Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာဆိုတဲ့ဂုဏ်ကို ရအောင်ယှဉ်ပြိုင်သွားမယ့် Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း

Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာဆိုတဲ့ဂုဏ်ကို ရအောင်ယှဉ်ပြိုင်သွားမယ့် Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း
December 15, 2016 Asian Fame
Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာဆိုတဲ့ဂုဏ်ကို ရအောင်ယှဉ်ပြိုင်သွားမယ့် Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း

htethtethtun-copy

Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်းက ၂ဝ၁၇ ခုနှစ်၊ ဇန် နဝါရီလ ၃ဝ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် Miss Universe 2016  ကမ္ဘာ့အဆင့်မြင့် အလှမယ်ပြိုင်ပွဲကြီးကို သွားရောက် ယှဉ်ပြိုင်ရတော့မှာဖြစ် ပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင် ထားရှိမှုများနဲ့ ပတ်သက်ပြီး အလှ မယ်ထက်ထက်ထွန်းက..

“ဇန်နဝါရီလ ၁၂ ရက်၊ ၁၃ ရက်နေ့လောက်ကို ဖိလစ်ပိုင်ကို အရောက်သွားရမယ်။ Final Night  ကတော့ ၃ဝ ရက်နေ့ပါ။ ဒီပြိုင်ပွဲ အတွက် ပြင်ဆင်ထားတာတွေကတော့ အစုံပါပဲ။Miss Universe Myanmar 2016  ပြိုင်ပွဲပြီးကတည်းက ပြင်ဆင်လေ့လာနေခဲ့တာပါ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေ တာ ကြာနေပြီဆိုပေမယ့်လည်း အဆင်သင့် ဖြစ်နေပြီရယ်လို့ မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုေ တာ့ လေ့လာစရာတွေက မကုန်နိုင်ဘူး။များတယ်လေ။ အဲဒီအတွက် ကိုယ့် လေ့လာမှုတွေအတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားမရပါဘူး။ အခုက အနီးကပ် ဖြစ်နေပြီဆိုတော့ ပိုပြီးဂရုစိုက်နေရပါတယ်။ Body Train  တာဆိုရင် တောက်လျှောက် လုပ်နေရတယ်။ အခုဆိုရင် Dress တွေ စချုပ်နေပြီ။ Activity  တွေမှာဝတ်ဖို့ Dress   အစုံ ၃ဝ ကိုလည်း ဒီဇိုင်နာက အားချင်းချုပ်ပေးနေရတယ်။ ပြိုင်ပွဲမှာ ညီမက ရုပ်သေးအကကို ကပြပေးသွားမှာပါ။ ပြိုင်ပွဲမှာ မြန်မာ ဆိုတာ မျက်နှာမငယ်ရအောင်၊ မြန်မာဆိုတဲ့ဂုဏ်ကိုရအောင် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ဖိလစ်ပိုင်မှာ သွားပြိုင်ရမှာဖြစ်တဲ့အတွက်လည်း ဖိလစ်ပိုင်နိုင်ငံရဲ့ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေကို လည်း လေ့လာထား ပါတယ်” လို့ ပြောပြခဲ့ပါတယ်။Miss Universe 2017  ပြိုင်ပွဲအပေါ် မျှော်လင့်ချက်နဲ့ ပြိုင်ပွဲမှာ လေ့လာရမယ့် အကြောင်းအရာ များကို လည်း အလှမယ် ထက်ထက်ထွန်းက..

“ပြိုင်ပွဲအတွက်ကို ညီမ ကိုယ့် ကိုယ်ကိုယ် မျှော်လင့်တာထက် ညီမ ကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေ၊ ဒီပွဲမှာ ညီမ ဆုတစ်ခုခုယူ လာနိုင်မယ် လို့ထင်ကြတဲ့ ပရိသတ်တွေအတွက် သူတို့မျှော်လင့်နေကြတဲ့အတိုင်းလည်း အကောင်းဆုံးဖြစ်လာအောင် ညီမလည်း ကြိုးစားသွားပါမယ်။ သူတို့ မျှော်လင့် ချက်ကလေးကို ညီမ ဖြည့်ဆည်းပေးချင်တယ်။ ညီမကိုယ် ညီမဆိုရင်တော့Winner  ဆုကြီးရဖို့အ ထိကို မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ နိုင်ငံ ပေါင်း မြောက်မြားစွာရဲ့ ဓလေ့၊ ယဉ်ကျေးမှုတွေနဲ့ Missလောကနဲ့ ပတ်သက်ပြီး   တော့လည်း နိုင်ငံတကာစင်မြင့်ထက်ရဲ့ အတွေ့အကြုံတွေယူပြီးသားဖြစ်မယ်။ ညီမက ပြည်တွင်းအတွေ့အကြုံတွေသာ ရှိတာပါ။ ဒီတော့ နိုင်ငံ တကာရဲ့စင်မြင့် ထက်က အတွေ့အကြုံတွေကို လေ့လာသင်ယူခဲ့ပြီး ဒီကညီမလေးတွေကို ဝေမျှသွား ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဒီ Miss Universe 2016 ပြိုင်ပွဲဟာ ဆိုရင် ၆၅ ကြိမ်မြောက်ကျင်းပ တဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာ နိုင်ငံအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ တာ ၃ ကြိမ်မြောက်ရှိခဲ့ပါပြီ။ ၂ဝ၁၄ ခုနှစ်ကMiss Universe Myanmar 2014  အလှမယ် မိုးစက်ဝိုင်၊ ၂ဝ၁၅ ခုနှစ်ကMiss
Universe Myanmar 2015  အလှမယ် သျှားထွဋ်အိန္ဒြာတို့က ဝင်ရောက်ယှဉ် ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဇင်မာနွယ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*