မြေနီကုန်းခုံးကျော်တံတားအနုပညာစီမံကိန်း အမှိုက်များနှင့် ကွမ်းတံတွေးများကြောင့် အကျည်းမတန်စေချင်

မြေနီကုန်းခုံးကျော်တံတားအနုပညာစီမံကိန်း အမှိုက်များနှင့် ကွမ်းတံတွေးများကြောင့် အကျည်းမတန်စေချင်
December 22, 2016 Asian Fame
မြေနီကုန်းခုံးကျော်တံတားအနုပညာစီမံကိန်း အမှိုက်များနှင့် ကွမ်းတံတွေးများကြောင့် အကျည်းမတန်စေချင်

myaynig

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးတို့ရဲ့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှု ဖြစ်တဲ့ မြေနီကုန်းခုံးကျော်တံတား အနုပညာစီမံ ကိန်းကို စတင်အကောင်အထည်ဖော်ဆောင်လျက်ရှိပါ တယ်။ လက်ရှိအချိန်မှာတော့ မြေနီကုန်း ခုံးကျော် တံတားအောက်မှာ အများ ပြည်သူများလာရောက်အပန်းဖြေ နားနေကြသလို အားကစားကွင်းမှာလည်း လာရောက် လေ့ကျင့်ကစားနေကြသူ လူငယ်တွေလည်းရှိပါတယ်။ သူတို့ရဲ့ အပန်းဖြေ နားနေရာမှာ ဖြစ်တည် ခံစားရတဲ့ ရသတွေကို မေးမြန်းဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

ကိုအောင်ကျော်စိုး (ပန်းဘဲတန်း)

” အရင်ဆိုလို့ရှိရင် ခုံးတံတား အောက်မှာထိုင်စရာခုံတောင်မှ မရှိဘူး။ အခုတော့ တော်တော်လေး အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ လူတွေကလည်း စည်းကမ်းလေးရှိဖို့ လို ပါတယ်။ ကွမ်းတံတွေး ထွေးတာတို့ ဘာတို့ပေါ့။ ဒီအတွက်လည်း ပုံးတွေဘာတွေထားပေးရင် ပိုအဆင်ပြေပါတယ်”

ယမုံဦး (စမ်းချောင်း)

” ဒီလိုမျိုး အများပြည်သူ နားနေလို့ရအောင် နေရာလေးတွေပါ ထပ်လုပ်ပေးတော့ ပိုအဆင်ပြေတယ်။ ဒီမှာက လူတွေက ဘာတစ်ခု ပြောင်းလဲရမလဲဆိုတော့ စည်းကမ်း မရှိတာပေါ့နော်။ အခုဆိုရင် ဒီမှာ လုပ်ပေးထားတာ ဘယ်လောက်မှ မကြာသေးဘူး။ ကွမ်းတံတွေးတို့၊ ဆေးလိပ်တိုတို့ အဲဒီလို အမှိုက်လေး တွေ တွေ့တယ်။ ပြည်သူတစ်ယောက် အနေနဲ့ ဒီလိုမျိုး အစိုးရက သေသေချာချာသပ်သပ် ရပ်ရပ်လေး လုပ်ပေးထားတာကို စည်းကမ်းရှိစေချင်တယ်”

ကိုမင်းမင်း (စမ်းချောင်း)

” အစိုးရကနေပြီးတော့ လူတွေခရီးသွားလာအပန်းဖြေဖို့ နေရာလေးတွေလုပ်ပေးတယ်။ ဒါပေမဲ့ လူတချို့က စည်းကမ်းမရှိတာလေး တွေတော့နည်းနည်းပြင်သင့်ပါ တယ်။ အခုဆိုလို့ရှိရင် အကုန်လုံး မြင်တွေ့တဲ့အတိုင်း နံရံတွေမှာ ကွမ်းတံတွေးတွေရှိမယ်။ အမှိုက်တွေလည်း ဖွသွားကြတာမျိုးတွေကိုတော့ သတိပြုသင့်ပါတယ်။ အခုဆိုလို့ရှိရင် လာပြီးထိုင်နေ ကြတဲ့လူတချို့က ကွမ်းတံတွေးထွေး မယ်၊ အမှိုက်ပစ် မယ်ပေါ့။ ဒါလေး တွေကို ကြီးကြပ် ပေးဖို့ လူ တစ်ယောက်၊ နှစ်ယောက် လောက် တော့ ထားပေးသင့်တယ်။ဘာဖြစ်လို့ လဲဆိုတော့ ဒီစည်းကမ်း ပိုင်းလေး တွေ ပြုပြင်ဖို့နဲ့ သတိပေးစာ လေး တွေလည်း လူမြင်ထင်ရှားတဲ့ နေရာ တွေမှာချိတ်ဆွဲဖို့ပေါ့။ ဒါမှလည်း စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ ဆင်ခြင်မှုတရားတွေ ရှိလာမှာပါ”

ခန့်စည်သူ (ကမာရွတ်)

” ကျွန်တော်တို့ ဒီမှာ စကိတ်စီးရတာ တအားကို ပျော်စရာကောင်းပါတယ်။ ဒီမှာ တော်တော်ကောင်း ကောင်း စီးလို့ရတဲ့အတွက်လည်း တအားဝမ်းသာပါတယ်။ ကွမ်းတံ တွေး ထွေးထားတာတွေမျိုးကတော့ သူများအမြင်မှာ ကြည့်လို့ မကောင်းဘူးပေါ့ဗျာ။ ထိုင်တဲ့သူတွေမှာလည်း အင်္ကျီတွေမှာ ကွမ်းတံတွေးတွေပေသွားရင်လည်း မကောင်းဘူးပေါ့။ ဒါကတော့ ကျွန်တော့်စိတ်ထဲမှာ စိတ်မကောင်းသလို ခံစားရပါတယ်”

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*