မြန်မာ့ရုပ်ရှင် သမိုင်းကို မှန်ကန်အောင်ကြိုးစားရေးသားနေတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း

မြန်မာ့ရုပ်ရှင် သမိုင်းကို မှန်ကန်အောင်ကြိုးစားရေးသားနေတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း
December 27, 2016 Asian Fame
မြန်မာ့ရုပ်ရှင် သမိုင်းကို မှန်ကန်အောင်ကြိုးစားရေးသားနေတဲ့ ဒါရိုက်တာ ကြည်စိုးထွန်း

kyi-soe-tun-1

ဒါရိုက်တာကြည်စိုးထွန်းက၂ဝ၁၇ခုနှစ်ထဲမှာစာတွေပိုရေးဖြစ်မယ်လို့ဆိုပြီး မြန်မာ့ရုပ်ရှင်သမိုင်းနဲ့ ပတ်သက်လို့စာအုပ်ထုတ်ဖို့ရည်ရွယ်ထားပုံရကြောင်းလည်း သိရပါတယ်။ အသက် ၇၁ နှစ်အရွယ်အနုပညာရှင်ကြီးဦးကြည်စိုးထွန်းက၂ဝ၁၇ ခုနှစ်အတွက် သူရည်ရွယ်ထားတဲ့ အနုပညာတွေအကြောင်းကို…

” စာရေးဖို့ရှိတယ်။ စာရေးတာကလည်း ဆရာကများသောအားဖြင့် သုတဘက်ကို ရေးတာများတယ်။ ဆရာတတ်နိုင်သလောက် မြန်မာ့ရုပ်ရှင်သမိုင်းကို မှန်ကန်အောင် ကြိုးစားပြီးရေးနေတယ်။ နောက်ပြီး ဗီဒီယိုတွေ အခွေထုတ်မယ်။ ဇာတ်လမ်းတွဲတွေလုပ် မယ်ဆိုရင်လည်း ပရိသတ်အတွက် အဆိပ်အတောက်မရှိမယ့်အရာမျိုး၊ ဗဟုသုတရစေ မယ့်အရာမျိုး၊ အနည်းဆုံးဖျော်ဖြေမှုရနိုင်မယ့်အရာမျိုးကို ဆရာစဉ်းစားစိတ်ကူးနေပါတယ်။ မကြာမီအချိန်အတွင်းမှာဖြစ်နိုင်လိမ့်မယ်ထင်ပါတယ်။ ဇန်နဝါရီလ၊ ဖေဖော် ဝါရီလလောက်မှာ ဆရာကြေညာပါမယ်” လို့ သူကပြောပါတယ်။ Laurel Art Academy ရဲ့ကျောင်းအုပ်ကြီးလည်းဖြစ်တဲ့ ဒါရိုက်တာကြည်စိုးထွန်းကို Laurel Art ကနေ ၂ဝ၁၇ ခုနှစ် အတွက်လုပ်ဖို့ Plan တွေအကြောင်းမေးဖြစ်ပြန်တော့ ” အခုကတော့ သင်တန်းတွေရှိမယ်။ နောက်ပြီးတော့ လိုအပ်တဲ့ ဟာတွေဖြည့်ဆည်းတာပေါ့။ ဆိုပါတော့။ Editing သင်တန်းတို့၊ Presenter သင်တန်းတို့၊ နည်းပညာ သင်တန်းတွေကိုတော့ ဆရာတို့စဉ်းစားနေတယ်။ နောက်ဇာတ်ညွှန်း၊ ဒါရိုက်တာပေါ့။ အဲဒါတွေလည်း ဆရာတို့စဉ်းစားနေပါတယ်” လို့ ပြောပါတယ်။ Laurel Art ကကျောင်းသားတွေနဲ့ တင်ဆက်တဲ့ ရေဒီယိုဇာတ်လမ်းတွဲလေးတွေက တစ်ပတ်တစ်ခါ ရုပ်မြင်သံကြားမှာ ပရိသတ်ပုံမှန်စောင့်ကြည့်ရလောက်အောင် အောင်မြင်ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလည်းဒါရိုက်တာကြည်စိုးထွန်းက ” ကောင်းပါတယ်။ ပရိသတ်ကလည်းဟိုတုန်းက ဇာတ်လမ်းတွေကို ပြန်ကြည့် ရတဲ့အတွက်နုပျိုတဲ့ စိတ်ဖြစ်တာပေါ့။ သဘောလည်းကျကြတာပေါ့။ အားလည်း အားပေးကြပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းများလည်းများလာတဲ့အခါကျတော့ တခြားပရိုဂရမ်တွေကိုလည်း စဉ်းစားနေပါတယ်။ လုပ် တော့လုပ်နေတုန်းပါပဲ” လို့ပြော ပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*