ရင်ခေါင်းခွဲစိတ်ထားတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ကို မေတ္တာသင်္ဂဟအဖွဲ့က အလှူ ငွေသွားရောက် ပေးအပ်

ရင်ခေါင်းခွဲစိတ်ထားတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ကို မေတ္တာသင်္ဂဟအဖွဲ့က အလှူ ငွေသွားရောက် ပေးအပ်
December 16, 2016 Asian Fame
ရင်ခေါင်းခွဲစိတ်ထားတဲ့ ဟာသသရုပ်ဆောင် ကင်းကောင်ကို မေတ္တာသင်္ဂဟအဖွဲ့က အလှူ ငွေသွားရောက် ပေးအပ်

minttar

မေတ္တာသင်္ဂဟအဖွဲ့က ရန်ကုန်ဆေးရုံကြီးရှိ ရင်ခေါင်းနှင့် အဆုတ်ခုတင် ၅ဝဝ ဆေးရုံအရေးပေါ်ဌာန မှာ ရင်ခေါင်းခွဲစိတ်မှုခံယူထားတဲ့ ဟာသသရုပ်ဆောင်ဦးကင်းကောင် ကို အလှူငွေ ၁၁သိန်း ၁သောင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ အလှူငွေကို ကိုယ်တိုင်ကိုယ်ကျသွား ရောက်လှူဒါန်းခဲ့ပြီး ဦးကင်းကောင်ကို အားပေးစကားများပြောကြားခဲ့တဲ့ ခိုင်သင်းကြည်က

” အစ်မတို့ မေတ္တာသင်္ဂဟအဖွဲ့က ဒီလိုမျိုး ကျန်းမာရေးရော၊ ကုသိုလ်ရေးရော၊ ကိုယ်တတ်နိုင်သလောက်လေးနဲ့ အလှူလုပ်ကြတာ ပါ။ ကိုကင်းဆိုတာလည်း အစ်မနဲ့ ညီအစ်ကိုမောင်နှမလိုဖြစ်နေတော့ သူစဖြစ်ကတည်းက အစ်မတို့လာဖို့ တစ်ယောက်နဲ့တစ်ယောက်ချိန်းနေ ကြတာနဲ့ မရောက်ဖြစ်ခဲ့ဘူး။ အဲဒါနဲ့ ဒီနေ့မှ သွားရောက်လှူဒါန်းခဲ့တယ်” လို့ ပြောပါတယ်။ ဆက်လက်ပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ တဲ့ထွန်းအိâန္ဒာဗိုကလည်း..

” ကိုယ့်အနုပညာလောကမောင် နှမဆေးရုံတက်တယ်ဆိုတာ မဖြစ်စေချင်ဘူး။ အခုကိုကင်းအနေအထား အားလုံးကြည့်လိုက်တော့ အကုန် ကောင်းသွားပြီ။ လုံးဝ ကျန်းမာတဲ့ သူတစ်ယောက်ဖြစ်သွားတယ်ဆို တော့ ဝမ်းသာစရာကောင်းပါတယ်” လို့ ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*