တန်ဖိုးနည်း ခေါက်အိမ်များ စတင်ရောင်းချပြီ

တန်ဖိုးနည်း ခေါက်အိမ်များ စတင်ရောင်းချပြီ
December 26, 2016 Asian Fame
တန်ဖိုးနည်း ခေါက်အိမ်များ စတင်ရောင်းချပြီ

pyi-twin-1
မြန်မာနိုင်ငံအတွင်း နေထိုင်ရန်အတွက် အိမ်ရာဆောက်လုပ်ရန် ဆောက်လုပ်ရေးပစ္စည်းစရိတ်တန်ဖိုးကြီး မြင့်မှုများကြောင့် အခက်အခဲရှိသူများ နှင့် ဆောက်လုပ်မှု ကြီးကြပ်ရန်အတွက် အချိန်မပေး နိုင်သူများအတွက် တန်ဖိုးနည်းခေါက်အိမ်များအား နိုင်ငံခြားမှ မှာယူတင်သွင်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း Treasure Triangle ကုမ္ပဏီမှသိရသည်။ အဆိုပါ ခေါက်အိမ်များမှ စတီးဖြင့်ပြုလုပ်ထားကာ အမိုးနှင့်အကာများသည် အပူဒဏ်သက်သာပြီး မီးလောင်ခြင်းအာမခံဖြစ်သော IEPS Panel ကို သုံးထားကြောင်းသိရသည်။ ခိုင်ခံမှုအနေဖြင့်လည်း ငလျင်ဒဏ်ခံနိုင်မှု Grade-7 နှင့် လေတိုက်ခတ်နှုန်းခံနိုင်မှုတစ်နာရီလျှင် ၁၂ဝ အထိခံနိုင်အောင် Design တွက်ချက်ပြုလုပ်ထားကြောင်း သိရသည်။

” နိုင်ငံရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့နေထိုင်မှုပြဿနာ၊ အိမ်ရာ ပြဿနာတွေအချိန်တိုအတွင်း လူကုန် သက်သာပြီး သင့်တင့်တဲ့ တန်ဖိုးနဲ့ အိမ်တစ်လုံးပိုင်ဆိုင်စေဖို့အတွက် ကူညီ ဖြေရှင်းပေးခြင်းဖြစ်ပါတယ်။ အဓိကအချက်အနေနဲ့တော့ တန်ဖိုးနည်းနည်းနဲ့ အိမ်ဆောက်ဖို့ အခက် အခဲဖြစ်နေသူတွေ၊ အိမ်ဆောက်လုပ် ချင်ပေမယ့် ကြီးကြပ်ဖို့အတွက် အချိန်မပေး နိုင်သူတွေ အတွက်ဖြစ်ပါတယ်” ဟု Treasure Triangle ကုမ္ပဏီမှ ဒါရိုက်တာဖြစ်သူ ဦးကျော် ထူးအောင်က ပြောသည်။ အဆိုပါပုံစံများအပြင် ခြံရှိပြီး အပန်းဖြေဘန်ဂလိုပုံစံထားချင်သူများ၊ အတည်တကျပြုလုပ်ရန်မလိုသော Site office , Coffee shop , Mini mart ၊ တရားထိုင်ရန် အဆောင်စသည်များအတွက်လည်း အသုံးပြု၍ရနိုင်မည် ဖြစ်ကြောင်း သိရသည်။

” ဒီခေါက်အိမ်တွေရဲ့ အရွယ်အစားကတော့ (အလျား) ၈’ – ၂’ X (အနံ) ၁၉’ X (အမြင့်) ၈’ – ၆’ ဖြစ်ပါတယ်။ ပုံစံကတော့ နှစ်ထပ်ထပ်မယ်၊ အပေါ်မှာဝရန် တာလုပ်မယ်၊ အမိုး မိုးမယ်၊ ဘေးပတ်လည်ဝရန်တာ လုပ်မယ်စသည်ဖြင့်ကြိုက်နှစ်သက်ရာ အမျိုးမျိုးပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု ဦးကျော်ထူးအောင်က ဆက် ၍ရှင်းပြသည်။ အဆိုပါတန်ဖိုးနည်း ခေါက်အိမ်များသည် တရုတ်မှ တင်သွင်းသော ပစ္စည်းများဖြစ်ပြီး အခန်းဖွဲ့ခြင်း၊ ဝရန်တာစသည်တို့အပါအဝင် ပြင်ဆင်မှုများအတွက် အမြန်ဆုံး ၁ဝ ရက်မှ အကြာဆုံး ၁၅ရက်ခန့် အချိန်ထပ်ပေးရန်လိုအပ်ကြောင်းသိရ သည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*