ကလေး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ အရိပ်မဲ့ပန်း

ကလေး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ အရိပ်မဲ့ပန်း
December 27, 2016 Asian Fame
ကလေး သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ အရိပ်မဲ့ပန်း

aaaပရိသတ်တွေ နဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ ကလေး သရုပ် ဆောင် စိုင်းနန္ဒာ ၊ ကလျာနဒီ၊ ဖြိုးဖြိုး၊ မြတ်ရတနာ၊ စောရတနာ၊ အားကိုးရာ၊ ခန့်သော်ဇင် စတဲ့ သူတွေနဲ့အတူ ကလေးသရုပ်ဆောင် ပေါင်းများစွာနဲ့ ပုံဖော်တည်ဆောက် ထားတဲ့ ဗီဒီယိုဇာတ်ကားဟာ ဇန်နဝါရီလ အတွင်းမှာ ပရီ စနစ်နဲ့ ဖြန့်ချိတော့ မှာဖြစ်ပါတယ်။ “အရိပ်မဲ့ ပန်း” ဆိုတဲ့ အတိုင်း မိဘမဲ့ ကလေးတွေရဲ့ ရှင်သန် ရုန်းကန်ရမှုကို ချစ်ခြင်း  အခြေခံပြီး ရိုက်ကူး တင်ဆက်ထားခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ “အရိပ်မဲ့ပန်း” ကို ရိုက်ကူးခဲ့တဲ့ လူငယ် ဒါရိုက်တာ ကျော်ဗိုလ်ဗိုလ်သာကတော့..

“မိဘမဲ့ ကလေးတွေရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ပင်လယ် ကမ်းခြေနားက အရိပ်မဲ့ နေတဲ့ မိဘမဲ့ကလေးတွေရဲ့ ရုန်းကန် ရမှုတွေကို ပုံဖော်ထားပါတယ်။ သူတို့လေးတွေဟာ အဖေ၊ အမေတွေ မရှိပေမယ့်လည်း သူတို့ကိုယ်သူတို့ ရုန်း ကန်တယ်။ စာကြိုးစားတဲ့ ကလေးရှိတယ်။ ဂီတကို ပုံဖော်ကြ တယ်။ အဲဒီလိုပုံစံမျိုးပါ။ ဇာတ်ကား တစ်ခုလုံးကို တနင်္သာရီ တိုင်း ထားဝယ်ဘက်မှာပဲ အများဆုံး ရိုက် ကူးထားခဲ့ပါတယ်။ ကလေးတွေနဲ့ ရိုက်ကူးတဲ့အပြင် ဇာတ်ကလည်း ဒရာမာ ဇာတ်ဖြစ်တဲ့ အတွက် အစပိုင်းမှာ နည်းနည်းတော့ ကြောက် မိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် အခက်အခဲ အများကြီး ကြုံခဲ့တဲ့ ကြားကနေ အတတ်နိုင်ဆုံး ကြိုးစား ထားခဲ့တယ်” လို့ ဆိုပါတယ်။ ဒါရိုက်တာ ကျော်ဗိုလ်ဗိုလ်သာ က “အရိပ် မဲ့ပန်း” ဇာတ်ကားကို ရုပ်ရှင်ရိုက်ကူးဖို့ ရည်ရွယ်ခဲ့ပေ မယ့်လည်း ဗီဒီယိုအဖြစ်သာ ရိုက်ကူးဖို့ အခွင့်အရေး ရ ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း နောက်ထပ်ရိုက် ကူးမယ့် ဇာတ်ကားဖြစ်တဲ့ “ပြည့်တန်ဆာ မိအေး” ကိုတော့ ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပြပေးခဲ့ပါတယ်။

P061

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*