အကြည်တော် ပြောတဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် အကြောင်း

အကြည်တော် ပြောတဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် အကြောင်း
December 22, 2016 Asian Fame
အကြည်တော် ပြောတဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် အကြောင်း

zaw_2190-copy

မထွက်တာကြာပြီဖြစ်တဲ့ စာအုပ်သစ်ထွက်ပါပြီလို့ဆိုတဲ့ စာရေးဆရာ အကြည်တော်က ‘သုညအတွေးများ’ ဆိုတဲ့ စာအုပ်ကို စိုးမိုးစာပေ ကနေ ဖြန့်ချိလိုက်ပါပြီ။ သူ့ရဲ့ ဒီစာအုပ် ကတော့ အရင်ရေးနေကျပုံစံတွေလို မျိုးတော့ မဟုတ်ပါဘူးလို့ ဆိုတဲ့ အကြည်တော်က..

“ဘဝဖြတ်သန်းမှုမှာတွေ့ခဲ့တာလေးတွေ၊ လူတွေသတိ မထားမိတာလေးတွေကို သတိထားမိအောင် ရေးထားတဲ့ စာအုပ်ပါ။ တွေး စရာကောင်းတဲ့ စာအုပ်ပါ။ အချစ်ဝတ္ထုလို မျိုးတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ အခုခေတ် စာအုပ် ဈေးကွက်ကလည်း ခေတ်ကောင်း လှတဲ့ အခြေ အနေ မဟုတ် တော့ ဆရာကြည် စာအုပ်တွေသိပ်မထွက်တော့တာ အဲဒါတွေ နဲ့များ သက်ဆိုင်နေမလားလို့မေးတော့..

“စာအုပ်က သူများတွေကတော့ ဈေးကွက်ပျက်တယ် ပြောတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီအတိုင်းဆက် သွားနေတာပဲ။ မရေး လို့မဖြစ်ဘူးလေ။ အတတ်နိုင်ဆုံးတော့ အားတင်းရေးနေတာပဲ။ စာဖတ်ပရိသတ်ကတော့ သူ့ဘာသာ သူ ရှိပါတယ်။ စာဖတ်ချင်နေတဲ့ သူက သူ့ဘာသာသူရှိပါတယ်။ အရင်လို ပေါပေါများများမဟုတ်တောင် စာကို ဝယ်ဖတ်နေ တဲ့သူတွေရှိပါတယ်” လို့ ပြောပါတယ်။ လူမှုကွန်ရက် တစ်ခု ဖြစ်တဲ့ ဖေ့စ်ဘုတ်ကို လူတိုင်းသုံးလာကြတဲ့ ခေတ်ကြီးထဲမှာ အကြည်တော်လည်း ဖေ့စ်ဘုတ်သုံးစွဲသူတစ်ယောက် အဖြစ် ပါဝင်နေပါတယ်။ သူက လူပျိုကြီးဆိုတော့ အချစ်အကြောင်း လေးတွေ Status  တင်လိုက်၊ ပရိသတ်ဗဟုသုတရစေမယ့်အကြောင်း အရာလေးတွေ တင်လိုက်နဲ့ သူ့ အကောင့်မှာ Followers  ၅ သိန်းကျော်ရှိနေပါပြီ။ ဖေ့စ်ဘုတ်က သူ့ ပရိသတ်တွေအတွက် သူဘယ်လို စဉ်းစားရသလဲဆိုတော့..

“ထူးဆန်းတာက ဖေ့စ်ဘုတ် ကြည့်နေကြတဲ့သူတွေက စာ ၅ ကြောင်း၊ ၁ဝ ကြောင်းအပြင်ကို ပိုမဖတ်ကြတော့ဘူး။ အဲဒီတော့ကိုယ်က အတိုဆုံးဖြစ်အောင် ပြန်စဉ်းစားပေးရ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ဖတ်လည်းဖတ်စေ ချင်တာလေ။ စာအုပ်ချည်းပဲ မဖတ် နိုင် တဲ့သူတွေ အတွက် ဖေ့စ်ဘုတ်ပေါ်မှာ လွယ်လွယ်ကူကူနဲ့ ဖတ်နိုင်အောင် ရေးရတာပေါ့။ ကိုယ်တွေ့ ကြုံခဲ့ဖူး တဲ့ အတွေ့အကြုံနဲ့ ဖြစ်ေ လ့ဖြစ်ထရှိတဲ့ အရာ တွေကို အကုန်ပြန်ချုံ့ပြီးတော့ ရေးပေးရတာပေါ့” လို့ပြောပါတယ်။ သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက် အကြောင်းကိုလည်း အကြည်တော်က..

“Post  တစ်ခုတင်လိုက်ရင် သူတို့က လာ ပျော်နေကြတာ။ အဲဒီ Post  အောက်မှာ တချို့ဆို ကိုယ့်ထက် ပိုရယ်ရတဲ့သူတွေလည်း ရှိတယ်။ သိပ် ပြီးတော့ အမြင်မကပ်ကြတော့ အဆင်ပြေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*