Mister Tourism World 2016 ဆုရပြီးတော့ တာဝန်တွေအများကြီးရှိလာတယ် ဥက္ကာမင်းမောင်

Mister Tourism World 2016 ဆုရပြီးတော့ တာဝန်တွေအများကြီးရှိလာတယ် ဥက္ကာမင်းမောင်
December 19, 2016 Asian Fame
Mister Tourism World 2016 ဆုရပြီးတော့ တာဝန်တွေအများကြီးရှိလာတယ် ဥက္ကာမင်းမောင်

ookar-min-mg-1-copy

Mister Tourism World 2016 Winner  ဆု ဆွတ်ခူးရရှိခဲ့တဲ့ သရုပ်ဆောင် ဥက္ကာမင်းမောင်ကWinner  ဆုအပြင် Best In Tourism Speaker၊ Social Media Icon နဲ့ Best In Style and Fashion စတဲ့Title  ဆုတွေ ရရှိခဲ့ ပါတယ်။ ဥက္ကာမင်းမောင်အနေနဲ့ မမျှော်လင့် ဘဲ ဆုရရှိခဲ့တဲ့အတွက် ဝမ်းသာတဲ့အပြင် နောက်ထပ် မျိုးဆက်သစ်တွေကို အတွေ့အကြုံ ပြန်လည်ဝေမျှပေးနိုင်တဲ့ အခြေ အနေ ဖြစ် လာတဲ့အတွက် ဂုဏ်ယူမိ ကြောင်း ပြောပါတယ်။

ookar-min-mg-2-copy
“ကျွန်တော်ကတော့ ဒီဆုကို မျှော်လင့်မထားပါဘူး။ ပြိုင်ပွဲဝင် ၁၃ ယောက် ဝင်ပြိုင်ခဲ့တယ်။ ကျန်တဲ့ လူတွေအကုန်လုံးကလည်း  Winner  ဆုနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော် က ကံကောင်းလို့ရသွားတယ်လို့ ခံယူထားတယ်။ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ ကို ပျော်ရွှင်မှုတွေလုပ်ပေးရလို့ တအား ဝမ်းသာပါတယ်။ ပြီးတော့ နောက် ထပ် မျိုးဆက်သစ်တွေကို အတွေ့ အကြုံ ပြန်လည်ဝေ မျှပေးနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာတဲ့ အတွက်လည်း ဂုဏ်ယူမိတယ်” လို့ ဥက္ကာမင်းမောင်က ပြောပါတယ်။ ဥက္ကာမင်းမောင်က Mister Tourism World 2016    သွားရောက် မယှဉ်ပြိုင်ခင်ကတည်းက ဖိအားတွေ ရှိခဲ့တဲ့အကြောင်း ပြောပါတယ်။ ဒါ့အပြင် ရဝမ် ဝတ်စုံနဲ့ ဆုရရှိခဲ့တဲ့ အတွက် ရဝမ်လူမျိုးတွေကို ကျေးဇူး တင်ကြောင်းလည်း ပြောပြပါတယ်။

“ကျွန်တော် ဆု ၄ ဆုကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ဒီဇိုင်နာတွေ လည်း ကျွန်တော့်ကို အကောင်းဆုံး ပြင်ဆင်ပေးလို့ အစစအရာရာ အဆင်ပြေခဲ့တယ်။ နောက်ပြီး ရဝမ် လူမျိုးတွေကိုလည်း ကျေးဇူးတင် ပါတယ်။ ရဝမ်အဝတ်အစားနဲ့ ကျွန်တော် Winner ဆုရခဲ့တာမို့ပါ။ ကျွန်တော် သွားမပြိုင်ခင်ကတည်းက ဖိအားတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်မှုတစ်ခု တည်းနဲ့ ဝင်ပြိုင်ခဲ့တယ်။ ဆုမရလည်း ဒီ အတွေ့အကြုံက ငါ့အတွက် အမြတ်ပဲ ဆိုတဲ့ ခံစားချက်နဲ့ ဘုရင့်နောင် ဖောင် ဖျက်သလိုပဲ သွားခဲ့တယ်။ အခု ဒီ  Winner  ဆုရတဲ့အတွက် စိတ် ကျေနပ်မှုရတယ်။ ပြီးတော့ ဒီဆု ကြောင့် နောက်ဆက်တွဲ တာဝန် တွေကလည်း အများကြီးရှိပါတယ်” လို့ ပြောပါ တယ်။ ဥက္ကာမင်းမောင်က Mister Tourism World 2016 မှာ Winner ဆုရရှိခဲ့ပြီး နောက်ဆက်တွဲ လုပ်မယ့် အနုပညာလှုပ်ရှားမှုကို လည်း ပြောပြပါတယ်။

“ကျွန်တော် နိုင်ငံတကာခရီးတွေ ထွက်ရမယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ရမယ်။ နောက်နှစ် Tourism World 2017   မှာ ဒိုင်လူ ကြီးအနေနဲ့ ပါ ဝင်ရမယ်။ အဲဒီလို ခရီးထွက်ရမယ် ဆို တော့ သရုပ်ဆောင်အလုပ်ကိုလည်း မျှ တအောင် လုပ်သွားမယ်” လို့ ဆိုခဲ့ပါ တယ်။

ချယ်ရီ၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*