ပေးဆပ်မှုတွေနဲ့တန်အောင် ခိုးကူးမဝယ်ဘဲမူရင်းခွေကိုသာ အား ေ ပ း ေ စ လို တဲ့ နန်းခင်ဇေယျာ

ပေးဆပ်မှုတွေနဲ့တန်အောင် ခိုးကူးမဝယ်ဘဲမူရင်းခွေကိုသာ အား ေ ပ း ေ စ လို တဲ့ နန်းခင်ဇေယျာ
December 19, 2016 Asian Fame
ပေးဆပ်မှုတွေနဲ့တန်အောင် ခိုးကူးမဝယ်ဘဲမူရင်းခွေကိုသာ အား ေ ပ း ေ စ လို တဲ့ နန်းခင်ဇေယျာ

nan-khin-zayar-2-copy

နန်းခင်ဇေယျာရဲ့ NONSTOP DVD အခွေမိတ် ဆက်ပွဲကို ဒီဇင်ဘာလ ၁၅ရက်နေ့ မနက်၁၁နာရီက Orchid Hotel   မှာ ပြုလုပ်ခဲ့ပါ တယ်။ NONSTOP Audio အခွေ မှာတော့ သီချင်းပုဒ်ရေ ၁၂ပုဒ် ပါဝင်ခဲ့ပြီး အခု DVD အခွေ မှာတော့ သီချင်းပုဒ်ရေ ၁ဝပုဒ်ကိုပဲ
အကောင်းဆုံး ပုံဖော် ရိုက်ကူးထားကြောင်း သိရပါတယ်။ “သီချင်း၂ပုဒ် လျော့ရ ခြင်းက သီချင်းတစ်ပုဒ်ကို ရိုက်ကူးရတာ ကုန်ကျစရိတ်က တအားများတယ်လေ။ ပြီးတော့ ပရိသတ်တွေက ကြိုက် နှစ် သက်မယ့် သီချင်းလေးတွေကိုပဲရွေးပြီး ရိုက်ကူးပြထားပါတယ်။

သီချင်း ၁ဝပုဒ်ကိုStory  ပုံစံလေးတွေရယ်၊ ပြီးတော့ လူငယ် လူလတ် ပရိသတ်များ အကြိုက်တွေ့စေမယ့် ဖန်စီပုံစံလေး တွေကိုလည်း ဖန်တီးရိုက်ကူးပေးထားပါတယ်။DVD  အခွေ အဖြစ် နန်းခင် ပရိသတ်တွေကို တစ်နှစ်တိတိမှာချပြသွားမယ် လို့ target ထားထားတာဖြစ် တဲ့ အတွက် နန်းခင်မဖြစ်ဖြစ်အောင် ကြိုးစားထားတယ်။ အဲဒီတော့ နန်းခင်ရဲ့ ပေးဆပ်မှုတွေနဲ့ တန် အောင် ပရိသတ်တွေက နန်းခင် ရဲ့အခွေကို ခိုးကူးခွေကိုမဝယ်ဘဲ နန်းခင်ရဲ့ original ခွေကိုပဲ ဝယ်ယူ အားပေးစေချင်ပါတယ်” လို့ ပရိသတ်များအပေါ် မျှော်လင့်စကား ဆိုခဲ့ပါတယ်။

ဒီDVD   ပရိုမိုးရှင်းအတွက် ဒီဇင်ဘာလ ၂၅ရက်နေ့မှာ ညနေ၄ နာရီမှ ည၇နာရီထိ ဒဂုံစင်တာမှာ အနုပညာရှင်များစွာနဲ့ အမှတ်တရ လက်မှတ်ရေးထိုးပွဲပြုလုပ်ပြီး သီချင်းများ သီဆိုဖျော် ဖြေသွားမှာ ဖြစ်သလို ပထမဦးဆုံး အခွေဝယ်ယူသူ အယောက် ၁ဝဝကို အမှတ်တရ လက်ဆောင်များပေးသွားမှာ ဖြစ်ကြောင်းသိရ ပါတယ်။ အဲဒီ ဒီဇင်ဘာလ ၂၈ရက်နေ့မှာ မုံရွာ အိုးရှင်းစင်တာ၊ ဒီဇင်ဘာလ ၂၉ရက် နေ့မှာ မင်္ဂလာမန္တလေး၊ ဇန်နဝါရီလ ၁၄ရက် နေ့မှာ မော်လမြိုင်အိုး ရှင်းစင်တာတို့မှာ ပရိုမိုးရှင်းပွဲ ဆက်လက် ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါ တယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*