မွေးနေ့မှာ အလှူပြုလုပ်ပြီး ကလေးတွေရဲ့အခက်အခဲကို ကူညီပေးနိုင်ခဲ့တဲ့ ပက်ထရစ်ရှာ

မွေးနေ့မှာ အလှူပြုလုပ်ပြီး ကလေးတွေရဲ့အခက်အခဲကို ကူညီပေးနိုင်ခဲ့တဲ့ ပက်ထရစ်ရှာ
December 22, 2016 Asian Fame
မွေးနေ့မှာ အလှူပြုလုပ်ပြီး ကလေးတွေရဲ့အခက်အခဲကို ကူညီပေးနိုင်ခဲ့တဲ့ ပက်ထရစ်ရှာ

 image-0-02-06-07d757d16c48b34a7fa6ea348c265922873aab69842cea0aa380316c1e2e627c-v-copy

သရုပ်ဆောင် ပက်ထရစ်ရှာက ဒီဇင် ဘာလ ၁၃ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ (၁၈)နှစ်ပြည့် မွေးနေ့အတွက် မွေးနေ့မနက် ပိုင်းက ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ၈၉ မိုင် ၅ ဖာလုံမှာရှိတဲ့ Yellow Generation Wave (Y.G.W) အဝါရောင် မျိုးဆက်သစ် လူငယ် ပရဟိတအသင်း၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းကိုသွားရောက်ပြီး အလှူဒါနများ ပြုလုပ်ကာ မွေးနေ့ပွဲကို ကျင်းပ ခဲ့ပါတယ်။

image-0-02-06-1f0034f473d8f61b773a00e40ec7e7e85ad14a9140586dadecfc5b32bf621ac2-v-copy

မွေးနေ့အလှူအဖြစ် မွေးနေ့ရှင် ပက်ထရစ် ရှာက အလှူငွေကျပ် ၅ သိန်း လှူဒါန်းမှုနဲ့အတူ ပက်ထရစ်ရှာ ကို ချစ်ခင်ကြတဲ့We Love Patricia Fan   များက အလှူငွေ ၃ သိန်း ၅ သောင်းကျပ်နဲ့အတူ သင်္ကန်းတစ်စုံ၊ ဗလာစာ အုပ် ဒါဇင် ၅ဝ တို့နဲ့ အချိုရည်များ လှူဒါန်း ပေး ခဲ့ကြပါတယ်။ ဒီလှူဒါန်းမှုများအပြီးမှာ We Love Patricia Fan  များနဲ့မွေးနေ့ကိတ်ခွဲကာ မွေးနေ့ပွဲကိုပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။

image-0-02-06-3ef2833be404508271bfbee2b6199d95c651681621d2077f92405dd850ee3ac8-v-copy

မွေးနေ့အလှူကို ပရိသတ်များနဲ့အတူ ကျင်းပရတဲ့အတွက် ဒီနှစ်မွေးနေ့ကတော့ တကယ့်ကို ပြီးပြည့်စုံသော မွေးနေ့လေးဖြစ် ကြောင်းကို ပက်ထရစ်ရှာက “ဒီနှစ် ညီမမွေးနေ့ ကို ထူးထူးခြားခြားလေး ပရိသတ် နဲ့အတူ Donation  လုပ်တယ်။ ပရိသတ်တွေက အလှူ ငွေလေးေ တွပါ ထည့်လှူပေးကြတယ်။ တချို့ ပရိသတ်တွေကျတော့ နယ်ဝေးက ဖြစ်နေတဲ့အ တွက် မလာနိုင်ကြဘူး။ ဒါပေမဲ့Bank Account  ကနေ အလှူငွေထည့်ပြီး လှူဒါန်းကြတဲ့ အတွက် အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဟိုးလွန်ခဲ့တဲ့ ၂ နှစ်ကတော့ ဒီလိုပဲ မိဘမဲ့ကလေးကျောင်းမှာ ညီမမွေးနေ့ အလှူလုပ်ဖူးပါတယ်။ အဲဒီတုန်းက တော့ ပရိသတ်တွေမပါဘဲ ညီမ တစ်ယောက် တည်းဆိုတော့ ပီတိဖြစ်ရပေမယ့် ဒီနှစ်က ပိုပျော် တယ်။ ကိုယ့်အနားမှာ ပရိသတ်တွေ အများကြီးနဲ့ မွေးနေ့ကို ကျင်းပရပြီး အလှူဒါနတွေ ပြုလုပ် ရတော့ ဒီနှစ် မွေးနေ့ကတော့ တကယ့်ကို ပြီး ပြည့်စုံသော မွေးနေ့ပွဲလေးပါ။ တအားကို ဝမ်း သာပီတိဖြစ်ရပါတယ်။ ဒီနေ့ ညီမတို့ရဲ့ လှူ ဒါန်းမှုလေးက ဒီက ကလေးတွေ ရဲ့ အခက်အခဲ လေးတွေ ကို တစ်စိတ်တစ်ပိုင်း ကူညီနိုင်လိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီက ကလေးတွေ သူတို့ရဲ့ဘဝကို   ကောင်းကောင်းမွန်မွန် ဖြတ်သန်း နိုင်ကြပါစေ၊ ပညာကိုလည်း ဆုံးခန်း တိုင်အောင် သင်ယူနိုင်ကြပါစေလို့ ညီမ တောင်းဆုပြုပါ တယ်” လို့ မွေးနေ့ပွဲနဲ့ပတ်သက် ပြီး ပြောပြပါတယ်။

image-0-02-06-9ad91ed6c52b12368fe2db60c746dfe469945b184284c6e8cb6132e782c2ca68-v-copy

ပက်ထရစ်ရှာက မွေးနေ့မှာ မွေးနှေ့Surprise  လက်ဆောင်တော့ မရရှိခဲ့ဖူးပေမယ့် Valentine day ရောက်ရင်တော့Surprise  လက် ဆောင်အမြဲရခဲ့ပြီး ဘယ်သူ ဘယ်ဝါ ပေးမှန်းတော့ မသိခဲ့ ပါဘူးလို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-We Love Patricia Fan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*