ဒုဋ္ဌဝတီကို ကျော်လွန်၍ ရုပ်ရှင်ဇာတ်ကား ကို ၂ဝ၁၇ ခုနှစ်မှာ ရုံတင်နိုင်ဖို့ ကြိုးစားနေ

ဒုဋ္ဌဝတီကို ကျော်လွန်၍ ရုပ်ရှင်ဇာတ်ကား ကို ၂ဝ၁၇ ခုနှစ်မှာ ရုံတင်နိုင်ဖို့ ကြိုးစားနေ
January 3, 2017 Asian Fame
ဒုဋ္ဌဝတီကို ကျော်လွန်၍ ရုပ်ရှင်ဇာတ်ကား ကို ၂ဝ၁၇ ခုနှစ်မှာ ရုံတင်နိုင်ဖို့ ကြိုးစားနေ

ye-naungလက်ရှိမှာတော့ စန္ဒီမြင့်လွင် ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် Queen အခွေထဲမှာ Hollywood  ဆိုတဲ့သီချင်းကို ရဲနောင်က MTV ရိုက်ကူး ပေးထားပါတယ်။

“Hollywood MTV  ကို ကျွန်တော်တို့က ဗားရှင်းနှစ်ခုနဲ့ ထုတ်ထားပါတယ်။ ပြီးတော့ မဒီးဒီ ရဲ့ သီချင်းတွေကလည်း ကောင်းပါ တယ်။ ကျွန်တော့်အခွေထဲမှာ “မျက်လုံးများ” ဆိုတဲ့ သီချင်းကိုလည်း တူတူတွဲဆိုဖူးခဲ့တယ်။ ပြောရရင် မဒီးဒီက ကျွန်တော်တို့ ကျောင်းသား ဘဝက တည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော် တစ်ယောက်ပါ။ မဒီးဒီက ဘယ်လိုသီချင်းမျိုးဖြစ်ဖြစ် အကောင်းဆုံး ဖန်တီးနိုင်တဲ့သူ တစ်ယောက် ပါ” လို့ ရဲနောင်က ပြောပြပါတယ်။

ရဲနောင်က သူထွက်ရှိထားတဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် “သဘာ ဝနဲ့ သာဓက” အတွက် မြူးဇစ်ဗီဒီယို  MTV တွေ ရိုက် ကူး နေပြီဖြစ်ပြီး သူအားထားရတဲ့ သီချင်းတွေသာ MTV အဖြစ် ပြန်လည် ရိုက်ကူးသွား မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“၁၃ ပုဒ်ရှိတဲ့အထဲမှာ ၁ဝ ပုဒ်လောက်ပဲ MTV ပြန်ရိုက်ဖြစ် မယ်။ ကျွန်တော်က ဖန်တီးမှုကို အသားပေးတဲ့ အတွက် အချိန်ကြာ ပါတယ်။ အဲ့ဒါကြောင့် စောင့်နေကြ ရတဲ့ ပရိသတ်တွေ ကိုလည်း အားနာတာကြောင့် ကျွန်တော် မြန်မြန်ချပြပါ မယ်။ လာမယ့်ဇန်နဝါရီ လထဲမှာ လည်း ကျွန်တော်နဲ့ အမွန်းနဲ့ သီဆို ထားတဲ့  Sunset ဆိုတဲ့ မြူးဇစ် ဗီဒီယိုလေးလည်း ထွက်ဖို့ရှိတာ ကြောင့် ပရိသတ်တွေ ကြိုက်နှစ် သက် လိမ့်မယ်လို့ ထင်ပါတယ်” လို့ ပြောပြပေး ပါတယ်။

ရဲနောင် ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသား ထားဖြစ်ခဲ့တဲ့ ဒုဋ္ဌဝတီကို ကျော်လွန်၍ ရုပ်ရှင် ဇာတ်ကားကိုလည်း ၂ဝ၁၇ ခုနှစ် အတွင်းမှာ ထုတ်လုပ် ရုံတင်နိုင် အောင်ကြိုးစားနေတယ် လို့လည်း ဆို ပါတယ်။ ဒုဋ္ဌဝတီကို ကျော်လွန်၍ ဇာတ်ကားမှာ သရုပ်ဆောင် နိုင်းနိုင်း နဲ့ အဆိုတော် အမွန်းတို့က အဓိက ပါဝင် သရုပ်ဆောင် ထားကြပါတယ်။

“ကျွန်တော့် အတွက် ဒီဇာတ် ကားလေးဟာ တာဝန်ကြီးပါ တယ်။ ဒီဇာတ်ကား အတွက် ဆက်တင်ဒီဇိုင်း၊ အနုပညာ ဒီဇိုင်းတွေ ကအစ ကျွန် တော် ပါဝင်လုပ်ထားတယ်။ ပြောရ ရင် ဒုဋ္ဌဝတီကို ကျော်လွန်၍ ဇာတ်ကား က ၉ဝ ရာခိုင်နှုန်း ပြီးစီး နေပါပြီ။ Post Production ကို လည်း ၃လ အချိန်ယူခဲ့ပါတယ်။ ပရိသတ်ကိုချပြ နိုင်ဖို့ စဉ်းစားနေကြပါပြီ။ တစ်ခု ရှိတာ ကတော့ မြန်မာနိုင်ငံမှာ ရုံတင်ဖို့ ရုံတွေ ကို စောင့်ရ ပါတယ်။ အဲဒါ ကို တော့ အချိန်ပေး ဖြတ်ကျော် ရမယ်ထင်ပါတယ်။ ဆင်ဆာ က တော့ ထုံးစံ အတိုင်း ကျွန်တော်တို့ လုပ်ခွင့် မရတာတွေ ရှိတယ်။ လုပ်လို့ မရတာတွေလည်း ရှိတယ်။ ယဉ်ကျေး မှုရဲ့ စည်း မျဉ်းတွေကို အတိုက်အခံ လုပ်ပြီးတော့ မကျော် လွန်ရဘူး ဆိုတော့ အဲဒီ အောက်ကနေ သွားရ တယ်။ ရုပ်ရှင် ရဲ့ တချို့ဇာတ်ဝင်ခန်း တွေကို ပြောင်း လဲလိုက်ရတာတွေရှိ တယ်။ ပြုပြင် လိုက်ရာ တာတွေရှိ တယ်။ ဒါတွေက အနုပညာဘက်က လည်း ထိခိုက် သွားသလို ပရိသတ် ကလည်း အပြည့် အဝ မရတော့ဘူး ပေါ့။ ဒါပေမဲ့ ဆင်ဆာ ဆိုတဲ့ စည်းမျဉ်းကိုတော့ လိုက်နာနိုင် လိုက်ပါတယ်။ ဆင်ဆာ ကိစ္စတွေကို တော့ ကျွန်တော်တို့ကတော့ လျော့ ချပေးစေချင်ပါ တယ်။ဒါက တကယ် လိုအပ်နေပါပြီ။ အဲ့ဒီတော့ ပြောချင် တာက ကျွန်တော်တို့ က အနုပညာတစ်ခုကို ဖန်တီးနေတာပါ။ အဲဒီတော့ ပရိသတ်တွေ ရဲ့ အမြင်မှာ ကျွန်တော်တို့ ရုပ်ရှင်က တစ်ခုခု လွဲချော် နေမယ် ဆိုရင် အခု ကတည်းက ကြိုပြီး တောင်းပန်ချင်ပါ တယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရဲနောင်က သူတို့ Arkar Production အနေနဲ့ နောက်ထပ်ရုပ်ရှင်တွေ ဖန်တီးထုတ် လုပ်ဖို့ ရည် ရွယ် ထားသလို သူကိုယ် တိုင်ကလည်း သရဲဇာတ် ကားတစ် ကားကိုရေးသားထား တာ ရှိနေပါပြီ လို့ဆိုပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*