Shwe FM က ပေးအပ်တဲ့ ဆုရရှိခဲ့ ခြင်းအပေါ် ဟိန်းဝေယံ ရဲ့ ခံစားချက်

Shwe FM က ပေးအပ်တဲ့ ဆုရရှိခဲ့ ခြင်းအပေါ် ဟိန်းဝေယံ ရဲ့ ခံစားချက်
December 27, 2016 Asian Fame
Shwe FM က ပေးအပ်တဲ့ ဆုရရှိခဲ့ ခြင်းအပေါ် ဟိန်းဝေယံ ရဲ့ ခံစားချက်

heain-wai-yan

ဟိန်းဝေယံက Shwe FM ၇ နှစ် ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်ပွဲက ချီးမြှင့်တဲ့ ၂ဝ၁၆ ခုနှစ်အတွက် Facebook မှတစ်ဆင့် ပရိသတ် ကြိုက်နှစ်သက်ဆုံးအနုပညာရှင်ရုပ်ရှင်၊ ဂီတ၊ သဘင် Comment အများဆုံးဆုကို ရရှိခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ဆုကို ရရှိခဲ့တဲ့အတွက် တအားစိတ်လှုပ်ရှားပြီး ဝမ်းသာကြောင်း ဟိန်းဝေယံ က ပြောပါတယ်။

” Shwe FM မှ ချီးမြှင့်တဲ့ဆုကို ရရှိတဲ့အတွက် ကျွန်တော်တအား ဝမ်းသာပါတယ်။ အမှန်အတိုင်းပြောရရင် ဒီဆုကို ကျွန်တော်ရမယ်လို့ လုံးဝထင်မထားပါဘူး။ အဲဒီအတွက် ဝမ်းသာမိသလို တအားလည်း စိတ်လှုပ်ရှားခဲ့ရပါတယ်။ စင်ပေါ်မှာ စိတ်ကိုတည်ငြိမ်အောင်ကြိုး စားပြီး ထိန်းခဲ့ရပါတယ်။ ကျွန်တော်အခုပြောချင်တာက ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်များ၊ We Love HWY အဖွဲ့သားများ၊ Vote ပေးကြသော သူငယ်ချင်းမိတ်ဆွေများကို ကျေးဇူးတင်ပါတယ်” လို့ ဟိန်းဝေယံက သူ့ရဲ့ခံစားချက်ကို ဖွင့်ဟလာပါတယ်။

တွယ်တာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*