ဂျပန်- မြန်မာ ချစ်ကြည်ရေး ပွဲတော်တွင် ဂျပန်အဆိုတော် H.E .Mr. Tateshi Higuchi နှင့် နီနီခင်ဇော်တို့ ပူးပေါင်းဖျော်ဖြေမည်

ဂျပန်- မြန်မာ ချစ်ကြည်ရေး ပွဲတော်တွင် ဂျပန်အဆိုတော် H.E .Mr. Tateshi Higuchi နှင့် နီနီခင်ဇော်တို့ ပူးပေါင်းဖျော်ဖြေမည်
December 20, 2016 Asian Fame
ဂျပန်- မြန်မာ ချစ်ကြည်ရေး ပွဲတော်တွင် ဂျပန်အဆိုတော် H.E .Mr. Tateshi Higuchi နှင့် နီနီခင်ဇော်တို့ ပူးပေါင်းဖျော်ဖြေမည်

jpmm

ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်ပွဲတော်ကို ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့၊ ရန်ကုန်မြို့၊ ရွှေထွဋ်တင်ကွင်းမှာ ဝင်ကြေးအခမဲ့နဲ့ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပွဲကိုတော့ နေ့လယ်ပိုင်းနဲ့ ညပိုင်းဆိုပြီး ၂ ပိုင်း ပြုလုပ်သွားမှာဖြစ်ကာ နေ့လယ် ပိုင်းမှာ ဈေးဆိုင်ခန်းများမှ ဂျပန်ရိုးရာ အစားအစာများကို စားသောက်ခြင်း၊ ပါဝင်ပြသတဲ့ ဂျပန်လုပ်ငန်းများရဲ့ ပြခန်းများမှာ ဂျပန်နိုင်ငံမှ နောက်ဆုံးပေါ် ပစ္စည်းများကို ကြည့်ရှုနိုင်မှာဖြစ်ပြီး ဖျော်ဖြေရေးစင်မြင့်မှာလည်း နှစ်နိုင်ငံ ပြည်သူများရဲ့ ချစ်ကြည်ရေး ဖျော်ဖြေမှု များကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ်။ ညပိုင်းအစီစဉ်မှာတော့ မြန်မာနဲ့ ဂျပန်မှ နာမည်ကျော် အနုပညာရှင်များရဲ့ ကြီး ကျယ်ခမ်းနားလှတဲ့ ဖျော်ဖြေရေး အစီ အစဉ်လည်းပါရှိပြီး နှစ်နိုင်ငံ အနုပညာရှင်များရဲ့ ခမ်းနားလှတဲ့ သီချင်းများ၊ အကများနဲ့ ဖျော်ဖြေမှု၊ ဂျပန် နာမည်ကြီးအဆိုတော် Hirahara Ayaka ၊ မြန်မာပြည်ဖွားအမျိုးသားတစ်ဦးမှ Main Vocal အဖြစ် သီဆိုထားတဲ့ ဂျပန် Dance Vocal Unit Prizmax ရဲ့သီဆိုဖျော်ဖြေမှု၊ ဂျပန်ယဉ်ကျေးမှုနဲ့ Street Dance တို့ပေါင်းစပ်ထားပြီး ကမ္ဘာ့အဆင့်အတန်းမီ ဖျော်ဖြေတင်ဆက်နိုင်တဲ့ Dance Performer TRIQSTAR (Da-Yoshi & Tsutom) Feat-Geisha စတဲ့ ဂျပန်နိုင်ငံရဲ့ ဖျော်ဖြေတင်ဆက်မှုများနဲ့အတူ မြန်မာနိုင်ငံမှ သားစိုး၊ စောလားထော်ဝါး၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်၊ အမွန်း၊ မြန်မာ့ ယဉ်ကျေးမှု အနုပညာ မောင်နှမများ၊ Life & Dance အကအဖွဲ့တို့ရဲ့ တင်ဆက်ဖျော်ဖြေမှုများ၊ အထူးအစီအစဉ်အနေနဲ့ Dance Vocal Unit Prizmax နဲ့ အမွန်းတို့ရဲ့ ထူးခြားစွာ ပူးပေါင်းဖျော်ဖြေတင်ဆက်မှု၊ ဂျပန် နာမည်ကြီး အဆိုတော် Hirahara Ayaka နဲ့ နီနီခင်ဇော်တို့ရဲ့ ပူးတွဲဖျော် ဖြေမှုတို့နဲ့အတူ မြန်မာ – ဂျပန်ကုန်ပစ္စည်းဆိုင်ခန်းများကိုလည်း ကြည့်ရှုနိုင် ကြမှာဖြစ်တယ်လို့ သိရပါတယ်။

” ဒီမြန်မာ- ဂျပန်ပွဲတော်ဟာ ၃ ကြိမ်မြောက်ရှိပါပြီ။ မြန်မာ- ဂျပန်ပွဲတော်၂ဝ၁၇ ဟာ ဂျပန်ကို ပိုမိုရင်းနှီးလာစေပြီး မြန်မာလူမျိုးများနဲ့ ဂျပန်လူမျိုးများ အားလုံးအတူတကွ ပျော်ရွှင်နိုင် ဖို့ စီစဉ်ထားတဲ့ပွဲတော်ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကို တတ်နိုင်သလောက် လာစေချင်ပါတယ်။ မြန်မာ- ဂျပန်ပွဲတော်မှ တစ်ဆင့် မြန်မာလူမျိုးနဲ့ ဂျပန်လူမျိုးများရဲ့ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေဖို့၊ မြန်မာလူမျိုးများအနေနဲ့ ဂျပန်နိုင်ငံကို ပိုမိုစိတ်ဝင်စားလာပြီး ရင်း နှီးချစ်ခင်မှုကို ခံစားစေပြီး ကောင်းမွန်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ မြန်မာနိုင်ငံအခြေစိုက် ဂျပန်သံအမတ်ကြီး H.E .Mr. Tateshi Higuchi က ပွဲတော်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ ဒီပွဲတော်မှာတော့ ဂျပန်နိုင်ငံကို သွား ရောက်ရသလိုခံစားစေရမယ့် ဓာတ်ပုံ ရိုက်ကွင်းများ၊ ဂျပန်ကာတွန်း လူစွမ်း ကောင်းများနဲ့အတူတွဲဖက်ဓာတ်ပုံရိုက် ကူးနိုင်ခြင်း၊ ပျော်ရွှင်စရာဂိမ်းအစီအစဉ်များလည်း ပါဝင်မှာဖြစ်ပါတယ်။

လင်းအက္ခရာ ၊ ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*