December 23, 2016 Asian Fame
chris
ခရစ္စမတ်ဆိုတဲ့ အဓိပ္ပာယ်က ချစ်ခြင်းမေတ္တာနဲ့ ငြိမ်ချမ်းခြင်းကို ဖော်ညွှန်းပါတယ်။ အထူးသဖြင့် ခရစ္စမတ်ဆို စန်တာက လော့ ခေါ် ခရစ္စ မတ် ဘိုးဘိုးကြီးဆီကနေ လက်ဆောင်တွေရတော့ မယ်ဆိုပြီး ကလေးတွေ ပျော်ကြတယ်။ ခရစ္စမတ် မှာ ခရစ်ယာန် ဘာသာဝင် အိမ် အသီးသီးက ပွဲတော်လေးတွေလုပ်ကြတယ်။ ခေတ်ကာလ သား သမီး တွေကလည်း ခရစ္စမတ်နဲ့လိုက် ဖက်ရာ ဖက်ရှင် တွေကို ရွေးချယ် ဝတ်ဆင်ကြတယ်။ ဘယ်လိုပဲ ဆိုဆို အေး ချမ်းခြင်းတွေနဲ့ဆောင်ကြဉ်းလာတဲ့ ခရ စ္စမတ် ရှိရာ ဒီဇင်ဘာလမှာ ခရစ်ယာန် ဘာသာဝင် အနု ပညာရှင်တွေ ဖြစ် ကြတဲ့ အဆိုတော် ဖြူဖြူကျော်သိန်း၊ အဆိုတော်အမွန်း၊ အ လှမယ် အိန်ဂျယ်လမုန် တို့ရဲ့ ခရစ္စမတ်နေ့ အပေါ်  သူတို့ အမြင်နဲ့ သူတို့ပြောတဲ့ ခရစ္စမတ်အကြောင်းတွေကို ခရစ္စမတ် ကာလမှာ ရိုက်ကူး ပုံဖော်ကာတင်ဆက် လိုက်ပါတယ်။
zaw_1417-copy
မိတ်ကပ် -Jhonny June ဒီဇိုင်နာ – ဂျိုကာ
ဖြူဖြူကျော်သိန်း  ရဲ့ ခရစ္စမတ် ခံစားမှု
ခရစ္စမတ်ရောက်တဲ့ အချိန်ဆိုရင် ငယ်ငယ်ကတော့ ကလေးလိုမျိုးပဲ လက်ဆောင်တွေရလို့ ပျော်တယ်။ပျော်ပွဲရွှင်ပွဲတွေ သွားရလို့ပျော် တယ်။ အရွယ်ရောက်လာတဲ့အခါမှာ စာတွေဖတ်လာပြီး ဘာသာ ရေးနဲ့ ပတ်သက်တဲ့အပေါ်မှာလည်း ပိုပြီးထဲထဲဝင်ဝင် သိလာတဲ့အ ခါကျတော့ အပျော်မှာမှ ခရစ္စမတ်ရဲ့  အဓိပ္ပာယ် နက်နက်နဲနဲကို ပိုနားလည်လာတယ်။ ပေးဆပ်တဲ့ မေတ္တာတရား ဆိုတာကို သိပြီးတဲ့ အချိန်မှာ ကျေးဇူး တင်ခြင်း ဆိုတဲ့အသိ ထပ်ပိုလာတယ်။ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတင်ခြင်း ဆိုတဲ့ ခံစားမှုတွေပေါ့။ ခရစ္စမတ်ရောက်ပြီဆိုရင် ဒီဇင်ဘာလ ၁ ရက်နေ့မှာSweet December  ဆိုပြီး အကြို နှုတ်ဆက်ကြတယ်။ ဒီဇင်ဘာလသည် သခင်ယေရှု ခရစ်တော်ရဲ့ မွေးလ ဖြစ်တဲ့အ တွက်ကြောင့် ချိုမြိန်သော ခရစ္စမတ်ကာလဆိုပြီး နှုတ်ဆက်ကြတယ်။ ခရစ္စမတ်သစ်ပင် လေးတွေနဲ့ အိမ်မှာ အလှဆင်ကြတယ်။ အချင်းချင်း လက်ဆောင်တွေပေးကြတယ်။ Carol Singing  တွေ ဆိုကြတယ်။ ငယ်ငယ်ကတည်းက ဆိုကြတာပေါ့။ အခု အဆို တော်ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ဘုရား ကျောင်းမှာပဲ ဓမ္မတေးတွေဆိုဖြစ် တယ်။ ခရစ္စမတ် အထိမ်းအ မှတ်ပြု လုပ်တဲ့ စတိတ်ရှိုးပွဲ လေးတွေသွားဖြစ်တယ်။ ဒီ ဒီဇင်ဘာလဆိုတဲ့ အချိန်လေး ကလည်း လူတိုင်းကို ကြည်နူးစေတယ်။ ကိုယ့်ပတ် ဝန်း ကျင်မှာကိုယ့် သူငယ်ချင်းတစ်ယောက်က ပျော်နေတယ်ဆိုရင်အဲဒီအပျော်က ကိုယ့်ကိုကူးစက်တာပေါ့။ ခရစ်ယာန် သူငယ်ချင်းတွေ   ပျော်နေကြ  တဲ့ အချိန်မှာလည်း တခြားဘာသာ ပေါင်းစုံက သူငယ်ချင်းတွေကပါ ပျော်ရွှင် ကြတယ်။ အဲဒါလေးကလည်း အင်မတန် ကြည်နူးစရာ ကောင်းတယ်။ သတင်းစကားကို မျှဝေလို့လည်း ကောင်း တယ်။ ဘာဖြစ်လို့ ပျော်တာလဲဆိုရင်ပြောပြစရာအကြောင်း အရင်းတွေ လည်းရှိတယ်။ ဒီနှစ် ခရစ္စမတ်မှာတော့ ပွဲ တွေလည်း အားမယ်ဆိုရင်တော့ ဘုရားကျောင်းဝတ်ပြု အစီအစဉ်မှာ ပါဝင်မယ်။ ပြီးရင် ရက်ကလေး အချိန် လေးတွေ အားခဲ့ရင်တော့ ခရစ္စမတ် အလှူလေး လုပ်ချင်တယ်။ အခုလက်ဆောင်ပစ္စည်း လေးတွေစု ထား တယ်။ ဖြူဖြူက အရုပ်ကလေးတွေ ကြိုက် တော့ ကိုယ်ကိုယ်တိုင် ဝယ်ထားတာလည်း ရှိ သလို ပရိသတ်တွေ လက်ဆောင်ပေးကြတာ လည်း ရှိတယ်။ အဲဒါလေးတွေ ကို ဆေးရုံက လူနာကလေးလေးတွေကိုပဲဖြစ်ဖြစ်၊ မတတ်နိုင်ကြတဲ့ ကလေးလေးတွေကိုပဲ ဖြစ်ဖြစ် ဒီအရုပ်ကလေးတွေ မျှဝေချင်တဲ့ ဆန္ဒဖြစ်မိတယ်။ အဲဒါလေးကို အကောင်အထည် ဖော်ဖို့တော့ စီ စဉ်နေပါ တယ်။
zaw_1735-copy
မိတ်ကပ် -AhNaw Lamu ဒီဇိုင်နာ – ကောင်းဆက်သူ
အိန်ဂျယ်လမုန်
ဒီဇင်ဘာလက အမျိုးတွေဆုံတဲ့ လလို့လည်း ပြောလို့ရပါတယ်။ ဒီလက အိန်ဂျယ်တို့ရဲ့ သခင်ယေရှု မွေးတဲ့ လဖြစ်တော့ ပွဲတော်တွေ ရှိတယ်။ ဘုရားကျောင်းမှာဆိုလည်း ပွဲတော် လုပ်ဖို့အတွက် ပြင်ဆင်နေကြတယ်။ Carol Singing အတွက်လည်း သီချင်း တွေ တိုက်နေ ကြတယ်။ တစ်နှစ်လုံးမှာ မှ ဒီလကို ရောက်ရှိလာဖို့က စောင့် မျှော်ခဲ့ရတာဆိုတော့ အခု တဖြည်းဖြည်း နဲ့ နီးလာခဲ့ပြီဆိုတော့ ရင်ထဲ မှာပျော်နေမိ ပါတယ်။ အိန်ဂျယ်က မနှစ်ကတော့ မန္တလေးမှာ Carol Singing လိုက်ဆို တယ်။ ဒီနှစ်တော့ ရန်ကုန်မှာ ဆိုဖြစ် ပါမယ်။ ခရစ္စမတ် မတိုင်ခင်မှာတော့ အနုပညာအလုပ်တွေ လက်ခံထားတာ ရှိတော့ သီချင်းကို ၁ရက်ပဲ ဆိုဖြစ် ပါ့မယ်။ ဘုရားသခင်ရဲ့ မွေးနေ့ ရက် မှာတော့ ဘာအလုပ်မှ လက်ခံ မထားဘဲခရစ္စမတ်ကို အပြည့် အဝ ဖြတ်သန်းမှာပါ။ ဒီလ ဒီရက်က အိန်ဂျယ်တို့ ခရစ်ယာန်ဘာ သာဝင်တွေအတွက်  အပျော်ရွှင်ရဆုံး အချိန် ကာလလေးပါ။ တခြား ဘာသာ ဝင်တွေလည်း လာရောက် ပျော်ရွှင်ကြ ဖို့ အိန်ဂျယ် ဖိတ်ခေါ်ပါတယ်။
အိန်ဂျယ်ကတော့ နှစ်စဉ် နှစ် တိုင်း ခရစ္စမတ်ရောက်ပြီဆိုရင် ဘုရားကျောင်းတက်တာများ တယ်။ ငယ်ငယ်ကတည်းက ဘုရားကျောင်း နဲ့ပဲ ကြီးပြင်းခဲ့ ရတာဆိုတော့ ဘုရားကျောင်းနဲ့ပဲ ရင်းနှီးတယ်။ မိဘတွေကလည်း ဒီဘက်ကို တွန်းပို့တယ်။ အဲဒီတော့ဒီလိုအချိန် အခါမျိုးေ ရာက်ရင် ဘုရား ကျောင်းက လူငယ် အစည်းအဝေး တွေမှာ Carol Singing တွေမှာ သီချင်းတွေလိုက်ဆိုတာမျိုးတွေပဲ လုပ်ဖြစ်ပါတယ်။ အခု ခရစ္စမတ်ကို ရောက်တော့မှာမို့ ပေါ်ပြူလာ ဂျာနယ်ကနေ အိန်ဂျယ်တို့ ခရစ် ယာန်ဘာသာဝင်တွေဖြစ်ကြတဲ့ မဖြူ ဖြူကျော်သိန်း၊ အမွန်းတို့နဲ့ ခရစ္စမတ် အမှတ်တရအဖြစ် ဓာတ်ပုံခေါ်ရိုက်လို့ အိန်ဂျယ် တအားကြီး ကျေးဇူးတင်ပါ တယ်။ အဆိုဘက်မှာ အောင်မြင်တဲ့ မဖြူ လို စံပြတစ် ယောက် နဲ့ရော၊ စီနီ ယာ ဖြစ် တဲ့ အမွန်းတို့နဲ့ ရိုက်ကူးခွင့်ရလို့ အင်မတန် ပျော်ရွှင်ရပါတယ်။ ပေါ်ပြူလာကိုလည်း ကျေးဇူး အထူးတင်ပါတယ်။
မိတ်ကပ် -ခိုင်ခိုင်
မိတ်ကပ် -ခိုင်ခိုင်
အမွန်း
ခရစ္စမတ် ကာလကတော့ အမွန်း တို့ ခရစ်ယာန်ဘာသာ ဝင်တွေ အမွန်းတို့ကို တစ် လောကလုံး ဖန်ဆင်း ထား တဲ့ဘုရား သခင်က   လောက ကြီးကို လက်ဆောင် ပေး တဲ့အချိန် ကာလပေါ့နော်။ သူကိုယ်တိုင် လူ သားတစ်ယောက်အနေနဲ့ ဆင်းလာတယ်။ ဆင်းလာပြီးေ တာ့မှ လောကမှာ သူအသက်ရှင်ပြ သွားတယ်။ အဲဒီအချိန်ကာလလေးပေါ့ နော်။ ခရစ်တော်ဖွားမြင်လာပါတယ်၊ မွေးဖွားလာ ပါတယ်ဆို တဲ့ အချိန်ကာလလေးကို အမွန်းတို့ ကြိုဆိုကြတယ်။ အဲဒါက ခရစ္စမတ် ကာလ လေးပေါ့နော်။ အဲဒီတော့ အမွန်းခံယူထားတာက အဲဒီအချိန်မှာ အမွန်းတို့ ငြိမ်သက် ခြင်း တကယ်ကို ရှိသင့်တယ်။ ချစ်ခြင်း မေတ္တာတွေ တစ်ယောက်နဲ့တစ်ယောက် ဖြန့်ဝေသင့်တယ်။ ဘုရားသခင် က လောကကြီးကို လက်ဆောင်ပေးခဲ့ သလိုမျိုး လူသားတွေ အချင်းချင်း လည်း ချစ်ခြင်း မေတ္တာအပြည့်နဲ့ လက်ဆောင်ေ လးတွေ အချင်း ချင်းပေးကြရင်းနဲ့ ပျော်ရွှင်စရာ ဖြတ်သန်းရမယ့် ကာလတစ် ခုလို့ အမွန်းမြင်ပါတယ်။ စန် တာကလော့က လက်ဆောင်ေ ပး တယ်ဆိုတာ တကယ်တော့ မိဘ တွေကပဲ လက်ဆောင်ပေးတာပါ။ ငယ် ငယ်တုန်းကတော့ စန်တာကလော့ဘိုးဘိုး ကြီးလာပြီးတော့ လက်ဆောင် ပေးသွားတယ်ပဲ ထင်တာပေါ့။ ဒါပေမဲ့ စန်တာကလော့က အမွန်း အမေနဲ့ ဘာဖြစ်လို့ လက်ရေး ဆင် တာလဲလို့ ထင်ခဲ့ဖူး တယ်။ ဒါက ဟာသပေါ့။ လက်ဆောင်ဆိုတာလည်း အမွန်းတို့ရခဲ့ဖူးပါ တယ်။ လက်ဆောင်ကို အချင်းချင်း သိ အောင်ပေးတာလည်း ရှိခဲ့ဖူးသလို လျှို့ဝှက် ပေးခဲ့တာတွေလည်း ရှိပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညဘက်ဆိုရင် အလုပ်တွေ ရှုပ်ကြပြီ။ လက်ဆောင်လေးေ တွ ခိုးပြီး ထုပ်ကြ၊ ကိုယ်ပေးချင်တဲ့သူရဲ့ နာမည် လေး တွေရေးပြီး သစ်ပင်အောက်မှာ သွား ထားကြနဲ့ အလုပ်တွေရှုပ်နေပြီ။ မနက်ကျ လို့ရှိရင် ကိုယ့်လက်ဆောင် ကို သွားယူပြီး ဖွင့်ကြည့်ကြ၊ ရယ်ကြနဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဆို အိမ်မှာ အလုပ်တွေ ရှုပ်နေကြ တော့ တာပါပဲ။
ရဲရဲ၊ မျိုးမောင်၊ ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*