အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီ ဖွဲ့စည်း

အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီ ဖွဲ့စည်း
January 2, 2017 Asian Fame
အကယ်ဒမီရွှေကြို ရွေးချယ်ရေးကော်မတီ ဖွဲ့စည်း

acd-copy

ဒီဇင်ဘာလ ၁၄ ရက်နေ့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးဆုံးဖြတ် ချက်အရ အကယ်ဒမီရွှေကြို ရွေး ချယ်ရေးဆပ်ကော်မတီကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များနဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းတာဝန်ပေးအပ်လိုက် ကြောင်း သိရပါ တယ်။ အဆိုပါအဖွဲ့ တွင် ရန်အောင် (ဥက္ကဋ္ဌ)၊ မို့မို့မြင့် အောင် (အဖွဲ့ဝင်)၊ ဦးဝင်းငြိမ်း (အဖွဲ့ဝင်)၊ ဦးမြတ်ခိုင် (အဖွဲ့ဝင်)၊ ကိုမျိုး (မြန်မာစာ) (အဖွဲ့ဝင်)၊ ဦးမိုးမင်း (Rays) (အဖွဲ့ဝင်)၊ ရဲအောင် (အဖွဲ့ဝင်)၊ မေသန်းနု (အဖွဲ့ဝင်)၊ ယဉ်ယဉ်လဲ့ (အဖွဲ့ဝင်)၊ ခင်သန်းနွယ် (အဖွဲ့ဝင်)၊ ဒါရိုက်တာ မောင်ဗေဒါ (အဖွဲ့ဝင်)၊ အိအိခိုင် (အတွင်းရေးမှူး) တို့ကို တာဝန် ပေးအပ်လိုက်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က မြန်မာနိုင် ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အကယ်ဒမီ ရွှေကြိုရွေးချယ်ရေး ကော်မတီမှာ အဖွဲ့ဝင်အနေနဲ့ ပါဝင်မယ့် ဒါရိုက် တာ မောင်ဗေဒါက..

“ဒီအဖွဲ့မှာ အားလုံးပေါင်း ၁၅ ယောက်ပါတယ်။ အခုလောလော ဆယ် ဖွဲ့စည်းရေးမှာပါဝင်ကြောင်း စာပို့တာပဲရှိသေးတယ်။ ပြီးမှ အစည်းအဝေးခေါ်မယ်။ အစည်း အဝေးမှာမှ ဘယ်နေ့စရွေးချယ်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာ သိရမယ်။ အခုတော့ ဘာမှမသိရသေး ဘူး။ အခုက ဒီအဖွဲ့ ဖွဲ့ကြောင်းပဲရှိသေး တယ်” လို့ ပြောပြခဲ့ပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*