ဆောင်းတွင်းကာလ ကလေးငယ်များ ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာနှင့်ဆောင်ရန် ရှောင်ရန်များ ကလေး အထူးကုဆရာဝန်ကြီးများ၏ ပြောစကား

ဆောင်းတွင်းကာလ ကလေးငယ်များ ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာနှင့်ဆောင်ရန် ရှောင်ရန်များ ကလေး အထူးကုဆရာဝန်ကြီးများ၏ ပြောစကား
December 19, 2016 Asian Fame
ဆောင်းတွင်းကာလ ကလေးငယ်များ ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာနှင့်ဆောင်ရန် ရှောင်ရန်များ ကလေး အထူးကုဆရာဝန်ကြီးများ၏ ပြောစကား

child

မိဘတိုင်းက သားသမီးကလေးသူငယ် အရွယ်မရောက်ခင် အချိန်မှာတော့ ကလေးတွေရဲ့ ကျန်းမာရေးကို သာမန်အရွယ်ထက် အလေးထား ဂရုစိုက်ပြုစုစောင့် ရှောက်ရပါတယ်။ ကလေးသူငယ် တွေအတွက် ဥတုသုံးပါးမှာဖြစ်တတ် တဲ့ ရောဂါလက္ခဏာနဲ့ ဆောင်ရန်၊ ရှောင် ရန် အနေအထားတွေကို အထူးဂရုပြု စောင့်ရှောက်ကြရတာလည်း မိဘတိုင်းရဲ့တာဝန်တစ်ရပ်အဖြစ် အစဉ်အဆက် ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မိုးကုန်လို့ ဆောင်းကူး ဆောင်းတွင်း ကာလ မှာတော့ ကလေးသူငယ်တွေဖြစ်တတ်တဲ့ ရောဂါလက္ခဏာနဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို ကလေးအထူးကု ပါမောက္ခ ဆရာဝန် ကြီးများနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေ ကို ဖော်ပြပေးလိုက်ရပါတယ်။

ပါမောက္ခဒေါက်တာ ကေသီထွန်း
(ကလေးအထူးကု ဆရာဝန်ကြီး)

ဆောင်းရာသီမှာ ကလေးတွေ အဖြစ်များတာက အုပ်စုနှစ်စုပဲ ဖြစ် တာများပါတယ်။ နှာစေးချောင်းဆိုး အအေးမိတာဖြစ်တယ်။ နောက် တစ်ခုက အစားအသောက်မှားလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်။ အစား အသောက်မှာ သတိထားမိတာက ရေခဲမုန့်၊ ငုံးဥရယ်၊ ပျားလိမ္မော်ရယ် အဲဒါတွေက Storage ကြာတဲ့ ပစ္စည်းအစားအစာထဲမှာ ပါတယ်။ အဲဒီ အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောတွေဖြစ်တတ်တာ များတယ်။ နောက်တစ်ခုက ခရီးတွေ သွားတယ်။ ကလေးက ပြင်ပအစား အစာ မစားသည့်တိုင် ဆိုင်တွေမှာ သိပ်ပြီးမဆေးဖြစ်တဲ့ ခွက်ထဲကိုပဲ ရေသန့်ပုလင်းက ရေကို ပြောင်းထည့် လိုက်မယ်။ တစ်ခါတလေ ဖြစ်ချင်ရင် အဲဒီတစ်ခွက်တည်းနဲ့ ကလေး ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်တယ်။ နောက်တစ်ခုက ကစားကွင်းသွား မယ်၊ ချားရဟတ်စီးတာ ရပါတယ်။ သို့သော်လည်း ဘောလုံးတွေမှာ ကစားတာမှာ ကျွန်မထင်ပါတယ်။ ဒီဘောလုံးက နှစ်ပေါက်အောင် မဆေးဘူး။ အဲဒီဘောလုံး ကိုပဲ ဟိုကလေးက ခုန်မယ်၊ ဒီကလေး ကလည်း ခုန်မယ်၊ ဟိုကလေးက အဟွတ်အဟွတ်၊ ဒီကလေးက အဟက် အဟက်နဲ့ နှာချေသွား မယ်။ အဲဒီ ဘောလုံးတွေကြားမှာ ခုန်ရင်းနဲ့ ဆေးခန်းရောက်တဲ့ ကလေးတွေ အမြဲလိုလို ရှိတယ်။ အထူးသဖြင့် အအေးမိနှာစေးချောင်းဆိုး ဖြစ်တတ် တဲ့ကလေးတွေ လာပြရင် ကျွန်မ မေး ပါတယ်။ အိမ်မှာ ဘယ်သူဖြစ်တတ် လဲ၊ မူကြိုကျောင်းမှာ ဖြစ်တာများ သလား၊ ဒါမှမဟုတ် ကစားကွင်း သွားသလား၊ ဘောလုံးလေးနဲ့ ခုန်လိုက် ကစားသလားမေးရင် တစ်ခုမဟုတ်တစ်ခုတော့ အမှန်ရပါ တယ်။ ဒါကြောင့် ဒါတွေကို သတိ ထားဖို့ လိုပါတယ်။

ပါမောက္ခ ဒေါက်တာရဲမြင့်ကျော်
(ကလေးအထူးကုဆရာဝန်ကြီး)

ဒီရာသီကတော့ အဖျားအနာ ထူတဲ့ ရာသီတော့ မဟုတ်ပါဘူး။ ဆရာတို့နိုင်ငံက မိုးတွင်းမှာကလေး တွေ နေမကောင်းတာများတာပေါ့။ ဆောင်းတွင်းကတော့ ဝမ်းလျှော ဝမ်းပျက်တွေများတယ်။ နှာစေး ချောင်းဆိုးတွေ များတယ်။ ဒါလေး တွေ တွေ့နေရတယ်။ မှာစရာရှိတာ ကတော့ အစား အသောက် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ကလေးကို လက်မှန်မှန်ဆေးပေးပါ။ ဒါက ဝမ်းလျှောဝမ်းပျက်အတွက်ပေါ့။ ဖြစ်လာရင် ဓာတ်ဆားရည်တိုက်ပါ။ ဆေးမြီးတိုတွေ မသုံးပါနဲ့။ နောက် တစ်ခုက နှာစေးချောင်းဆိုး အအေး မိများတယ်။ အထူးသဖြင့် ငယ်ရွယ် တဲ့ ကလေးတွေမှာ အဖြစ် များတယ်။ တစ်နှစ်အောက် ကလေး တွေကိုသိပ် ပြီး တော့ လူစုလူဝေး ထူထပ်တဲ့နေရာ တွေကို မလိုအပ်ဘဲ ခေါ်မသွားသင့်ပါ ဘူး။ သိပ်အအေး မခံဖို့လိုပါတယ်။

မျိုးကျော်(ကနောင်သွေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*