နှလုံးသားကို လက်ဖွဲ့ မယ့်  စွမ်းဇာနည်

နှလုံးသားကို လက်ဖွဲ့ မယ့်  စွမ်းဇာနည်
December 20, 2016 Asian Fame
နှလုံးသားကို လက်ဖွဲ့ မယ့်  စွမ်းဇာနည်

  that-mon-copy

  စွမ်းဇာနည်ကအခု လက်ရှိမြိတ်မြို့ဘက်မှာသွားရောက် ကပြနေပြီး ဒီဇင်ဘာလ၂၇ရက်နေ့မှာတော့ ရန်ကုန်၊ မြောက်ဥက္ကလာပမှာ ကပြမှာဖြစ်ပါတယ်။နှစ်တိုင်းနယူးရီးယား ညကတော့ ပွဲကပြီး ဖြတ်သန်းခဲ့တာပဲ များပေမယ့် ဒီနှစ်ကတော့ ပွဲနားရက်နဲ့ ကြုံပေမယ့်လည်း ဘာမှတော့ အစီအစဉ်မလုပ်ရသေးဘူးလို့ သူက ပြောပါတယ်။

ဇာတ်ကပြတဲ့အခါ တစ်ပွဲနဲ့ တစ်ပွဲမတူအောင် တင်ဆက်မှု အသစ်တွေနဲ့ကပြဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ စွမ်းဇာနည်က ၂ဝ၁၇ခုနှစ်မှာ လည်း ပရိသတ်တွေအနေနဲ့အသစ် အသစ်သော တင်ဆက်မှုတွေကို မြင်တွေ့ရ မှာဖြစ်ကြောင်း ပြောပြပါတယ်။

“ကျွန်တော်အများကြီးလုပ်ထားပါတယ်။ ကျွန်တော်က တစ်ပွဲကို တစ်ခါလောက် အသစ်လုပ်တာ များတယ်။ အမြဲတမ်းတော့ အသစ် သစ်တွေကိုရှာပါတယ်” လို့ စွမ်းဇာနည်က ပြောပါတယ်။ စွမ်းဇာနည်က ဇာတ်ပွဲတွေကိုပဲ တောက်လျှောက် ကပြဖြစ်နေတဲ့ အတွက်ေ ကြာင့် စီးရီးထွက်ရှိဖို့အတွက်တောင် နောက်ဆုတ်လိုက်ရပါတယ်။ စီးရီးကိုတော့ CD နဲ့ MTV  တစ်ပြိုင်တည်းထွက်ရှိမှာဖြစ်တဲ့ အတွက်ကြောင့် အခုလက်ရှိအချိန်မှာတော့MTVရိုက်ကူးဖို့စီစဉ်နေပြီ ဖြစ်ပါတယ်။

MTV ကိုတော့ သူကိုယ်တိုင် လည်း ဒါရိုက်တာအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါရိုက်ကူး သွားမှာဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လလောက် မှာ ထွက်ရှိဖို့စီစဉ်ထားကြောင်းသိရပါတယ်။

“ကျွန်တော်ကဒီဇင်ဘာလထဲမှာ ထွက်ချင်တာပါ။ မမီလိုက်တာ။ ကျွန်တော်ကနယ်တွေ ရောက်နေတော့ MTV ရိုက်ကူးဖို့က အချိန် မရဘူး ဖြစ်နေတာ။ အခုတော့ အတတ်နိုင်ဆုံး အမြန်ဆုံးတော့လုပ်နေပါတယ်။ပွဲကလည်း တစ်ချက်မှမနားရဘူးဖြစ်နေတာ။ အခွေက သီချင်းအားလုံး ၁၂ပုဒ်ပါမယ်။ကျွန်တော်ကိုယ်တိုင် ရေးထားတာ သီချင်း၂ပုဒ်၊၃ပုဒ်လောက်ရှိတယ်။ တစ်ပုဒ်လောက်တော့ ထည့်ဖြစ်မယ်။ အဲ့ဒီသီချင်းက အချစ် သီချင်းလေးပါ။ ကိုယ်တိုင်ခံစားချက်ကိုရေးထားတဲ့ သီချင်းလေးပါ။အခွေရဲ့ Title ကတော့ နှလုံးသားကိုလက်ဖွဲ့ မယ်လို့ နာမည်ပေးထားတယ်။အခွေကငွေကြေးပြန်ရတာ မရတာထက် ကျွန်တော့်အနုပညာကို အကောင်းဆုံး ဖြစ်အောင် ကျွန်တော့် အနုပညာ ကျန်အောင်ပဲ စဉ်းစားထားတယ်။ ပရိသတ်တွေလည်း အားပေးစေချင်ပါ တယ်” လို့ စီးရီးခွေနဲ့ပတ်သက်ပြီး စွမ်းဇာနည်က ပြော ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*