ရတနာပုံ ဇာတ်လမ်းတွဲကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာသားညီ

ရတနာပုံ ဇာတ်လမ်းတွဲကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာသားညီ
December 20, 2016 Asian Fame
ရတနာပုံ ဇာတ်လမ်းတွဲကို ပုံဖော်ရိုက်ကူးမယ့် ဒါရိုက်တာသားညီ

thar-nyi

Myanmar Media 7 Co.,Ltd မှ ထုတ်လုပ်ရိုက်ကူးမယ့် “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာသားညီက ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ဟိန်းဝေယံ၊ မိုးယံဇွန်၊ ထွန်းကိုကို၊ ထက်ပိုင်ဦး၊ ကေညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနိုတို့က ပါဝင် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ဒါရိုက်တာသားညီက “ကျောင်းသူ၊ ကျောင်း သားတွေကြားက အချစ်ရယ်၊ အငြိုးရယ်၊ မာနရယ်တို့ အားပြိုင်ကြတဲ့ ပုံစံလေးပါ။ မန္တလေးကိုရှေ့မှာ ရိုက်ကူးပြထားတဲ့ ဇာတ်ကားအတွက်ကတော့ တအားကို ခမ်းခမ်းနားနားကြီး ရိုက်ကူးပြထားကြတယ်။ ကျွန်တော် က အခုခေတ် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ပုံစံကို ပေါ့ပေါ့ပါးပါးလေးနဲ့ လူငယ်တွေဘက်က အမြင်သဘောလေးကို ရိုက်ကူးပြချင်တာပါ။ မန္တလေးကို အမှတ်တရဖြစ်စေချင်လို့ ဒီဇာတ်လမ်းတွဲမှာ မန္တလေးသူ၊ မန္တလေးသား သရုပ်ဆောင်တွေကို တော်တော်များများ ထည့်သုံးထား ပါတယ်။ ကျွန်တော်အခုရိုက်ကူးမယ့် ဇာတ်လမ်း တွဲက ပရိသတ်ကြိုက်တဲ့ ဟာသတော့မဟုတ်ဘူး။ ရိုမန့်ဒရာမာဆိုတော့ ပရိသတ်ကို ဘယ်လို ဆွဲဆောင်မှုရှိရှိနဲ့ ရိုက်ကူးပြရမလဲဆိုတဲ့အတွေးနဲ့ ရင်ခုန်နေမိပါတယ်။ ပရိသတ်တွေကို ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မြန်မာ ဇာတ်ညွှန်းရေး ဆရာတွေရေးတယ်။ မြန်မာသရုပ်ဆောင်တွေ ပါဝင် ရိုက်ကူးတဲ့ မြန်မာကင်မရာမန်းတွေနဲ့ မြန်မာဒါရိုက်တာ ရိုက်ကူးတဲ့ မြန်မာ့ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို မြန်မာ့မျိုးချစ်စိတ်ဓာတ်နဲ့ အားပေးကြဖို့ ပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲကို ဒီဇင်ဘာလထဲမှာ စတင်ရိုက်ကူးသွားမှာဖြစ်ပြီး ၂ဝ၁၇ခုနှစ်၊ ဧပြီလမှာ MNTV ရုပ်သံလိုင်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ည(၇း၂ဝ)နာရီနဲ့၊ Channel 9 ရုပ်သံလိုင်းမှ အပတ်စဉ်သောကြာနေ့တိုင်း ည(၇းဝဝ)နာရီ အချိန်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဇင်မာနွယ် ၊ ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*