မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်အတွက် ဇာတ်လမ်းများ ဖိတ်ခေါ်ထား

မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်အတွက် ဇာတ်လမ်းများ ဖိတ်ခေါ်ထား
December 26, 2016 Asian Fame
မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်အတွက် ဇာတ်လမ်းများ ဖိတ်ခေါ်ထား

၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် (ကမ္ဘာ့ဒီမိုကရေစီနေ့)မှ စတင်ပြီး စက်တင်ဘာလ၂၁ရက်နေ့ (ကမ္ဘာ့ကုလသမဂ္ဂနေ့အထိ) ရန်ကုန် မြို့က ရုပ်ရှင်ရုံတွေမှာ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ဇာတ် ကား၇ကားကို ပြသသွားမှာဖြစ်တာမို့ လက်ရှိမှာတော့ အဲဒီဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနိုင်ဖို့အတွက် ရုပ် ရှင်ရိုက်ကူးနိုင်တဲ့ ဇာတ်လမ်းတွေကို ဖိတ်ခေါ်နေပြီ ဖြစ်ပါ တယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဟာ ဒီမိုကရေစီ အနှစ်သာရကို ဖော်ဆောင်ပေးနိုင်တဲ့၊ အနုပညာ ရသမြောက်တဲ့ ဇာတ်လမ်းပုံစံဖြစ်ရမှာ ဖြစ်ပြီး အနည်းဆုံး စာမျက်နှာ ၅ မျက်နှာမှ ၁ဝမျက်နှာထက်မကျော်တဲ့စာမူကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ၂ဝ၁၇ခုနှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့)နောက်ဆုံးထားပေးပို့ရမှာ ဖြစ်တယ်လို့ ရုပ်ရှင်အမှုဆောင်တစ်ဦးဖြစ်တဲ့ ဒါရိုက်တာအေဝမ်းသိန်း ထွဋ်က ဆိုပါတယ်။

” ရိုက်ကူးတာကတော့ အချိန်အတော်ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်း ၇ခုရွေးမယ်။ ဇာတ်ကား ၇ ကားရိုက်ကူး မှာပေါ့။ ဘယ်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရကို ပေါ်လွင်ရမယ်။ ပေါ်လစီ နည်းနည်းပါလည်းရပါတယ်။ ဘယ်လိုဇာတ်လမ်းမျိုး ဖြစ်ဖြစ် ဒီမိုကရေစီရဲ့ အနှစ်သာရပေါ်လွင်တဲ့ ဇာတ်လမ်း မျိုးဆိုရင် တင်လို့ရပါတယ်။ ဒါပေမဲ့ လာရောက်ပေးပို့မယ့် ဇာတ်ကားတွေဟာ ရုံတင်နိုင်တဲ့ ကွာလတီတော့ရှိရပါ မယ်။ အဲဒီဇာတ်ကားတွေ ရိုက်ကူးမှုကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အကုန်ကျခံမှာဖြစ်တယ်။ မြန်မာ့ဒီမိုကရေ စီရုပ်ရှင်ရက်သတ္တပတ်မှာ တစ်ရက်ကို တစ်ကားနှုန်းနဲ့ တစ်နေ့မှာ ၅ ပွဲ ပြသပါမယ်။ တစ်ရက်တစ်ကား ဖြစ်တဲ့ အတွက် စက်တင်ဘာလ၁၅ရက်နေ့ကနေ၂၁ ရက်နေ့ အထိ ပြသသွားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ တီဗီချန်နယ် တွေမှာ ပြမယ်ထင်ပါတယ်” လို့ ရုပ်ရှင်အမှုဆောင်တစ်ဦး ဖြစ်တဲ့ ဒါရိုက်တာအေဝမ်းသိန်းထွဋ်က ပြောပြပေးပါတယ်။ အရွေးချယ်ခံရမယ့် ဇာတ်လမ်းတွေကိုတော့ ထိုက် တန်တဲ့ Óဏ်ပူဇော်ခကိုပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*