ဆရာလင်္ကာရည်ကျော်၏ ပန်းမာန်ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးပြီး နိုင်ငံတကာအထိပြသရန် စီစဉ်ထား

ဆရာလင်္ကာရည်ကျော်၏ ပန်းမာန်ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးပြီး နိုင်ငံတကာအထိပြသရန် စီစဉ်ထား
December 26, 2016 Asian Fame
ဆရာလင်္ကာရည်ကျော်၏ ပန်းမာန်ဝတ္ထုကို ရုပ်ရှင်ရိုက်ကူးပြီး နိုင်ငံတကာအထိပြသရန် စီစဉ်ထား

drye

ဆရာလင်္ကာရည်ကျော်ရဲ့ အောင်မြင်ခဲ့တဲ့ဝတ္ထုများထဲက နေဝင်အိပ်တန်းတက်၊ ပန်းဒေါင်းစတဲ့ ဝတ္ထုတွေက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပရိသတ် အားပေးမှုရခဲ့သလို နောက်ဆုံးထွက်ရှိခဲ့တဲ့ ပန်းမာန် ဝတ္ထုကလည်း ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ပန်းမာန်ဝတ္ထုကိုတော့ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်ပုံဖော်ပြီး နိုင်ငံတကာကို Subtitle နဲ့ ဖြန့်ချိ သွားမှာဖြစ်ပါတယ်။

” ပန်းမာန်ကတော့ ရုပ်ရှင်ရိုက်ကူးတဲ့အခါ နည်းနည်းလေးပိုပြီးလုပ်ငန်းကြီးမယ့်သဘောရှိတယ်။ ဆရာ့ကို ကုမ္ပဏီကပြောတယ်။ သူတို့ စဉ်းစားထားတဲ့ အထဲမှာ ပန်းမာန်ကို နိုင်ငံခြားသားဒါရိုက်တာနဲ့ ရိုက်ကူးဖြစ်မယ်။ ဇာတ်ညွှန်းက အင်္ဂလိပ်လိုရော၊ မြန်မာလိုရော ရေးမယ်။ ပြီးတဲ့အခါကျတော့ Subtitle ထိုးပြီး နိုင်ငံတကာကို ဖြန့်ဖို့ အစီအစဉ်တွေရှိတယ်ပေါ့။ ပြည်တွင်းက ဒါရိုက်တာတစ်ယောက်လည်းပါမှာ ပေါ့နော်။ သူတို့ဘက်က ရင်းနှီးမှု ပမာဏတော့များမယ်။ အဲဒီလို သူတို့စီစဉ်ထားတာတွေ ပြောဆိုထားတာတော့ ရှိပါတယ်” လို့ ပန်းမာန် ဝတ္ထုစာအုပ်ကို ဖန်တီးပုံဖော်ခဲ့သူ ဆရာလင်္ကာရည်ကျော်က ပြောပြပါတယ်။ ပန်းမာန်ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်တဲ့ နေရာမှာတော့ ပန်းမာန် ဝတ္ထုထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ ခင်နွယ်စိုး နေရာကို ဘယ်သူသရုပ်ဆောင် မလဲဆိုတဲ့အဖြေကလည်း ပရိသတ် စိတ်ဝင်တစားသိချင်နေတဲ့ အဖြေတစ်ခုဖြစ်နေခဲ့ပါတယ်။ ပန်းမာန်ဝတ္ထုကို ပုံဖော်ရာမှာတော့ ဇာတ် ကောင်တွေရဲ့အနေအထားနဲ့ ရေးဖြစ်တဲ့အကြောင်းကိုတော့ ဆရာလင်္ကာရည်ကျော်က..

” ဆရာက ဇာတ်လမ်းစာရေး ဆရာထက်စာရင်ဇာတ်ကောင် စာရေးဆရာ ပိုဆန်မှာပေါ့နော်။ ဇာတ်လမ်းလည်းအထိုက်အလျောက်တော့ ဖန်တီးရတာပေါ့။ သို့သော် လည်း ဆရာ့ဝတ္ထုတွေ အားလုံးက ဟီးရိုးတစ်ယောက်အပေါ်မှာ မူတည်ပြီး ဖြစ်လာခဲ့ကြတာချည်းပဲလေ။ ပန်းဒေါင်းနဲ့ ပန်းမာန်မှာ ဆရာက သမီးအရွယ်လူငယ် လေးတစ်ယောက်ကို မှီပြီးရေးဖြစ်တယ်။ သူ့ကိုခွင့်လည်း တောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဆရာက အပြင်မှာမဖြစ်တဲ့ ဇာတ်လမ်းတွေလည်း ထည့်ရေးမှာကိုး။ ဆရာက ဇာတ်လမ်းအနေနဲ့ ဖန်တီးပြီးတော့ သူ့ကိုလူငယ်တွေ အားကျစေချင်တဲ့ စေတနာနဲ့ရေး ဖြစ်တော့ ခင်နှင်းကြည်သာပေါ့။ ဒီတော့ ခင်နွယ်စိုးရဲ့ ရုပ်ရည်သွင်ပြင်၊ အမူအရာ၊ ဝတ်ပုံစားပုံ အားလုံးကတော့ ခင်နှင်းကြည်သာနဲ့သွားတူနေမှာပဲ” လို့ ဆရာလင်္ကာရည်ကျော်က ပန်းမာန်မှာ ခင်နွယ်စိုး ဇာတ်ကောင် အကြောင်းပြောပြခဲ့ပါတယ်။ လက်ရှိတွင် ဆရာလင်္ကာရည်ကျော်က သူ့ ရဲ့ဝတ္ထုသစ်တစ်ပုဒ်ကို စတင်ရေးသားနေပြီလို့ သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*