အခွင့်အရေးရမယ်ဆိုရင် သရုပ်ဆောင်ရော ဒီဇိုင်နာအလုပ်ကိုပါ လုပ်သွားမယ့် မေတိုးခိုင်

အခွင့်အရေးရမယ်ဆိုရင် သရုပ်ဆောင်ရော ဒီဇိုင်နာအလုပ်ကိုပါ လုပ်သွားမယ့် မေတိုးခိုင်
December 22, 2016 Asian Fame
အခွင့်အရေးရမယ်ဆိုရင် သရုပ်ဆောင်ရော ဒီဇိုင်နာအလုပ်ကိုပါ လုပ်သွားမယ့် မေတိုးခိုင်

e

အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်သူ မေတိုးခိုင်(ခ)ဖူးဖူးက “ရူးအောင် ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အိâန္ဒာကျော်ဇင်နဲ့ ရုပ်ချင်းဆင်တူတာကြောင့် ပရိသတ်တွေရဲ့ သတိထားမှုကိုခံခဲ့ရသူဖြစ်ပြီး အဒေါ်ရော တူမပါ သရုပ်ဆောင်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဒီဇာတ် ကားကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ အသက်၂၁နှစ်ရှိပြီဖြစ်တဲ့ မေတိုးခိုင်က အင်္ဂလန်နိုင်ငံ Manchester Mertropolitan University မှာ Fashion Design ပညာကို ဒုတိယနှစ်ထိ အောင်မြင်ထားပြီး မြန်မာနိုင်ငံကို ခေတ္တပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်နှစ်ကို နောက်နှစ် စက်တင်ဘာလမှ သွားတက်ရမှာဖြစ်ပြီး ကျောင်း ပိတ်တဲ့အချိန်မှာ သူဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကို ပထမဆုံး စတင်ခြေလှမ်းခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး ဇာတ်ကားကိုအဒေါ်ဖြစ်သူနဲ့ရိုက် ကူးရတဲ့ အတွေ့အကြုံတွေကိုမေးကြည့်တော့ ” အဒေါ်နဲ့ ရိုက်တော့ အားရှိတယ်။ ဒါပေမဲ့ ပထမဆုံးဇာတ် ကားဆိုတော့ကြောက်တယ်။ အခု ထက်ထိအပျော် ဇာတ်ဝင်ခန်းတွေပဲရိုက်နေရသေး တော့ စိတ်ဖိစီးမှု ကြီးကြီးမားမားမရှိသေးဘူး။ ရိုက်ကွင်းပေါ်မှာ ရိုက်လို့ရှိရင် ကင်မရာ ready ဝမ်းတူးသရီးဆိုရင် ကျောက်ရုပ်ကြီးဖြစ်သွားတယ်။ အဲဒါတော့ ကိုယ့်ကိုယ်ကိုယ် သတိထားမိတယ်။ ရိုက်ကွင်းက ၂ရက် ပဲရှိသေးတော့ အခက်အခဲ သိပ်မရှိသေးဘူး” လို့ ရိုက်ကွင်းပေါ်ကအတွေ့အကြုံတွေကို ပြောပြပါတယ်။ ဇာတ်ကားမရိုက်ခင်မှာ ဇာတ်ကားတွေကိုလည်း ကြိုတင်လေ့လာတဲ့အနေနဲ့ကြည့်ရှုထားသလို camera testing တွေလည်း ကြိုလုပ်ခဲ့ ကြောင်းပြောပြပါတယ်။ ရိုက်ကွင်းပေါ်မှာ အဒေါ်ဖြစ်သူနဲ့ ဒါရိုက်တာသင်ကြားတာတွေကို ကြိုးစားလေ့လာနေတဲ့ မေတိုးခိုင်ကဒီဇာတ်ကားမှာ မိတ်ကပ်ဆရာနဲ့ မလိမ်းဘဲ မိတ်ကပ်ကိုလည်း ကိုယ်တိုင်ပဲပြင်ဆင်ဖြစ်တယ်လို့သိရ ပါတယ်။

ဇာတ်ကားမရိုက်ကူးခင်မှာ မိခင်ဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်ရဲ့ vivid ဆိုင်ကိုလည်း ကူညီလုပ်ဆောင်ပေးဖြစ်ပြီး နောက်ပိုင်းမှာတော့ အခွင့်အရေးရမယ်ဆိုရင်သရုပ် ဆောင်ရော ဒီဇိုင်နာတစ်ဦးအနေနဲ့ပါ ကြိုးစားလုပ်ကိုင်သွား မှာဖြစ်ကြောင်း ပြောပါတယ်။

” ဇာတ်ကားမရိုက်ကူးခင်မှာ အမေ့ ဆိုင်မှာ တောက်လျှောက်ဝင်လုပ်ပေးတယ်။ ပုံတွေကူဆွဲတာတို့ စီးကွင့်ဝင်ထိုးပေးတာတို့ လုပ်ပေးဖြစ်တယ်။ ကျောင်းမှာက ပုံဆွဲတာတို့ ခမနအေငလန ပိုင်း အ့ငညုငညါ ပိုင်းတွေကို ပိုဦးစားပေး သင်ရတယ်။ အဲဒါကြောင့် အမေ့ကို ခေတ်နဲ့အညီ လိုက်ဖက်တဲ့ ဒီဇိုင်းတွေရှာပေးဖြစ်တာတို့တော့ တတ်နိုင်သလောက်လုပ်ပေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းရော၊ ဒီဇိုင်းပိုင်းရောနှစ်ခုစလုံး ဝါသနာပါပါတယ်။ နှစ်ခုစလုံးလုပ်လို့ရရင်တော့လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*