ရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်လမ်း ပုံစံတူဆို မရိုက်ချင်တော့ဘူး ဆိုတဲ့ နိုင်းနိုင်း

ရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်လမ်း ပုံစံတူဆို မရိုက်ချင်တော့ဘူး ဆိုတဲ့ နိုင်းနိုင်း
December 27, 2016 Asian Fame
ရိုက်ကူးခဲ့ဖူးတဲ့ ဇာတ်လမ်း ပုံစံတူဆို မရိုက်ချင်တော့ဘူး ဆိုတဲ့ နိုင်းနိုင်း

99လတ်တလောမှာ နိုင်းနိုင်းက ဒါရိုက်တာ အောင်မြတ် ရိုက်ကူး ပုံဖော်ထားတဲ့ “ဒုဋ္ဌဝတီကို ကျော်လွန်၍” ဇာတ်ကားကို အသံ   ။ ဒီဇာတ် ကား အပေါ် နိုင်းနိုင်းရဲ့ မျှော် လင့်ချက်ကို မေးကြည့်တော့ … “ဒီဇာတ်ကား အပေါ် ကျေနပ် အားရ မှုရှိမရှိ ဆိုတာက ကျွန်တော့် ဘက်က ကြိုးစား ထားတာပဲ။ ဒါပေမဲ့ အားလုံး အဆုံးအသတ် အကုန် ပြီးဆုံးတဲ့ အခါကျရင် ကြည့်ရမယ်။ မျှော်လင့်ချက် ကတော့ အများကြီး မထားဘူး။ အပြောင်းအလဲလေး တစ်ခု ဖြစ်အောင်လို့ပဲ ဒီဇာတ် ကားကို ပရိုဂျူဆာ အနေနဲ့ ထုတ်ရိုက် တာပေါ့နော်။ ကြည့်တဲ့ ပရိ သတ် တွေရဲ့အမြင် အပြောင်းအလဲလေး ဖြစ်သွားအောင် ဒီဇာတ်ကားကို ထုတ်လုပ် ရိုက်ကူးတာ ဆိုတော့ အဲဒီရည်ရွယ် ချက် နဲ့ရိုက်ကူးတာပါ” လို့ ပြောပါတယ်။

လောလောဆယ် မှာတော့ ဇာတ်ကား ရိုက်ကူးမှုတွေ လက်မခံ ထားကြောင်းပြောတဲ့ နိုင်းနိုင်းက ဇာတ်ကား ပြန်ရိုက်ရင်လည်း အရင် တုန်းက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်း ပုံစံတူ ဆိုရင်တော့ သိပ်မရိုက်ချင် ကြောင်း ပြောပါတယ်။

“ကျွန်တော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ လည်း အများကြီးပါပဲ။ ဗီဒီယိုဆို တော်တော် များတယ်။ ဇာတ်လမ်းတွေ လည်း အများကြီးပါပဲ၊ နည်းနည်း ပုံတူ ဆိုရင် ကျွန်တော် သိပ် မရိုက်ချင်ဘူး။ ကျွန်တော်နဲ့ လိုက် မယ့် ကာရိုက်တာဆိုရင်တော့ ပရိသတ် အတွက်လည်း နည်း နည်း  စိတ်ဝင်စားမယ့် ဇာတ်ကားမျိုး ဆိုရင် ကျွန်တော် ရိုက်ကူးမှာပါ” လို့ပြောပါ တယ်။ နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချိုနဲ့ သားသမီး ၄ယောက် တို့က ဒီဇင်ဘာ လ ၂၉ရက်နေ့မှာ မြန်မာနိုင်ငံကို အလည်ပြန်လာ မှာဖြစ်ကြောင်း သိရပါတယ်။ ဇန်နဝါရီလကုန်မှာ အမေရိကန်နိုင်ငံ ကို မိသားစု နဲ့အတူ ပြန်လိုက် သွားမှာဖြစ်ပြီး ဖေဖော်ဝါရီ လကုန်လောက် မှ မြန်မာနိုင်ငံ ကို ပြန်လာ မှာဖြစ်ကြောင်း နိုင်းနိုင်း က ပြောပါတယ်။ သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေး ကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အိမ်ထောင် တစ်ခု တည်မြဲ ဖို့ အတွက်ဆိုရင်

“တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် နားလည်ပေးမှု၊ ဂရုစိုက်မှု၊ အချိန်ပေးမှု ဒါတွေ လိုအပ်ပါတယ်။ ကျွန်တော် တို့ နှစ်ယောက် က အဝေးမှာ နေနေကြ တာ ဆိုတော့ တစ်ယောက် နဲ့ တစ် ယောက် လူချင်း မတွေ့ပေမယ့်လည်း take care လုပ်တယ်။ ကလေးတွေ အပေမှာလည်း မိဘတစ် ယောက်ရဲ့ မေတ္တာ ဘယ်လို ထားလဲဆို တာပြောတောင် မပြောပြ တတ်ပါ ဘူး”လို့ ပြောပါ တယ်။

တွယ်တာ
ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*