အကယ်ဒမီ အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ အေးမြတ်သူ

အကယ်ဒမီ အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ အေးမြတ်သူ
December 20, 2016 Asian Fame
အကယ်ဒမီ အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ အေးမြတ်သူ

aye-myat-2-copy

အေးမြတ်သူက မကြာခင်ရုံတင် ပြသတော့မယ့် ‘ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ’ ရုပ်ရှင်ဇာတ်ကား ကြီး မှာ ကျော်သူ၊ လူမင်းတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းကြိုက်ခဲ့တဲ့ ဇာတ် လမ်းကို ရိုက်ခွင့်ရခဲ့တဲ့အတွက် တအားပျော် မိကြောင်း အေးမြတ်သူက ပြောပါတယ်။ “ဒီဇာတ်လမ်းကို အေးမြတ်သူက ဟိုအရင်ကတည်းက သဘော ကျခဲ့တယ်။ ကိုယ်တကယ်ကို ကြိုက်နှစ် သက်ပြီး ကိုယ်တကယ်ကို ရူးသွပ်ခဲ့တဲ့ ဇာတ်ကားကို သရုပ်ဆောင်ခွင့်ရခဲ့တဲ့အချိန်မှာ တအားကို ပျော်ပါတယ်။ ရိုက် ခွင့်ရတဲ့ အချိန်မှာလည်း ပါဝင်တဲ့ အနုပညာရှင်တွေက ပြည်သူချစ်၊ ပရိသတ် ချစ်တဲ့ စီနီယာ ပညာရှင်တွေ နဲ့အတူတူ တွဲဖက်သရုပ်ဆောင် ရတဲ့အတွက် တအားကိုပျော်ပါတယ်လို့ပြောပါတယ်။

ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ဇနီးမယားတစ်ယောက် ဖြစ်တဲ့ ခင်ခင်စိန်နေရာက သရုပ်ဆောင်တဲ့ အေးမြတ်သူက ဒီကာရိုက်တာ အပေါ်မှာ ပရိသတ် တွေမကြိုက်မှာ စိုးရိမ်မိတာမရှိကြောင်း ပြောပါတယ်။

“ခင်ခင်စိန်က အကျင့်စာရိတ္တ မကောင်းဘူး၊ အိမ်ထောင်ရေး ဖောက် ပြန်ပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ မိန်းမတစ် ယောက် အဖြစ် သရုပ် ဆောင် ရတာ၊ အေးမြတ်သူက ဇာတ်ကောင်စရိုက် ကို ရူးသွပ်တယ်။ အဲဒီမှာ ပရိသတ် မုန်းသွားမှာတို့ သိပ်မစဉ်းစားဘူး။
ခင်ခင်စိန် ဖြစ်ဖို့ကိုပဲ စဉ်းစားတယ်။ သူက ကလေးကိုလည်းမချစ်ဘူး၊ ဒီဇာတ်ကား အပေါ်မှာ အေးမြတ်သူ ၇ဝ%၊ ၈ဝ%လောက် ကျေနပ် ပါတယ်။ နောက်ပြီး ဒီဇာတ်ကားမှာ ဦးဆိတ်ဖွား ပြော သွားတဲ့ စကားလုံး တိုင်းက တန်ဖိုးရှိတယ်။ ဦးဆိတ်ဖွား ပြောပြောလိုက်တဲ့ စကားတွေ အားလုံးယူတတ်ရင် ရတယ်” လို့ပြောပါတယ်။

ဒီနှစ်အကယ်ဒမီပွဲမှာတော့ ပရိသတ်တွေအနေနဲ့ အေးမြတ်သူကို ‘မအေးပွင့်မြင့်မြင့်စန်း လမ်း၃ဝ’ ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆု မှန်းထားကြ တာကို တွေ့ရပါတယ်။ ပရိသတ်တွေမှန်းထားကြတဲ့အတွက် အေးမြတ်သူရဲ့ အကယ်ဒမီရင်ခုန်သံကို မေးမြန်းကြည့်တဲ့ အခါ မှာတော့ မျက်ရည်ကျခဲ့တာကို လည်း တွေ့ရ ပါတယ်။

“ကိုယ့်ကိုချစ်လို့ ဒီနေရာလေးကို မှန်းပေး ကြတယ်။ အဲဒီ မေတ္တာတရားနဲ့ အေးမြတ်သူ တအားကို ကျေနပ်ပါတယ်။ အခုပြောရင်း နဲ့တောင် ကြည်နူးပါတယ်။ အေးမြတ်သူ အနုပညာ သက်တမ်း (၁ဝ)နှစ် ကျော်ပြီး ရုပ်ရှင်ဇာတ်ကားကြီး အဲလောက်အများကြီး ရိုက်ရတဲ့ အထဲ မှာ မပါဘူး၊ ပြီးခဲ့တဲ့နှစ်ကမှ ဇာတ် ကားကြီးတွေလောက် လောက် လားလားရိုက်ခွင့်ရခဲ့တယ်။အခုမှန်းပေးကြတာ ပဲ အေး မြတ် သူ ကျေနပ်နေပြီ။ ဒီဆုက အနုပညာရှင်တွေ ရဲ့ အိပ်မက်ပါရှင့်၊ ခိုးခိုး မက်လေတဲ့ အိပ်မက် ပါရှင်။ ရုပ်ရှင် ကင်မရာ စက်ကြီး တွေရှေ့မှာ အိုက်တင်လုပ်နေတဲ့ သရုပ်ဆောင် တိုင်းက ဒီအိပ် မက်လေးကို ခိုးခိုးမက် လေ့ရှိ တယ်။ ကြိုးစား ကြတယ်။ ဘာ ပဲ ပြောပြော အခုလို မှန်း ပေးထားတာကိုပဲ အေးမြတ်သူ ကျေ နပ်ပါပြီ” လို့ ပြောပါ တယ်။

အေးမြတ်သူ ရဲ့ မင်္ဂလာ သတင်းနီး နေပြီလားလို့ မေး ကြည့်တဲ့ အခါမှာ တော့ “အိမ်ထောင် တော့ ပြုချင်ပါပြီ။ သေ ချာတဲ့အခါကျ ရင် ထုတ် ဖော်ပြော ပြသွားမှာပါ” လို့ ပြော ပါတယ်။

တွယ်တာ
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*