ်ခုပါ။ ကိုရီးယားနိုင်ငံရဲ့ဘုရင်စနစ်တွေထဲ က ဂျိုဆောင်မင်းဆက်ရဲ့ နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ ဘုရင့်သမီးတော် မင်းသမီးလေး “ဒိုဟေး” ရဲ့ ဘဝဇာတ် ကြောင်းဖြစ်ပါတယ်။

တောင်ကိုရီးယားစာရေးဆရာ ဂွမ်ဘီဟောင်းရေးတဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာက “ဟောဂျင်းဟို”ဖြစ်ပြီး၊ ဆွန်းယယ်ဂျင်း၊ ပတ်ဟယ်အီ၊ ရာမီရန်းနဲ့ ဂျောင်ဆန်းဟွန်းတို့က အဓိက နေရာကနေ သရုပ်ဆောင်ထား ကြပါတယ်။အသက်(၁၃)နှစ်ကနေ အသက် လေးဆယ်အရွယ်အထိ ဇာတ်ရုပ်သုံးမျိုး သရုပ်ဆောင်ရတာမှာ နောက်ဆုံး ဇာတ်ကောင်နေရာကနေ ဒိုဟေး သမီးတော်အဖြစ် မင်းသမီးချော ဆွန်းယယ်ဂျင်းက ခေါင်းဆောင်ပြီး ဇာတ်တစ်ခုလုံးကို ဖန်တီးသွားပါတယ်။

အသက်(၁၃)နှစ်မှာ ဂျပန် အစိုးရရဲ့ အတင်းအကျပ်လုပ်ဆောင်မှုနဲ့ ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပြီး မိမိ ရဲ့ဇာတိကိုရီးယားမြေကို ပြန်လာချင်တဲ့ စိတ်တွေရဲ့ ဖိအားများမှု၊ မွန်းကျပ်မှု၊ သိမ်ငယ်မှုတွေကို ပီပီပြင်ပြင် ဖော်ပြသွားနိုင်တာကို အံ့မခန်းတွေ့ ရပါလိမ့်မယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ၃၈နှစ်ကြာအောင် အမျိုးမျိုးသော ကိုယ် စိတ်ဆင်းရဲမှုတွေနဲ့နေခဲ့ရပြီး တဲ့နောက် တောင်ကိုရီး ယားနိုင်ငံ “ဂင်ပို” လေဆိပ်ကို ပြန်ရောက်တဲ့အခါ နန်းတွင်း သူလက်ကျန် အဘွားကြီးတွေရဲ့စုပေါင်း ကြိုဆို နှုတ်ဆက်ကြတဲ့ အခန်းဟာ တစ်သက် မမေ့နိုင်စရာ ကြေကွဲမဆုံး ဖြစ်ပါတယ်။ ဇာတ်လမ်းကို သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်ချုပ်ဖြစ်တဲ့ “ကင်ဂျယ်ဟန်’ က ဂျပန်မှာရှိနေတဲ့ ကိုရီးယားရဲ့ ဂျိုဆွန်းခေတ်နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ဘုရင့်သမီးတော်လေး “ဒိုဟေး” ကို ဂျပန်မှာ ပျောက်နေရာကနေတွေ့ လိုက်ရပြီဆိုတဲ့ အကြောင်းကြားချက်ကို လက်ခံရရှိလိုက်ပါတယ်။

maxresdefault

အဲဒီသတင်းကို ရရချင်းမှာလည်း ဂျိုဆွန်းခေတ်ရဲ့ နောက်ဆုံး ဘုရင့်သမီးတော်လေး မင်းသမီးဒို ဟေးကို ရှာပုံတော်ဖွင့်ဖို့ ဂျပန်ကို အပြေးအလွှားရောက်လာခဲ့ပါတော့တယ်။ ရုပ်ရှင်ကို အဲဒီလိုစတင်ပါတယ်။ နောက်မင်းသမီးလေးနဲ့ ဘုရင်ကြီး၊ မိဖုရားကြီးတို့ရဲ့ ကြည်နူးစရာ မြင်ကွင်းလေးတွေကို ပြပါတယ်။ နောက် မင်းသမီးလေး ဒိုဟေးဂျပန်ကို ရောက်ရှိခဲ့ပုံကိုပြပါတယ်။ ၁၉၂၅ ခုနှစ် ကိုရီးယားဘုရင့်နိုင်ငံ တော်ကို ဂျပန်တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ကြပြီး မင်းသမီးလေး ကို ဂျပန်မှာ ကျောင်းတက်ဖို့ အတွက် ဆိုပြီး ဂျပန်ကို အတင်းအကျပ် စေ လွှတ်လိုက်ပါတယ်။

ဂျပန်တွေကို သူတို့နဲ့ပေါင်း စည်းရေးလုပ်ဖို့ ပြောတာကို ငြင်း ပယ်လို့ အဆိပ်ခပ်သတ်ခံလိုက်ရတဲ့ ဖခင်ဘုရင်ကြီးရဲ့အဖြစ်ကို မင်းသမီး လေးကိုယ်တိုင်မြင်တွေ့ရတာကြောင့် အမြဲသတိနဲ့ ဂျပန်ကို ဘယ်တော့မှ မယုံဘူးလို့ စိတ်မှ ဆုံးဖြတ်ထားပုံရပါ တယ်။ ဘုရင်ကြီးရဲ့ ဈာပနကိုလည်း ဂျပန်တပ်မဟာခေါင်းဆောင်ရဲ့ အမိန့်နဲ့ ဂျပန်ရိုးရာဈာပနပုံစံနဲ့ သင်္ဂြိုလ်ခဲ့ကြပါတယ်။ အဲဒီတုန်းက လူတွေက ဒါကိုသိ ပြီး သံသယအမျိုးမျိုးတွေနဲ့ ဒေါသ ထွက်နေကြတယ်။ ဂျပန်ကိုလိုနီအစိုး ရကို လွတ်လပ်ရေးအတွက် ဆန္ဒပြ မှုတွေလည်း ပေါ်ပေါက်လာခဲ့ကြ တယ်။ မင်းသမီးက ” ကောင်းပြီသင်တို့ သဘောအတိုင်း ဂျပန်မှာ ပညာသင်မယ်၊ ဘွဲ့ရပြီးရင် ကိုရီးယားပြန်ပို့ရမယ်” ဆိုတဲ့ ကတိစကားနဲ့နေတယ်။ တကယ်တမ်းမင်းသမီးဘွဲ့ရပြီးတဲ့အချိန်မှာတော့ ကြေကွဲဖွယ် ရာ..ဝမ်းနည်းဖွယ်ရာအဖြစ်တွေ ..ဟာ။

ဝင်းကိုမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*